China
သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များအား နှစ်သစ်ကူးပို့စ်ကတ် ပြန်လည်ပေးပို့
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖုန်လိယွမ်တို့သည် ဇန်နဝါရီလ ၁ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များအား နှစ်သစ်ကူးပို့စ်ကတ် ပြန်လည်ပေးပို့၍ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဆိုခဲ့သည်။
၂၀၂၅ ခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲ အောင်မြင်ခြင်း ၈၀ ပြည့်နှစ်ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ် ကာလအတွင်း တရုတ်နှင့် အမေရိကန်သည် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် အတူတကွတိုက်ပွဲဝင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးသည် အသက်သွေးနှင့် စစ်မက်မီးလျှံ၏ စမ်းသပ်မှုဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကာလရှည်ကြာ ကောင်းမွန်နေကြောင်း၊ “အနာဂတ် ၅ နှစ်အတွင်း အမေရိကန်လူငယ်ပေါင်း ငါးသောင်း တရုတ်နိုင်ငံသို့ လာရောက်ကူးလူးဖလှယ်ရန် ဖိတ်ခေါ်ခြင်း” အဆိုပြုချက်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံမှ လူငယ်များ ဆက်လက် တက်တက်ကြွကြွပါဝင်ပြီး အပြန်အလှန် ကူးလူးဖလှယ်ဆက်ဆံမှုကို တိုးမြှင့်ကာ အပြန်အလှန်နားလည်မှုကို မြှင့်တင်သွားရန် မျှော်လင့်ကြောင်း၊ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက် လက်ဆင့်ကမ်းပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးမြှင့်တင်ရေးအတွက် အကျိုးထမ်းဆောင် ပေးသွားရန် မျှော်လင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ယင်းမတိုင်မီ “အနာဂတ် ၅ နှစ်အတွင်း အမေရိကန်လူငယ်ပေါင်း ငါးသောင်း တရုတ်နိုင်ငံသို့ လာရောက် ကူးလူးဖလှယ်ရန် ဖိတ်ခေါ်ခြင်း” အဆိုပြုချက်အစီအစဉ်တွင် တရုတ်နိုင်ငံသို့ လာရောက်ခဲ့ဖူးသည့် အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်မှ အမေရိကန်-တရုတ် လူငယ် ကျောင်းသား၊ ကျောင်းသူများ ကူးလူးဖလှယ်ရေးအသင်းနှင့် လင်ကွန်းအထက်တန်းကျောင်း၊ Stadium School တို့မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များက သမ္မတ ရှီကျင့်ဖိန်တို့ ဇနီးမောင်နှံနှင့် တရုတ်ပြည်သူများထံ နှစ်သစ်ကူးပို့စ်ကတ် ပေးပို့ခဲ့သည်။ အဆိုပါပို့စ်ကတ်ပေါ်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြပြီး တရုတ်ဘာသာဖြင့် “ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲအောင်မြင်ခြင်း ၈၀ ပြည့်နှစ်နှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲ အောင်မြင်ခြင်း ၈၀ ပြည့်နှစ် အထိမ်းအမှတ် မင်္ဂလာနှစ်သစ်ကူးဖြစ်ပါစေ၊ ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ၊ တရုတ်-အမေရိကန် ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” ဟု ရေးသားခဲ့သည်။ (Xinhua)
————————
(Chinese Version)
习近平和夫人彭丽媛向美国华盛顿州中学师生代表回赠新年贺卡
新华社北京1月2日电 1月1日,国家主席习近平和夫人彭向美国华盛顿州中学师生代表回赠新年贺卡,致以新年祝福,表示2025年是中国人民抗日战争和世界反法西斯战争胜利80周年。第二次世界大战期间,中美共同为和平和正义而战,两国人民的友谊经受了血与火的考验,历久弥新。希望中美两国青少年继续积极参与“未来5年邀请5万名美国青少年来华交流学习”倡议,加强交流互动,增进相互了解,传承传统友谊,为推动中美关系发展、促进世界和平贡献力量。
此前,美国华盛顿州美中青少年学生交流协会和林肯中学、体育场中学曾参加“5年5万”倡议访华的师生代表向习近平主席夫妇和全中国人民致新年贺卡,100多位老师和同学在贺卡上签名。师生们在贺卡上用中文书写:“纪念抗战胜利80周年,纪念世界反法西斯战争胜利80周年。喜迎新年,和平万岁,中美友谊长存!”(完)