China
တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းမှု အရှိန်မြင့် တိုးတက်လာရခြင်း၏ “သုံးထပ်ကွမ်း တွန်းအား”
ပေကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
နယ်စပ်ဖြတ်ကျော် အသုံးပြုသည့်ပမာဏ တည်ငြိမ်စွာ တိုးတက်လာခြင်း၊ ငွေချေးစာချုပ် ရင်းနှီးမြှုပ်နှံမှုကို နှစ်သက်လာခြင်း၊ တရုတ်ပြည်မကြီးပြင်ပ တရုတ်ယွမ်ငွေ (CNH) ဈေးကွက် စဉ်ဆက်မပြတ် မြင့်တက်လာခြင်း စသည်တို့နှင့်အတူ ယခုနှစ်တွင် တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းမှုက တက်ကြွဖွယ်တိုးတက်မှုများ စဉ်ဆက်မပြတ် ရရှိခဲ့သလို ပြည်ပ၏ ကျယ်ကျယ်ပြန့်ပြန့် အလေးထားမှုနှင့် အပြုသဘောသုံးသပ်မှုများ ရရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) က တရုတ်ယွမ်ကို ၎င်း၏ စာရင်းရှင်းတမ်းပြုစနစ်ရှိ ငွေပေးချေမှု ငွေကြေးစာရင်းတွင် ထည့်သွင်းပြီး ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းကုမ္ပဏီနှင့် လေကြောင်းထောက်ပံ့ပို့ဆောင်သူများအား တရုတ်ယွမ်ငွေဖြင့် ငွေပေးချေနိုင်ရန် ခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာလဆန်းပိုင်းတွင် ကြေညာခဲ့သည်။
ယခုနှစ် နှစ်လယ်ပိုင်း၌ အီဂျစ်က တရုတ်ကုမ္ပဏီလုပ်ငန်းများကို တရုတ်ယွမ်ငွေဖြင့် အီဂျစ်တွင် ကုမ္ပဏီမှတ်ပုံတင်ထူထောင်ရန် ခွင့်ပြုကြောင်း ကြေညာခဲ့သည်။
တရုတ်ယွမ်ငွေသည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုခွင့်ရရှိလျက်ရှိသည်။
တရုတ်ပြည်သူ့ဘဏ် (PBC) ၏ နောက်ဆုံးထုတ်ပြန်သည့် “တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းမှုဆိုင်ရာ အစီရင်ခံစာ (၂၀၂၅)” အရ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဘဏ်မှ ဘဏ်အသုံးပြုသူများကိုယ်စား နယ်စပ်ဖြတ်ကျော် ငွေလက်ခံရရှိမှုနှင့် ငွေပေးချေမှုပမာဏ စုစုပေါင်း ယွမ် ၃၄.၉ ထရီလီယံရှိရာ ယမန်နှစ်ကာလတူထက် ၁၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။ တရုတ်ယွမ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကုန်သွယ်မှု ဘဏ္ဍာရေးငွေကြေးဖြစ်လာပြီ ဖြစ်ပြီး အပြည့်အဝတွက်ချက်မှုများအရ တရုတ်ယွမ်သည် ကမ္ဘာ့ တတိယအကြီးဆုံး ငွေပေးချေမှု ငွေကြေး ဖြစ်ကြောင်း သိရသည်။
တစ်ချိန်တည်းတွင်ပင် ယွမ်ငွေချေးစာချုပ်ဖြင့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတကာဈေးကွက်၏ နှစ်သက်မှုကို ရရှိထားသည်။ ယခုနှစ် ဧပြီလတွင် တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ပထမအသုတ် တရုတ်ယွမ်ငွေ ၆ ဘီလီယံရှိ အစိုးရပိုင် အစိမ်းရောင်ငွေချေးစာချုပ်များကို ထုတ်ပြန်ခဲ့ရာ ဝယ်ယူရန် စာရင်းပေးသွင်းမှု စုစုပေါင်းပမာဏသည် ထုတ်ပေးသည့် ပမာဏ၏ ၆.၉ ဆ ရှိသည်။ အသိအမှတ်ပြု ဝယ်ယူလိုမှု ဆတိုးမြင့်မားနေခြင်းက တရုတ်အစိုးရပိုင်ငွေချေးစာချုပ်အပေါ် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ အသိအမှတ်ပြုမှုကို သက်သေပြုလိုက်ပေသည်။ အောက်တိုဘာလတွင် Bank Of China (BOC) လန်ဒန်ဘဏ်ခွဲက ကမ္ဘာ့ပထမဆုံးဖြစ်သော စတာလင်ပေါင် (GBP) နှင့် တရုတ်ပြည်မကြီးပြင်ပ တရုတ်ယွမ် (CNH) ငွေကြေးနှစ်မျိုးလုံးဖြင့် တန်ဖိုးသတ်မှတ်သည့် အစိမ်းရောင် ငွေချေးစာချုပ်ကို ထုတ်ဝေခဲ့သည်။
