China
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နိုင်ငံခြားရေးရာကော်မတီ ပြောခွင့်ရပုဂ္ဂိုလ်က အမေရိကန် “၂၀၂၆ ဘဏ္ဍာနှစ် ကာကွယ်ရေးခွင့်ပြုချက် ဥပဒေမူကြမ်း” ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် အပြုသဘောမဆောင်သော အကြောင်းအရာများနှင့်စပ်လျဉ်း၍ ထုတ်ပြန်
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် “၂၀၂၆ ဘဏ္ဍာနှစ် ကာကွယ်ရေးခွင့်ပြုချက် ဥပဒေမူကြမ်း” ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးမှုနှင့်စပ်လျဉ်း၍ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နိုင်ငံခြားရေးရာကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် ရွှီတုန်းက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အကြောင်းအရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
လတ်တလောရက်ပိုင်းတွင် အမေရိကန်လွှတ်တော်က အတည်ပြုခဲ့သည့် “၂၀၂၆ ဘဏ္ဍာနှစ် ကာကွယ်ရေးခွင့်ပြုချက် ဥပဒေမူကြမ်း” ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းအနက် တရုတ်နိုင်ငံနှင့် စပ်လျဉ်းသည့် အပြုသဘောမဆောင်သော အကြောင်းအရာများ ပါဝင်သည်။ အဆိုပါ ဥပဒေမူကြမ်းသည် အစဉ်တစ်စိုက် တရုတ်နိုင်ငံအား တားဆီးသည့် အခြေခံအကြောင်းအရာကို ဆက်လက်ထိန်းသိမ်းထားပြီး “တရုတ်နိုင်ငံ ခြိမ်းခြောက်မှု” ကို ပုံကြီးချဲ့ကာ တရုတ်နိုင်ငံပြည်တွင်းရေးတွင် ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်၍ တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားကို ထိခိုက်နစ်နာမှုဖြစ်စေသည်။ မိမိတို့အနေဖြင့် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေနပ်မှုနှင့် အခိုင်အမာ ကန့်ကွက်ကြောင်း ပြောကြားလိုက်ပါသည်။
အမေရိကန်ဘက်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-အမေရိကန်ဆက်ဆံရေးကို ဓမ္မဓိဋ္ဌာန်ကျကျ သဘောထားလျော်ကန်စွာ ရှုမြင်ပြီး တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူ လုပ်ဆောင်ကာ တရုတ်-အမေရိကန် အကြီးအကဲများက ဘူဆန်တွေ့ဆုံဆွေးနွေးမှုအတွင်း ရရှိထားသည့် အရေးကြီးသဘောတူညီချက်များကို အတူတကွ ကောင်းမွန်စွာ အကောင်အထည်ဖော်ရန် မိမိတို့မျှော်လင့်ပါသည်။ အမေရိကန်ဘက်အနေဖြင့် သူနိုင်၊ ကိုယ်နိုင် အတွေးအခေါ်နှင့် သဘောထားအသိအမြင်အရ ဘက်လိုက်မှုကို စွန့်လွှတ်၍ အထက်ပါဥပဒေမူကြမ်းပါ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် အပြုသဘောမဆောင်သော အကြောင်းအရာများအား အကောင်အထည်ဖော်ခြင်းမပြုရန် မိမိတို့ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါသည်။ အမေရိကန်ဘက်က တစ်ဇွတ်ထိုးလုပ်ဆောင်မည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် ဥပဒေနှင့်အညီ အားကောင်းသော အစီအမံများလုပ်ဆောင်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများအား အခိုင်အမာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
全国人大外事委员会发言人就美国“2026财年国防授权法案”涉华消极条款发表谈话
新华社北京12月25日电 12月25日,针对美方将“2026财年国防授权法案”签署成法,全国人大外事委员会发言人许东发表谈话。全文如下:
近日,美国国会通过的“2026财年国防授权法案”签署成法,其中包含涉华消极内容。该法案延续一贯遏华基调,渲染“中国威胁”,粗暴干涉中国内政,损害中方核心利益,我们对此表示强烈不满和坚决反对。
我们希望美方客观理性看待中国发展和中美关系,与中方相向而行,共同落实好中美元首釜山会晤达成的重要共识。我们强烈敦促美方摒弃零和思维与意识形态偏见,不得实施上述法案中的涉华消极条款。如美方一意孤行,中方将依法采取有力措施,坚决捍卫国家主权安全发展利益。(完)
