Connect with us

China

တရုတ်နိုင်ငံက Tianhui-7 ဂြိုဟ်တု အောင်မြင်စွာလွှတ်တင်

တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Tianhui-7 ဂြိုဟ်တုအား Long March-4B သယ်ဆောင်ရေးဒုံးပျံ အသုံးပြု၍ ဝေဟင်သို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၁၂ မိနစ်တွင် ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ Long March-4B သယ်ဆောင်ရေးဒုံးပျံအား အသုံးပြု၍ Tianhui-7 ဂြိုဟ်တုအား ဝေဟင်သို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ ဂြိုဟ်တုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားခဲ့ပြီး လွှတ်တင်မှုမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။
Tianhui-7 ဂြိုဟ်တုကို အဓိကအားဖြင့် ပထဝီတည်နေရာမြေပုံအချက်အလက် ရေးဆွဲမှု၊ မြေယာအရင်းအမြစ် စစ်တမ်းကောက်ယူခြင်းနှင့် သိပ္ပံစမ်းသပ်ချက် သုတေသနပြုလုပ်ခြင်း စသည့် မစ်ရှင်များအတွက် အသုံးပြုမည်ဖြစ်သည်။
ယခုအကြိမ်မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၆၂၂ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ (Xinhua)

——————–
(Chinese Version)
我国成功发射天绘七号卫星
新华社酒泉12月30日电(李国利、张艳)12月30日12时12分,我国在酒泉卫星发射中心使用长征四号乙运载火箭,成功将天绘七号卫星发射升空,卫星顺利进入预定轨道,发射任务取得圆满成功。
天绘七号卫星主要用于地理信息测绘、国土资源普查和科学试验研究等任务。
这次任务是长征系列运载火箭的第622次飞行。(完)