Bloomberg သတင်းဝက်ဘ်ဆိုက်က မကြာမီရက်ပိုင်း၌ သတင်းထုတ်ပြန်ခဲ့ရာတွင် ဒီဇင်ဘာ လလယ်ပိုင်းအထိ ယခုနှစ် “ဒင်မ်ဆမ် ငွေချေးစာချုပ် (Dim sum Bond)” ထုတ်ဝေသည့် စုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ၈၇၀ ဘီလီယံခန့် ရှိပြီး ၂၀၂၄ ခုနှစ် စံချိန်တင်မှတ်တမ်းဖြစ်သော တစ်နှစ်ပတ်လုံး ထုတ်ဝေမှုပမာဏစုစုပေါင်းကို ကျော်လွန်ခဲ့ပြီးဖြစ်ရာ ၈ နှစ်ဆက်တိုက် တိုးတက်မှုကို ဖော်ဆောင်ခဲ့သည်။ ယင်းထုတ်ဝေမှုကို လူကြိုက်များရေပန်းစားလာခြင်းက ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွင် တရုတ်ယွမ်ငွေ ပို၍ကြိုဆိုမှုရရှိလာခြင်း၏ နောက်ဆုံးပေါ် သက်သေပင်ဖြစ်သည်။
တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းမှုက ယခုကာလများတွင် အဘယ်ကြောင့် အရှိန်မြင့်တက်လာရသနည်း။
သုံးသပ်သူအချို့က တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းမှု အရှိန်မြင့်တက်လာခြင်းတွင် “ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းအခြေခံ” က အရင်းအမြစ်ဖြစ်ခြင်း၊ “စနစ်နှင့် ဈေးကွက်ကိရိယာ” က အရှိန်မြှင့်စက်ဖြစ်ခြင်း၊ “ကမ္ဘာတစ်ဝန်း ငွေကြေးစနစ်ပြောင်းလဲမှု” က ပြင်ပ ပြတင်းပေါက်အဖြစ် ပံ့ပိုးခြင်း ဟူသော အင်အားကြီးသုံးရပ်၏ သုံးထပ်ကွမ်း ထပ်ဆင့်မှုရလဒ်ကြောင့် ဖြစ်သည်ဟု ထောက်ပြကြသည်။
ပထမအနေဖြင့် ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်း ဖွဲ့စည်းပုံသည် အောက်ခံမဏ္ဍိုင်ဖြစ်သည်။ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် တည်ရှိနေသည့်အနေအထားမှာ စဉ်ဆက်မပြတ် တည်ငြိမ်ခိုင်မာလာသလို ပြည်ပကုန်သွယ်ရေးပမာဏမှာ စဉ်ဆက်မပြတ်ကြီးထွားလာရာ တရုတ်ယွမ်ငွေဖြင့် စာရင်းရှင်းတမ်းပြုခြင်းသည် အရောင်းအဝယ်ကုန်ကျစရိတ်ကို လျှော့ချသည့် ထိရောက်သော ရွေးချယ်မှု ဖြစ်လာခဲ့သည်။
ဂျာမနီ ဖရန့်ဖွတ် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးကျောင်း ပါမောက္ခ ဟော့စ်ရိုရှယ်က တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းမှု အရှိန်မြင့်တက်လာခြင်းမှာ အဓိကအားဖြင့် ကုန်သွယ်ရေးစွမ်းရည်တွန်းအားကြောင့် ဖြစ်ကြောင်း ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးသည် တိုးတက်မှုကို ထိန်းထားကြောင်း၊ အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ကုန်သွယ်ရေးတိုးတက်မှု ဖြစ်ကြောင်း၊ ပိုမိုများပြားလာသည့် ထိုကဲ့သို့သောကုန်သွယ်ရေးလုပ်ဆောင်မှုများက တရုတ်ယွမ်ငွေဖြင့် တိုက်ရိုက် စာရင်းရှင်းတမ်းပြုလာခြင်းသည် တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းမှုအား ရှေ့သို့ တိုးတက်စေသော အဓိက