Connect with us

China

တရုတ်နိုင်ငံက အချို့သောနိုင်ငံများ၏ တောင်တရုတ်ပင်လယ်နှင့် စပ်လျဉ်းသော မှားယွင်းသည့် ပြောဆိုချက်အပေါ် လေးနက်စွာတုံ့ပြန်

တရုတ်ကမ်းခြေစောင့်တပ်၏ ဟွမ်ရန်သင်္ဘောသည် ဟွမ်ရန်သောင်ကျွန်း ရေပိုင်နက်တွင် ပုံမှန်ကင်းလှည့်သွားလာမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဒီဇင်ဘာ ၈ ရက်တွင် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ “ပင်လယ်သမုဒ္ဒရာနှင့် ပင်လယ်သမုဒ္ဒရာဥပဒေ” အကြောင်းအရာနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးရာတွင် အချို့သောနိုင်ငံများ၏ တောင်တရုတ်ပင်လယ်နှင့် စပ်လျဉ်းသော မှားယွင်းသည့် ပြောဆိုချက်အပေါ် လေးနက်စွာတုံ့ပြန်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ကျွန်းစုများနှင့် ၎င်းအနီးတစ်ဝိုက်ပင်လယ်ပြင်အပေါ် အငြင်းပွားဖွယ်မရှိသော အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီး သက်ဆိုင်ရာ ပင်လယ်ပြင်အပေါ် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်နှင့် စီမံအုပ်ချုပ်ပိုင်ခွင့်ရှိကြောင်း၊ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ရှိ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် ပင်လယ်သမုဒ္ဒရာ အခွင့်အရေးနှင့် အကျိုးစီးပွားသည် သမိုင်းနှင့် တရားဥပဒေအရ အပြည့်အဝအထောက်အထားများရှိကြောင်း စွန်းလေက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံက “တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” အရေးကိစ္စအပေါ် ရပ်တည်ချက်သည် တစ်သမတ်တည်း အတိအလင်း အခိုင်အမာ ဖြစ်ကြောင်း၊ “တောင်တရုတ်ပင်လယ် အနုညာတစီရင်မှု” သည် တရားဥပဒေ သားရေခြုံထားသည့် နိုင်ငံရေးဟာသဇာတ်သာဖြစ်ပြီး “ကတိကဝတ်များကို မဖြစ်နေ လိုက်နာရမည်” ၊ “ကတိမတည်မှုကို တားမြစ်ထားသည်” ဟူသည့် နိုင်ငံတကာဥပဒေ အခြေခံမူများကို ချိုးဖောက်ခြင်း၊ “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)” အား ချိုးဖောက်ခြင်း၊ တောင်တရုတ်ပင်လယ်၏ အခြေခံဖြစ်ရပ်မှန်အား ချိုးဖောက်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

“အနုညာတခုံရုံး” သည် အခွင့်အာဏာကို ကျော်လွန်၍ စီရင်ခြင်း၊ ဖြစ်ရပ်မှန်နှင့် ဥပဒေကို ချိုးဖောက်၍ စီရင်ဆုံးဖြတ်ချက်ချခြင်းဖြစ်ရာ ၎င်း “စီရင်ဆုံးဖြတ်ချက်” သည် တရားမဝင်သည့်အပြင် အကျိုးသက်ရောက်မှုမရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်း “စီရင်ဆုံးဖြတ်ချက်” ကို လက်မခံသလို အသိအမှတ်ပြုခြင်းလည်းမရှိကြောင်း၊ အဆိုပါ “စီရင်ဆုံးဖြတ်ချက်” အား အခြေခံသည့် ရပ်တည်ချက်နှင့် လှုပ်ရှားမှု မှန်သမျှကိုလည်း လက်မခံကြောင်း၊ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်နက် အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ပင်လယ်သမုဒ္ဒရာ အခွင့်အရေး၊ အကျိုးစီးပွားများသည် မည်သည့်အချိန်တွင်မဆို ယင်း “စီရင်ဆုံးဖြတ်ချက်” ၏ သက်ရောက်မှု မခံရကြောင်း ၎င်းကဆိုသည်။

