China
တရုတ်-ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ သုံးပွင့်ဆိုင်အစည်းအဝေး ကျင်းပ
ကူမင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်-ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့၌ ဒီဇင်ဘာ ၂၉ ရက်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak တို့နှင့်အတူ သုံးနိုင်ငံမှ တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခ ဖြစ်ပွားသည့်အချိန်မှစ၍ တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) စိတ်ဓာတ်ကို လက်ကိုင်ထားကာ ပြေငြိမ်းရေး အပြုသဘောကြားနေဝင်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအကြီးအကဲနှင့် ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံအကြီးအကဲများသည် ချစ်ကြည်ရင်းနှီးသော ညှိနှိုင်းဆွေးနွေးမှုများ ထားရှိပြီး နိုင်ငံခြားရေးဝန်ကြီးအလွှာတွင် အကြိမ်ပေါင်းများစွာ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြရာ တရုတ်နိုင်ငံ၏အထူးသံတမန်သည်လည်း လေးကြိမ်တိုင် ခရီးစဉ်ကူးလူးသွားလာခဲ့ကြောင်း၊ ဘက်ပေါင်းစုံ၏ အတူတကွကြိုးပမ်းမှုအောက်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များက မကြာမီရက်ပိုင်းတွင် အပစ်ရပ်ရေးသဘောတူညီချက်ရရှိခဲ့ရာ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အားရနှစ်သိမ့်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သုံးပွင့်ဆိုင်အစည်းအဝေးသည် အချိန်အခါနှင့်ကိုက်ညီကြောင်း၊ မိမိတို့အနေဖြင့် ဤနေရာတွင် နှစ်ဖက်ဆွေးနွေးမှုများစွာ ကျင်းပခဲ့ရာ အထူးသဖြင့် ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးနှင့် စစ်ဘက်ရေးရာဌာနများကလည်း ဤနေရာတွင်ပင် မျက်နှာချင်းဆိုင် ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ ၎င်းတို့သည် အပြုသဘောဆောင်၍ တံခါးဖွင့်လှစ်သည့်သဘောထားကို အားလုံးပြသခဲ့ကြသလို အခြေအနေပြေလျော့ရေးအတွက် အားလုံးအတူကြိုးပမ်းခဲ့ကြရာ အပစ်ရပ်ရေး အခြေခံပေါ်တွင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်လိုသည့်ဆန္ဒများလည်း ရှိကြကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
သုံးနိုင်ငံအကြား ဆွေးနွေးမှုသည် အကျိုးဖြစ်ထွန်းမှု၊ အပြုသဘောဆောင်မှုရှိရာ အရေးကြီးသဘောတူညီချက်များ ဖြစ်မြောက်လာကြောင်း၊ ယင်းတို့မှာ ပထမအနေဖြင့် အတူတကွ အရှေ့သို့ ရှေးရှု၍ ရှေ့သို့ တက်လှမ်းခြင်း၊ ဒုတိယအနေဖြင့် ရပ်တန့်ဆိုင်းငံ့မှုမရှိဘဲ အစီအစဉ်တကျ တစ်ဆင့်ချင်းဖော်ဆောင်ခြင်း၊ တတိယအနေဖြင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးသည် အရေးကြီးဆုံးဖြစ်ခြင်းတို့ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း ဆက်ဆံရေး တိုးတက်စေမှုအတွက် တွန်းအားပေးသူအဖြစ် အစဉ်အမြဲ ဆောင်ရွက်သွားမည် ဖြစ်ရာ အပစ်ရပ်ရေးကြီးကြပ်မှု၊ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးမှု၊ မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများအပါအဝင် လိုအပ်သည့် ပံ့ပိုးကူညီမှုနှင့် အားပေးမှုများကို ထောက်ပံ့သွားလိုကြောင်း၊ ကမ္ဘောဒီးယား-ထိုင်း ဆက်ဆံရေး ပုံမှန်လမ်းကြောင်းသို့ ဆောလျင်စွာ ရောက်ရှိမည်ဟု မျှော်လင့်သလို ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ပဋိပက္ခပြေငြိမ်းရေး၊ အခြေအနေပြေလျော့ရေး၊ တွေ့ဆုံဆွေးနွေးမှု တွန်းအားပေးရေးအတွက် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုကို အထူးတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး၏အဖိုးတန်မှုကို အလေးထားသလို အပစ်ရပ်ရေးသဘောတူညီချက်အား တက်ကြွစွာ အကောင်အထည်ဖော်ရန်၊ အလွှာအသီးသီး တွေ့ဆုံဆွေးနွေးမှုယန္တရားကို ကောင်းမွန်စွာ အသုံးပြုကာ အငြင်းပွားမှုများကို အတူတကွ စီမံထိန်းချုပ်ပြီး ဖြေရှင်းရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသ အေးချမ်းသာယာရေးကို အတူတကွကာကွယ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
သုံးပွင့်ဆိုင်ဆွေးနွေးပွဲအပြီးတွင် သတင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

တရုတ်-ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak တို့နှင့်အတူ သုံးနိုင်ငံမှ တပ်မတော် အသီးသီး၏ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်စဉ် (ဆင်ဟွာ)
—————–
(Chinese Version)
中柬泰外长举行三方会晤
新华社昆明12月29日电(记者袁睿、王冠森)中柬泰外长会晤29日在云南玉溪成功举行。中共中央政治局委员、外交部长王毅和柬埔寨副首相兼外交大臣布拉索昆、泰国外长西哈萨以及三国军队的负责人出席。
王毅表示,柬泰边境冲突爆发以来,中方秉持习近平主席提出的全球安全倡议精神,积极居间调停斡旋。中国领导人与柬泰领导人保持友好沟通,外长层面多次通话联系,中方特使四度穿梭访问。在各方共同努力下,柬泰军方日前达成停火协议,中方对此感到欣慰。
王毅表示,三方会晤正当其时。我们在此举行了多场双边会谈,尤其是柬泰两国外交和军事部门也在此进行了面对面深入交流,都展现了积极开放态度,都致力于缓局降温,也都愿在停火基础上改善两国关系。三方之间的讨论是有益、建设性的,形成了重要共识:一是共同向前看、向前走;二是循序渐进不停留;三是重建互信最重要。中方将始终做柬泰关系发展的促进者,愿意提供一切必要协助和支持,包括停火监督、人道援助、扫雷合作等方面,期待并相信柬泰关系早日重回正轨。
柬泰两国外长高度赞赏中方为化解冲突、缓和局势、推动对话发挥的建设性作用。双方均强调和平之宝贵,愿积极落实停火协议,用好各层级对话机制,共同管控并解决好争端,共同维护两国边境地区安宁。
三方会晤后发表新闻公报。(完)
1. 12月29日,中柬泰外长会晤在云南玉溪成功举行。中共中央政治局委员、外交部长王毅和柬埔寨副首相兼外交大臣布拉索昆、泰国外长西哈萨以及三国军队的负责人出席。 新华社记者 王冠森 摄
