China
အသက်သွေးဖြင့် ရရှိလာသည့် ဒုတိယကမ္ဘာစစ် အောင်နိုင်မှုရလဒ်များကို အခိုင်အမာ ကာကွယ်ရမည်ဖြစ်သည်ဟု ဝမ်ရိပြောကြား
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် နိုင်ငံတကာအခြေအနေနှင့် တရုတ်နိုင်ငံခြားရေးရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
သို့သော် ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးပြည်သူများက သမိုင်းသင်ခန်းစာယူ၍ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ကြိုးပမ်းနေကြသည့် ထူးခြားသောနှစ်တွင် ထိုစဉ်က တရုတ်နိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့သည့် ဂျပန်သည် မိမိကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအမျိုးမျိုးကို နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ဆင်ခြင်မှု မပြုသည့်အပြင် ၎င်း၏ လက်ရှိအကြီးအကဲသည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက် အချုပ်အခြာအာဏာ၊ ဒုတိယကမ္ဘာစစ်သမိုင်းရလဒ်၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို ပြောင်ပြောင်တင်းတင်းပင် စိန်ခေါ်ခဲ့ကြောင်း၊ ထို့အပေါ် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံအားလုံး၊ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေလိုသော ပြည်သူတစ်ရပ်လုံးက လုံးဝဥဿုံ ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ဂျပန်စစ်ဝါဒ ပြန်လည်ဦးမော့လာမှုကို အထူးသတိထားရမည်ဖြစ်ပြီး အသက်သွေးဖြင့် ရရှိလာသည့် ဒုတိယကမ္ဘာစစ်အောင်နိုင်မှုရလဒ်များကို ခိုင်ခိုင်မာမာ ကာကွယ်ရမည်ဖြစ်သလို ခဲရာခဲဆစ်ရရှိလာသော ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
#China #ForeignRelations #Diplomacy #WangYi #တရုတ် #သံတမန်ရေး #နိုင်ငံခြားရေး #ဝမ်ရိ
——————–
(Chinese Version)
王毅:必须坚决捍卫用鲜血换来的二战胜利成果
新华社北京12月30日电(记者孙楠、曹嘉玥)12月30日,中共中央政治局委员、外交部长王毅在2025年国际形势与中国外交研讨会上表示,今年是中国人民抗日战争暨世界反法西斯战争胜利80周年。然而,就在这个世界各国人民汲取历史教训、共谋和平发展的特殊年份,当年发动侵华战争的日本,不仅不深刻反省自身犯下的种种罪行,其现职领导人竟然公开挑战中国领土主权、挑战二战历史结论、挑战战后国际秩序。对此,所有爱好和平的国家、所有不希望悲剧重演的人民都绝不答应。我们必须高度警惕日本军国主义沉渣泛起,必须坚决捍卫用鲜血换来的二战胜利成果,必须有效维护来之不易的和平稳定。(完)
1. 2025年9月3日,纪念中国人民抗日战争暨世界反法西斯战争胜利80周年大会在北京隆重举行。这是纪念大会现场放飞气球。新华社记者 李贺 摄
