China
ရေပေါ် အရေးပေါ်ကိစ္စရပ် ကိုင်တွယ်စီမံရေး တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ ပူးတွဲလေ့ကျင့်မှု ပြုလုပ်
ကူမင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှု တရားဥပဒေစိုးမိုးရေး လေးနိုင်ငံသက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများက ဒီဇင်ဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံနယ်နိမိတ်အတွင်းရှိ လန်ချန်းမြစ် ကျင်ဟားရေပြင်၌ “စောင့်ရှောက်ရေး-၂၀၂၅” တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ ရေပေါ် အရေးပေါ်ကိစ္စရပ် ကိုင်တွယ်စီမံရေး ပူးတွဲလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။
အဆိုပါလေ့ကျင့်မှုသည် နယ်စပ်ဖြတ်ကျော် ပြစ်မှုတိုက်ဖျက်ရေးကို နောက်ခံထားခြင်းဖြစ်ပြီး တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက သဲလွန်စရရှိပြီးနောက် အရေးပေါ်ကိစ္စရပ်များ စီမံဖြေရှင်းမှု ကြိုတင်အစီအမံကို ချက်ချင်းစတင်ကာ ရေပေါ်စစ်ဆေးဖမ်းဆီးမှု စသည့် လှုပ်ရှားမှုများကို ပူးတွဲပြုလုပ်ခဲ့ရာ ရေပေါ်လိုက်လံကြားဖြတ်ဟန့်တားခြင်း၊ အမှုနှင့််ဆက်စပ်သည့် ရေအောက် ပစ္စည်းများအား ဆယ်ယူခြင်း စသည့် စုစုပေါင်း အစီအစဉ် ၈ ခု ပါရှိသည်။
ယခုအကြိမ်လေ့ကျင့်မှုသည် တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများ၏ လန်ချန်း-မဲခေါင်မြစ် ရေပေါ် အရေးပေါ်ကိစ္စရပ်များ ပူးတွဲကိုင်တွယ်စီမံရေးကို ဘက်စုံ စစ်ဆေးစမ်းသပ်ခဲ့ခြင်း ဖြစ်သလို လန်ချန်း-မဲခေါင် မြစ်ဝှမ်း လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းသော လျှပ်တစ်ပြက်တုံ့ပြန်မှု၊ အရေးပေါ်ကိစ္စရပ် ကိုင်တွယ်စီမံမှုနှင့် ပူးတွဲကွပ်ကဲမှု၊ စစ်ဆင်ရေး ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှု ဟူသော စွမ်းရည်များကို စမ်းသပ်လိုက်ခြင်း ဖြစ်သည်။
တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံက ယခုအကြိမ်လေ့ကျင့်မှုတွင် ပါဝင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင် ၁၂၁ ဦး၊ တရားဥပဒေစိုးမိုးရေး ရေယာဉ် ၁၀ စင်း စေလွှတ်ခဲ့သည်။ အဆိုပါလေ့ကျင့်ရေးကာလတွင် လေးနိုင်ငံ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဖလှယ်ခြင်း ၁၄ နှစ်ပြည့် ရလဒ်ပြပွဲနှင့် တရားဥပဒေစိုးမိုးရေး ပစ္စည်းကိရိယာပြပွဲကိုလည်း ကျင်းပခဲ့သည်။
တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများသည် ၂၀၁၇ ခုနှစ်တွင် “စောင့်ရှောက်ရေး” ပူးတွဲလေ့ကျင့်မှုများ စတင်သည့်အချိန်မှစ၍ မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်ပြစ်မှုတိုက်ဖျက်ရေး၊ အရေးပေါ်ကိစ္စရပ်များ ကိုင်တွယ်စီမံရေး စသည့် ခေါင်းစဉ်များဖြင့် ပူးတွဲလေ့ကျင့်မှု ၉ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
中老缅泰四国举行联合处置水上突发事件演练
新华社昆明12月25日电(记者浦超)据云南省公安厅水上巡逻总队消息,中老缅泰湄公河联合巡逻执法四国有关执法部门25日在中国境内的澜沧江景哈水域开展“守望—2025”中老缅泰四国处置水上突发事件联合演练。
演练以打击跨境违法犯罪为背景,中老缅泰四国执法部门在接到线索后,立即启动处置突发事件预案,联合开展水上查缉等行动,共设置了水上机动拦截、水下涉案物品打捞等8个科目。
此次演练,全面检验了中老缅泰四国有关执法部门在联合应对处置澜沧江—湄公河江上突发事件,维护澜湄流域安全的快速反应、应急处置及联合指挥、协同作战的能力。
中老缅泰四国共派出执法队员121人、执法艇10艘参加此次演练。演练期间还举行了四国执法合作交流14周年成果展和执法装备展。
据悉,中老缅泰四国有关执法部门自2017年启动“守望”系列联合演练以来,已成功开展以禁毒、反恐、打击跨境犯罪、处置突发事件等为主题的联合演练9次。(完)
1. 12月5日,中方53107艇正在缓缓靠泊景哈警务码头。(云南省公安厅水上巡逻总队供图)