တွန်းအားဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒုတိယအနေဖြင့် နှစ်ဖက်ငွေကြေးအပြန်အလှန်လဲလှယ်မှုစာချုပ် လက်မှတ်ရေးထိုးခြင်း သို့မဟုတ် သက်တမ်းထပ်တိုးခြင်းမှသည် တရုတ်ယွမ်ငွေဖြင့် စာရင်းရှင်းတမ်းပြုခြင်း အခင်းအကျင်းကို ကောင်းမွန်အောင် ဆောင်ရွက်ခြင်းအထိလည်းကောင်း၊ ထို့အပြင် တရုတ်ယွမ်ငွေဖြင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေစနစ်(CIPS)လွှမ်းခြုံမှုအတိုင်းအတာကို တိုးချဲ့သည်အထိလည်းကောင်း၊ တရုတ်ယွမ်ငွေဆိုင်ရာ ဘဏ္ဍာရေး အခြေခံအဆောက်အဦနှင့် စနစ် အစီအစဉ်များကို စဉ်ဆက်မပြတ် ကောင်းမွန်အောင် အဆင့်မြှင့်တင်လျက်ရှိရာ တရုတ်ယွမ် နိုင်ငံတကာအသွင်ပြောင်းရေး၏ အဓိကပံ့ပိုးမှု မဏ္ဍိုင်ဖြစ်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုဝင်ဘာလတွင် တရုတ်နိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC) ၏ တူကီယဲ တရုတ်ယွမ်ငွေဖြင့် စာရင်းရှင်းတမ်းပြုခြင်းဘဏ်ကို အစ္စတန်ဘူလ်မြို့တွင် ဖွင့်လှစ်ခဲ့ရာ တူကီယဲတွင် တရုတ်ယွမ်ငွေဖြင့် စာရင်းရှင်းတမ်းပြုခြင်း လုပ်ငန်းများ တရားဝင်စတင်ခြင်း၏ ပြယုဂ်ဖြစ်လာခဲ့သည်။ တူကီယဲ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အိုစမန် ချဲလခ်က တရုတ်ယွမ်ငွေဖြင့် စာရင်းရှင်းတမ်းပြုခြင်းဘဏ်သည် ကုန်သွယ်ရေးအန္တရာယ်ကို လျှော့ချပေးပြီး အရောင်းအဝယ် အရင်းအနှီးကို လျော့နည်းစေမည့် တစ်ချိန်တည်းတွင် တူကီယဲကုမ္ပဏီလုပ်ငန်းနယ်ပယ်အတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် တူကီယဲ-တရုတ် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများက အခွင့်အလမ်းသစ်များ အားမာန်အပြည့်ဖြင့် ပေါ်ထွန်းလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံအသီးသီး၏ နိုင်ငံခြားအရန်ငွေ အမျိုးအစားစုံလင်လာရာ တရုတ်ယွမ်ငွေပိုင်ဆိုင်မှုသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက အမျိုးအစားစုံလင်သောအသွင်ဖြင့် ပိုင်ဆိုင်မှုကို ခွဲဝေထားရှိရာတွင် ရွေးချယ်မှုဖြစ်လာသလို တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းမှု အရှိန်မြင့်ရှေ့သို့လှမ်းချီရန်အတွက်လည်း အခွင့်အလမ်းများ ပံ့ပိုးပေးခဲ့သည်။
Bank Of China (BOC) လန်ဒန်ဘဏ်ခွဲ သုတေသနဌာန အဆင့်မြင့် စီးပွားရေးပညာရှင် လီကျန့်လုန်က ယခုနှစ်တွင် တရုတ်ယွမ်ငွေလဲလှယ်နှုန်းက တည်ငြိမ်စွာ တိုးတက်လျက်ရှိရာရာ ပြင်ပရိုက်ခတ်မှုကို ရင်ဆိုင်ရာတွင် ကြံ့ကြံ့ခံမှုနှင့် တန်ပြန်ခံနိုင်ရည်ရှိမှုက သိသိသာသာ အားကောင်းလာကြောင်း ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
တရုတ်ယွမ်ငွေပိုင်ဆိုင်မှုသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အနာဂတ် ဆယ်စုနှစ်ကာလအတွင်း အမျိုးအစားစုံလင်စွာ ပိုင်ဆိုင်မှု ခွဲဝေထားရှိခြင်း၏ ရွေးချယ်မှုဖြစ်ကြောင်း ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း ဖိုရမ် (OMFIF) ၂၀၂၅ ခုနှစ် Global Public Investor စစ်တမ်းကောက်ယူချက်တွင် ဖော်ပြထားသည်။
