China
အိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်ပြီး ဆောင်းရာသီကို နွေးထွေးစွာ ဖြတ်သန်းခြင်း – ကန်းစုပြည်နယ် ယွီကျုံးခရိုင် ရေကြီးရေလျှံမှုသဘာဝဘေးသင့်ပြည်သူများ နေထိုင်မှုဘဝသစ် စတင်
ယွီကျုံး၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
နှစ်သစ်ကူးနေ့နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် ရေကြီးရေလျှံမှုသဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေး စုစည်းအိမ်ပြောင်းရွှေ့ခြင်းနှင့် ဝင်ရောက်နေထိုင်ခြင်းအစီအစဉ်များကို ပြန်လည်နေရာချထားရေးနေရာအသီးသီးတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။ သဘာဝဘေးသင့် ဒေသခံပြည်သူတို့သည် ပျော်ရွှင် အေးချမ်းစွာဖြင့် သဘာဝဘေး အရိပ်မည်းကြီးမှ နှုတ်ဆက်ကာ အိမ်အသစ်များသို့ ပြောင်းရွှေ့လာကြပြီး နေထိုင်မှုဘဝသစ်ကို စတင်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လအစောပိုင်းတွင် ယွီကျုံးခရိုင်သည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ကြုံတွေ့ခဲ့ရပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အိမ်များ၊ လမ်းများစသည့်အခြေခံအဆောက်အအုံအချို့ ပြင်းထန်စွာပျက်စီးစေခဲ့ရသည်။ သဘာဝဘေးအပြီးတွင် ကန်းစုပြည်နယ်သည် ကပ်ဘေးအပြီး ပြန်လည်တည်ဆောက်ရေးကို တက်ကြွစွာ လုပ်ဆောင်ကာ စုစည်းပြန်လည်နေရာချထားရေးနေရာ စုစုပေါင်း ၆ ခုကို စီစဉ်ခဲ့ပြီး ယင်းတွင် ဘေးဒဏ်သင့် အိမ်ထောင်စု ၃၂၅ စု ပါဝင်သည်။ (Xinhua)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် မာဖောကျေးရွာစု မာလျန်ထန်းကျေးရွာရှိ စုစည်းပြန်လည်နေရာချထားရေးနေရာတွင် အိမ်သစ်တစ်အိမ်တွင် အိမ်သစ်တက်ပွဲ ကျင်းပနေသည်ကို ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………………….
(Chinese Version)
乔迁新居 温暖过冬——甘肃榆中山洪受灾群众开启新生活
新华社照片,榆中(甘肃),2025年12月29日
元旦将至,甘肃省兰州市榆中县山洪灾害灾后重建集中搬迁入住活动在各安置点同步举行。受灾群众在喜庆祥和的氛围中告别灾害阴霾喜迁新居,开启崭新生活。
2025年8月初,榆中县遭遇连续强降雨,引发山洪灾害,导致部分房屋、道路等基础设施严重受损。灾情发生后,甘肃省积极推进灾后重建,共规划建设6个集中安置点,涉及325户受灾群众。
图说1:这是12月29日在榆中县马坡乡马莲滩村集中安置点拍摄的灾后重建集中搬迁入住活动现场(无人机照片)。 新华社记者 郎兵兵 摄
图说2:12月29日,村民在榆中县马坡乡马莲滩村集中安置点的新家里举办乔迁宴(无人机照片)。新华社记者 郎兵兵 摄
