China
ကျောက်ရှင်း တုန့်လူမျိုးကျေးရွာက လူမျိုးစုထူးခြားချက်များဖြင့် ရှေးကျရိုးစင်းသလို ခေတ်မီနေ
လီဖိန် (ကွေ့ကျိုး)၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တစ်နှစ်တစ်ကြိမ် တုန့်လူမျိုးနှစ်သစ်ကူးပွဲတော် ကျရောက်လာသည်နှင့်အမျှ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် အရှေ့တောင်ပိုင်း တောင်တန်းဒေသရှိ လီဖိန်ခရိုင် ကျောက်ရှင်း တုန့်လူမျိုးကျေးရွာတွင် တရုတ်နိုင်ငံ အရပ်လေးမျက်နှာမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေလျက်ရှိရာ ရှေးကျရိုးစင်းသော တောနက်တောင်နက်ဒေသရှိ တုန့်လူမျိုးကျေးရွာသည် ပိုမိုစည်ကားလာနေသည်။
လတ်တလောနှစ်ပိုင်းတွင် ကျောက်ရှင်း တုန့်လူမျိုးကျေးရွာသည် ရှုခင်းသာအားသာချက်ကို အားကိုး၍ တုန့်လူမျိုး သီချင်းကြီးဖျော်ဖြေရေးအဖွဲ့ ထူထောင်ပြီး ယဉ်ကျေးမှုဖျော်ဖြေတင်ဆက်ရေး၊ မီးပုံပွဲတော် စသည့် အခမ်းအနားများ ကျင်းပခဲ့သည်။ ဆိုင်ခန်းနေရာများ ငှားရမ်းခြင်း၊ ယဉ်ကျေးမှုအနုပညာ ဖျော်ဖြေတင်ဆက်ခြင်း၊ စားသောက်ဆိုင် ဖွင့်လှစ်လည်ပတ်ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ကျေးရွာအုပ်စုစီးပွားရေးကို အဆက်မပြတ် အင်အားတောင့်တင်းလာစေခဲ့သည်။
လက်ရှိတွင် ကျောက်ရှင်း တုန့်လူမျိုးကျေးရွာ၌ ရိုးရာလက်မှုအနုပညာလုပ်ငန်းကုမ္ပဏီပေါင်း ၆၀ ကျော် ပျိုးထောင်ပေးခဲ့ပြီး ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်ပေါင်း ၄၀၀ ကျော်ဖွင့်လှစ်ခဲ့ကာ ရွာသူ၊ ရွာသားပေါင်း ၂,၀၀၀ ကျော် လုပ်ငန်းခွင်ဝင်၍ လုပ်ငန်းစတင်ခဲ့ကြသည်။
တစ်ချိန်တည်းတွင် ဒေသတွင်း၌ ယဉ်ကျေးမှုခရီးသွားလာရေး အရင်းအမြစ်များ စုစည်းထားပြီး လူမျိုးစုပွဲတော်အခမ်းအနားများ အတူဆင်နွှဲပေါင်းစပ်ပါဝင်ရေး လှုပ်ရှားမှုကို အင်တိုက်အားတိုက် ဖော်ဆောင်ခဲ့သည်။ “တုန့်လူမျိုးနှစ်သစ်ကူးပွဲတော်” ၊ “သီးနှံတိုးမိုးရာသီ (ကူယွီပွဲတော်)” ၊ “ကျေးလက်သီချင်း” ပြိုင်ပွဲ စသည့် လှုပ်ရှားမှု အခမ်းအနားများစွာကို ကျင်းပခြင်းဖြင့် ထူးခြားချက်ရှိသော ယဉ်ကျေးမှု ခရီးသွားလာရေး အစီအစဉ်များကို ဖန်တီးကာ ကျေးလက်ခရီးသွားလာမှု ယဉ်ကျေးမှုဂေဟအခြေအနေကို ပြည့်ဝအောင် ဖော်ဆောင်ခဲ့သည်။ ထိုသို့အားဖြင့် ယဉ်ကျေးမှုခရီးသွားလာရေး ပေါင်းစပ်ဖွံ့ဖြိုးမှုအတွင်း တိုင်းရင်းသားလူမျိုးစု အသီးသီး ကူးလူးဖလှယ်ပေါင်းစည်းမှုကို မြှင့်တင်ကာ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှင်သန်စွမ်းအားအသစ်များ ဖြည့်တင်းပေးလိုက်သည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လီဖိန်ခရိုင် ကျောက်ရှင်း တုန့်လူမျိုးကျေးရွာ၌ တုန့်လူမျိုးသွေးချင်းများနှင့် ဧည့်သည်တော်များက တုန့်လူမျိုးနှစ်သစ်ကူးပွဲတော် အခမ်းအနားအတွင်း စားပွဲရှည်စားပွဲအား အတူပါဝင်စားသုံးနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)





——————-
(Chinese Version)
文化中国行丨肇兴侗寨:民族的特色 古朴且时尚
新华社照片,黎平(贵州),2025年12月22日
随着一年一度侗年的到来,位于贵州东南部山区的黎平县肇兴侗寨迎来了天南海北的游客,古朴的深山侗寨愈显热闹起来。
近年来,肇兴侗寨依托景区优势,发展侗族大歌表演队,开展文化展演、篝火晚会等活动,通过摊点出租、文艺表演、餐饮经营等多种途径,不断壮大村集体经济。目前,肇兴侗寨已培育传统手工艺企业60多家,发展酒店、民宿、餐饮饭店400余家,带动村民就业创业2000余人。
同时,当地聚焦文旅资源,大力实施民族节日共庆交融行动,通过举办“侗年”“谷雨节”“村歌”大赛等系列活动,打造特色文旅项目,丰富乡村旅游文化业态,在文旅融合发展中促进各民族交往交流交融,为乡村振兴注入新活力。
1、村民在贵州省黎平县肇兴侗寨售卖文创产品(12月20日摄)。 新华社记者 杨文斌 摄
2、在贵州省黎平县肇兴侗寨,侗族同胞与来宾在侗年活动中共享长桌宴(12月20日摄)。新华社记者 杨文斌 摄
3、贵州省黎平县肇兴侗寨的村民在给游客献花带(12月19日摄)。新华社记者 杨文斌 摄
