Connect with us

China

မြန်မာနိုင်ငံ မြဝတီဒေသရှိ လောင်းကစားနှင့် လိမ်လည်မှုဇုန် ရှင်းလင်းရေးလှုပ်ရှားမှုများ တရုတ်-မြန်မာ-ထိုင်း ပူးတွဲလုပ်ဆောင်

မြန်မာနိုင်ငံ မြဝတီမြို့ရှိ ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၂၀၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်ပြည်သူ့လုံခြုံရေးဌာနက ထိန်းသိမ်းခေါ်ဆောင်ခဲ့သည်ကို တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ လုခိုအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက လုပ်ငန်းအဖွဲ့စေလွှတ်ကာ မြန်မာ၊ ထိုင်း တရားဥပဒေစိုးမိုးရေးဌာများနှင့်အတူ မြန်မာနိုင်ငံ မြဝတီဒေသတွင် လောင်းကစားနှင့် လိမ်လည်မှုဇုန် စုစည်းရှင်းလင်းရေးလှုပ်ရှားမှု အသစ်တစ်ကြိမ်ကို ပူးတွဲလုပ်ဆောင်ခဲ့ရာ ဆက်သွယ်ရေးလိမ်လည်မှုနှင့်သက်ဆိုင်သော တရုတ်နိုင်ငံသားပြစ်မှုသံသယရှိသူ ၉၂၅ ဦးအား တရုတ်နိုင်ငံသို့ ထိန်းသိမ်းခေါ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၅ ရက်တွင် သိရသည်။

မြန်မာနိုင်ငံ မြဝတီဒေသ လောင်းကစားနှင့် လိမ်လည်မှုဇုန်များရှိ ရာဇဝတ်ဂိုဏ်းများက တရုတ်နိုင်ငံသားများအပေါ် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုကျူးလွန်မှုများ ကာလကြာရှည်စွာ အကြီးအကျယ်လုပ်ဆောင်ခဲ့ရာ ထိခိုက်မှုအန္တရာယ်များ အလွန် ပြင်းထန်ခဲ့သည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံသည် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးအဆင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို ထူထောင်ပြီး တိုက်ဖျက်ရေးလှုပ်ရှားမှုများ အကြိမ်များစွာ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံဘက်က တရုတ်-မြန်မာ-ထိုင်း အစောပိုင်းကာလတွင် ရရှိထားသည့် သဘောတူညီချက်များအရ မြဝတီ စသည့် နေရာများတွင် တိုက်ဖျက်ရှင်းလင်းရေးလှုပ်ရှားမှု အသစ်တစ်ကြိမ် စီစဉ်ဆောင်ရွက်ခဲ့ရာ ပြစ်မှုသံသယရှိသူများကို တစ်စုတစ်စည်းတည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လောင်းကစားနှင့် လိမ်လည်မှုဇုန်များကို အင်အားသုံး ဖြိုဖျက်ခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်တွင် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ရဲတပ်ဖွဲ့များ ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် မြဝတီဒေသ KK Park ၊ ရထိုက်မြို့သစ် စသည့် အကြီးစား လောင်းကစား လိမ်လည်မှုဇုန်များနှင့် ဆက်စပ်နေရာများကို သွားရောက်ကာ ရှင်းလင်းရေးလုပ်ငန်း ဖြစ်မြောက်မှုရလဒ်များကို ပူးတွဲကြီးကြပ်ပြီး နောက်ဆက်တွဲ စုစည်းရှင်းလင်းမှု၊ ပူးတွဲစီမံထိန်းချုပ်မှု၊ နေရပ်သို့ လျင်မြန်စွာ ပြန်လည်ထိန်းသိမ်းပို့ဆောင်မှု စသည့်လုပ်ငန်းများကို လေ့လာခဲ့ကြသည်။
ဒီဇင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိတွင် ကျီလျင်၊ ဟဲနန် ပြည်သူ့လုံခြုံရေးဌာနများက ရှင်းလင်းရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးထားသည့် ပြစ်မှုသံသယရှိသူများအား ပြန်လည်ထိန်းသိမ်းခေါ်ဆောင်ရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စီစဉ်ခဲ့သည်။

တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ယခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ ပြန်လည်ထိန်းသိမ်းခေါ်ဆောင်လာသော မြန်မာနိုင်ငံ မြဝတီဒေသ၌ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သည့် တရုတ်နိုင်ငံသား ပြစ်မှုသံသယရှိသူ စုစုပေါင်း ၇,၆၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ KK Park အတွင်း လောင်းကစား၊ လိမ်လည်မှုများနှင့် စပ်လျဉ်းသည့် အဆောက်အဦ ၄၉၄ ခု ဖြိုဖျက်ပြီးဖြစ်သလို ရထိုက်မြို့သစ် လောင်းကစားနှင့် လိမ်လည်မှုဇုန်သည်လည်း အပြည့်အဝ ရှင်းလင်းခံခဲ့ရသည်။

ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုသည် နိုင်ငံတကာအသိုက်အဝန်းက အတူတကွ ရင်ဆိုင်နေရသည့် တိုက်ဖျက်ရေးစီမံမှု အခက်တွေ့နေသောပုစ္ဆာဖြစ်သည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သက်ဆိုင်ရာတာဝန်ခံက ဆိုသည်။ နောက်ခြေလှမ်းတစ်ရပ်အနေဖြင့် ပြည်သူ့လုံခြုံရေးဌာနများက ပို၍ကြီးမားသော သန္နိဋ္ဌာန်နှင့် အင်အားဖြင့် ပိုမိုများပြားသော နိုင်ငံများ၏ တရားဥပဒေစိုးမိုးရေးဌာနများနှင့်လက်တွဲကာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်မြှင့်တင်ရန်၊ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများကို အတူတကွ ပြင်းပြင်းထန်ထန်တိုက်ဖျက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ခိုင်ခိုင်မာမာ ကာကွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ မြဝတီ “ရထိုက်မြို့သစ်” ပြစ်မှုကျူးလွန်သည့် ရာဇဝတ်ဂိုဏ်း အဓိကတရားခံ ရှဲကျစ်ကျန်းအား ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းခေါ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Ministry of Public Security of The People’s Republic of China)

—————–
(Chinese Version)
中缅泰联合开展清剿缅甸妙瓦底地区赌诈园区行动
新华社北京12月25日电(记者熊丰)记者12月25日从公安部获悉,近日,公安部派出工作组会同缅甸、泰国执法部门在缅甸妙瓦底地区,联合开展新一轮赌诈园区集中清剿行动,952名中国籍涉电诈犯罪嫌疑人被押解回国。
长期以来,缅甸妙瓦底赌诈园区的犯罪集团对我国公民大肆实施电信网络诈骗等犯罪活动,危害十分严重。今年年初,中缅泰建立联合打击电信网络诈骗犯罪部级协调机制,持续开展了多轮打击行动。10月以来,缅方根据中缅泰前期达成的系列共识,在妙瓦底等地组织开展新一轮打击清剿行动,集中抓捕犯罪嫌疑人,强力拆除赌诈园区。12月15日,中缅泰三国警方组成工作组,首次共赴妙瓦底地区KK、亚太新城等大型赌诈园区和相关场所,联合督导打击清剿工作成效,研究后续集中清剿、联合管控、快速遣返等工作。12月16日至19日,公安部组织吉林、河南公安机关将清剿行动中抓获的犯罪嫌疑人押解回国。
在中缅泰三方共同努力下,今年以来,累计已有7600余名在缅甸妙瓦底地区从事网赌电诈犯罪的中国籍犯罪嫌疑人被押解回国。KK园区494栋涉及赌诈犯罪的建筑物已被拆除,亚太新城赌诈园区也被彻底清剿。
公安部有关负责人表示,电信网络诈骗犯罪是国际社会共同面对的打击治理难题。下一步,公安机关将以更大的决心和力度,与更多国家执法部门携手,持续强化国际执法合作,共同严厉打击电信网络诈骗犯罪,切实维护人民群众生命财产安全。(完)
1. 2月20日,随着中国民航包机降落在江苏南京禄口国际机场,缅甸妙瓦底地区的200名中国籍涉诈犯罪嫌疑人,经泰国被我公安机关押解回国。新华社记者 殷刚 摄
2. 11月12日,缅甸妙瓦底“亚太新城”赌诈犯罪集团主犯佘智江被成功从泰国引渡回国。(公安部供图)