Connect with us

China

ဟဲနန်ပြည်နယ် ဆန်းမန်ရှာမြို့ရှိ “ဆန်ကျိုး တိခန်းယွမ့်” လူနေအိမ်အား သွားရောက်လေ့လာခြင်း

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဆန်းမန်ရှာမြို့ ဆန်ကျိုးခရိုင် ကျန်းပြန့်ကျေးရွာစု ပေရင်ရွာ တိခန်းယွမ့် လူနေအိမ်များ၌ လေ့လာကြည့်ရှုနေသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းမန်ရှာ (ဟဲနန်)၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဆန်းမန်ရှာမြို့က ဆန်ကျိုးခရိုင် တိခန်းယွမ့် လူနေအိမ်များအပေါ် ပြင်ဆင်တည်ဆောက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သည်။ တိခန်းယွမ့် လူနေအိမ်၏ အဓိကလည်ပတ်ရာနေရာကို အားကိုး၍ ရိုးရာဓလေ့ဥယျာဉ်၊ သွားရည်စာ ရသာမွန်စားဖွယ်စုံလမ်း၊ ရှေးဟောင်းလမ်း ပိုင်ယိဥယျာဉ် စသည့် တစ်မူထူးခြားသော ထူးခြားချက်များရှိသည့် ကျေးလက်ခရီးသွားလည်ပတ်ရန်နေရာများ တည်ဆောက်ထားရာ လာရောက်လည်ပတ်ရန် ခရီးသွားဧည့်သည် အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

ဆန်ကျိုး တိခန်းယွမ့်လူနေအိမ်ကို “မြေအောက် စွတ်ဟယ်ယွမ့် လူနေအိမ်” ဟုလည်းခေါ်ဆိုပြီး ဟဲနန်ပြည်နယ် အနောက်ပိုင်း တောင်တန်းဒေသတွင် “မြေပြန့်၌ တွင်းတူး၍ လေးဖက်လေးလံတွင် မီးဖိုခန်းကဲ့သို့ လူနေအခန်းများ တူးဖော်ထားခြင်း” ဟူသည့် တစ်မူထူးခြားသော နေထိုင်မှုပုံစံဖြစ်သည်။ ၎င်းကို လူသားမျိုးနွယ် လိုဏ်ဂူအတွင်းနေထိုင်မှုယဉ်ကျေးမှု၏ သက်ရှိရုပ်ကြွင်းဟု တင်စားခေါ်ဝေါ်ကြပြီး ယနေ့တိုင် နှစ်ပေါင်း ၄,၀၀၀ ကျော် သမိုင်းရှိပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် “တိခန်းယွမ့် လူနေအိမ် ဆောက်လုပ်ရေးလက်မှုပညာ” သည် တရုတ်နိုင်ငံ၏ တတိယအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဆန်းမန်ရှာမြို့ ဆန်ကျိုးခရိုင် ကျန်းပြန့်ကျေးရွာစု ပေရင်ရွာ တိခန်းယွမ့် လူနေအိမ် တည်းခိုခန်းအတွင်း၌ ဖျော်ဖြေတင်ဆက်နေသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဆန်းမန်ရှာမြို့ ဆန်ကျိုးခရိုင် ကျန်းပြန့်ကျေးရွာစု ပေရင်ရွာ တိခန်းယွမ့် လူနေအိမ် ရှုခင်းသာအတွင်း၌ လည်ပတ်နေသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
探访河南三门峡“陕州地坑院”
新华社照片,三门峡(河南),2025年12月22日
近年来,河南省三门峡市持续对陕州区地坑院进行修复性建设,依托地坑院核心游览区域设置了民俗园、小吃街百味巷、古街百艺苑等多处独具特色的乡村旅游点,吸引众多游客前来观赏。
陕州地坑院又称“地下四合院”,是豫西山区一种“平地挖坑,四壁凿窑”的独特民居形式,被称为人类穴居文明的活化石,距今已有4000多年历史。2011年,“地坑院营造技艺”入选第三批国家级非物质文化遗产名录。
1、12月21日,游客在河南省三门峡市陕州区张汴乡北营村地坑院参观(无人机照片)。 新华社发(徐宏星摄)
2、12月21日,演员在河南省三门峡市陕州区张汴乡北营村地坑院民宿内表演。新华社发(高建中摄)
3、12月21日,游客在河南省三门峡市陕州区张汴乡北营村地坑院景区内游览。新华社发(李恒摄)