ဟန်ဂေရီအမျိုးသားဘဏ် (ဗဟိုဘဏ်) အကြီးအကဲ မီဟာလီ ဗော်ဂါ့ဒ်က ဗဟုဝင်ရိုးအသွင်ပြောင်းသည့် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းတွင် ဘဏ္ဍာရေးစနစ် ပင်ကိုက ပင်မအချက်အချာ ဗဟုအသွင်ပြောင်းလျက်ရှိကြောင်း၊ တရုတ်ယွမ်ငွေ နိုင်ငံတကာအသွင်ပြောင်းခြင်းသည် ရေရှည် ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း လျစ်လျူရှု၍မရသော အဖြစ်မှန်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ္ဍာရေးစနစ်၏ ကဏ္ဍစုံလင်သောအသွင်ပြောင်းမှုမှာ စတင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ယန်ဖူအပြည်ပြည်ဆိုင်ရာ ကွန်တိန်နာဆိပ်ကမ်းအား ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ယန်ဖူအပြည်ပြည်ဆိုင်ရာ ကွန်တိန်နာဆိပ်ကမ်းမှ ကွန်တိန်နာတင်သင်္ဘောတစ်စင်း မောင်းနှင်ထွက်ခွာသွားသည်ကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
新闻分析|人民币国际化加速前进的“三重驱动”
新华社北京12月21日电 新闻分析|人民币国际化加速前进的“三重驱动” 新华社记者杜静
跨境使用规模稳步增长,债券投融资受到青睐,离岸人民币市场不断升温……今年以来,人民币国际化不断取得积极进展,受到海外广泛关注和积极评价。
国际航空运输协会11月初宣布将人民币纳入其清算系统的可结算货币名单,允许全球航空公司与航空供应商以人民币进行结算。今年年中,埃及宣布允许中国企业使用人民币在埃及注册公司。
人民币在跨境贸易投资领域正获得更广泛使用。据中国人民银行最新发布的《人民币国际化报告(2025)》,2025年上半年,银行代客人民币跨境收付金额合计为34.9万亿元,同比增长14.0%。人民币已成为全球第二大贸易融资货币;按全口径计算,人民币为全球第三大支付货币。
与此同时,人民币债券投融资受到国际市场青睐。今年4月,中国财政部在英国伦敦发行首笔60亿元人民币绿色主权债券,总申购金额是发行金额的6.9倍。高认购倍数印证了国际投资者对中国主权债券的认可。10月,中国银行伦敦分行发行全球首笔以英镑和离岸人民币双币种计价的绿色债券。
彭博新闻社网站日前报道,截至12月中旬,今年“点心债”发行总额约为8700亿元人民币,已经超过2024年创纪录的全年发行总量,连续8年实现增长。这一发行热潮是人民币在全球金融市场越来越受欢迎的最新证明。
人民币国际化近期为何提速?分析人士指出,人民币国际化提速可看作是三股力量的叠加结果——“贸易与产业基础”是根本,“制度与市场工具”是加速器,“全球货币体系变化”则提供了外部窗口。
首先,贸易与产业结构是底层支撑。中国在全球供应链中的地位持续稳固,外贸规模不断扩大,使用人民币结算成为降低交易成本的有效选择。
德国法兰克福金融管理学院教授霍斯特·勒歇尔接受新华社记者采访时说,人民币国际化加速主要由贸易功能驱动。中国外贸保持增长,特别是与全球南方国家的贸易增长。越来越多此类贸易直接通过人民币结算,是人民币国际化向前发展的重要动力。
其次,从签署或续签双边本币互换协议,到优化人民币清算行布局,再到人民币跨境支付系统(CIPS)拓展覆盖范围,人民币相关金融基础设施与制度安排不断优化,成为人民币国际化的重要支撑。
11月,中国工商银行土耳其人民币清算行在伊斯坦布尔开业运营,标志着土耳其人民币清算行业务正式启动。土耳其财政部副部长奥斯曼·切利克表示,人民币清算行将在降低贸易风险、减少交易成本的同时,为土耳其企业界创造新的商业机遇。未来,土中贸易、投资及长期融资合作都将涌现新的机会。
此外,各国外汇储备多元化,人民币资产成为国际投资者进行多元化资产配置的选择,也为人民币国际化加速前行提供了契机。
中国银行伦敦分行研究部高级经济学家李振龙对新华社记者说,今年以来人民币汇率稳中有升,应对外部冲击的韧性和弹性显著增强。货币金融机构官方论坛2025年全球公共投资者调查显示,人民币资产是国际投资者未来十年进行多元化资产配置的选择。
匈牙利国家银行(央行)行长沃尔高·米哈伊表示,在多极化的世界经济格局中,金融体系本身正在走向多中心化。人民币国际化是一个长期过程,但一个不容忽视的现实是,全球金融体系的多元化已然开始。(完)
1. 日本籍渔船在海南省万宁市附近海域装运章雄鱼苗(5月15日摄,无人机照片)。新华社记者 杨冠宇 摄
2. 这是5月28日拍摄的海南洋浦国际集装箱码头。新华社记者 金皓原 摄
3. 一艘集装箱货轮驶离海南洋浦国际集装箱码头(5月28日摄,无人机照片)。新华社记者 杨冠宇 摄