ဖိလစ်ပိုင်၏ “ပင်လယ်သမုဒ္ဒရာဒေသတွင်းဥပဒေ” သည် တရုတ်နိုင်ငံ ဟွမ်ရန်သောင်ကျွန်းနှင့် နန်ရှားကျွန်းစု၏ ကျောက်ဆောင်ကျွန်းနှင့် သက်ဆိုင်ရာ ပင်လယ်ပြင်အား ဖိလစ်ပိုင်ဘက်၏ ပင်လယ်သမုဒ္ဒရာဒေသအတွင်းသို့ တရားမဝင် ထည့်သွင်းထားရာ တရုတ်နိုင်ငံ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် ပင်လယ်သမုဒ္ဒရာ အခွင့်အရေး၊ အကျိုးစီးပွားအား ဆိုးရွားစွာ ချိုုးဖောက်လျက်ရှိသောကြောင့် တရုတ်ဘက်က အခိုင်အမာကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်သည် ကမ္ဘာပေါ်တွင် ဘေးကင်းလုံခြုံမှုအရှိဆုံး၊ လွတ်လပ်မှုအရှိဆုံး ရေကြောင်းလမ်းများအနက် တစ်ခုဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်တွင် ရေကြောင်းဖြတ်သန်းသွားလာမှုနှင့် ပျံသန်းမှု လွတ်လပ်ခွင့်သည် မည်သည့်အခါကမျှ မည်သည့်ပြဿနာမျှ မရှိခဲ့ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးက နိုင်ငံတကာဥပဒေနှင့်အညီ တောင်တရုတ်ပင်လယ်၌ လွတ်လပ်စွာ ရေကြောင်းဖြတ်သန်းခြင်းနှင့် ပျံသန်းခြင်း အခွင့်အရေးကို အစဉ်အမြဲ လေးစား၍ ထောက်ခံအားပေးကြောင်း၊ သို့သော် “ရေကြောင်းဖြတ်သန်းမှု လွတ်လပ်ခြင်း” ဟူသောခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအား ထိပါးမှုကို အခိုင်အမာ ကန့်ကွက်ကြောင်း၊ ဖိလစ်ပိုင်၏ “ကျွန်းစု ပင်လယ်ရေကြောင်းဥပဒေ” အချက်များစွာက နိုင်ငံတကာဥပဒေတွင် သတ်မှတ်ထားသော နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိဘဲ ဘက်အသီးသီး လွတ်လပ်စွာ ရေကြောင်းဖြတ်သန်းမှု အခွင့်အရေးအား ထိခိုက်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် တောင်တရုတ်ပင်လယ်အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိကြောင်း၊ သို့သော် အမေရိကန်က တောင်တရုတ်ပင်လယ်၌ စစ်ရေးဖြန့်ကြက်နေရာချထားမှုနှင့် လှုပ်ရှားမှုများကို အဆက်မပြတ် မြှင့်တင်လုပ်ဆောင်ပြီး ဒွိဟကွဲလွဲမှုများကို လှုံ့ဆော်မြှင့်တင်နေရာ ယင်းသည် တောင်တရုတ်ပင်လယ်၏ အကြီးမားဆုံး လုံခြုံရေးစိန်ခေါ်မှုပင်ဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အငြင်းပွားမှုကို တိုက်ရိုက်ကာယကံရှင်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ အာဆီယံနိုင်ငံများနှင့် “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း” ကို ဘက်စုံ ထိရောက်စွာ အကောင်အထည်ဖော်ခြင်းအား အခိုင်အမာလက်ကိုင်ထားပြီး “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ညှိနှိုင်းဆွေးနွေးမှုကို တက်ကြွစွာ တွန်းအားပေးခြင်းဖြင့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုအား အတူတကွထိန်းသိမ်းကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား အတူမြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
中方严正回应个别国家涉南海错误言论
新华社联合国12月8日电 中国常驻联合国副代表孙磊8日在第80届联大全会“海洋和海洋法”议题下发言时,对个别国家涉南海错误言论作出严正回应。
孙磊强调,中国对南海诸岛及其附近海域拥有无可争辩的主权,对相关海域拥有主权权利和管辖权。中国在南海的领土主权和海洋权益具有充分的历史和法理依据。
孙磊表示,中方在“南海仲裁案”问题上的立场是一贯的、明确的、坚定的。“南海仲裁案”是一出披着法律伪装的政治闹剧,违反“约定必须遵守”“禁止反言”等国际法基本原则,违反《联合国海洋法公约》,违背南海基本事实。“仲裁庭”越权审理、枉法裁判,所作“裁决”非法无效。中方不接受、不承认该“裁决”,不接受任何基于该“裁决”的主张和行动,中国在南海的领土主权和海洋权益在任何情况下不受该“裁决”影响。菲律宾“海洋区域法”将中国黄岩岛和南沙群岛大部分岛礁及相关海域非法纳入菲方海洋区域,严重侵犯中国领土主权和海洋权益,中方坚决反对。
孙磊说,南海是世界上最安全、最自由的航道之一,南海航行和飞越自由从来不存在任何问题。中方一贯尊重并支持各国依据国际法在南海享有的航行和飞越自由,但坚决反对打着“航行自由”旗号侵犯中国的主权和安全。菲律宾“群岛海道法”多处与国际法规定的国际规则不符,损害各方航行自由权利。
孙磊表示,当前南海局势总体稳定。但美国持续强化南海军事部署和行动,挑唆激化矛盾分歧,是南海最大安全挑战。中国坚持同直接当事国通过谈判协商和平解决争议,同东盟国家全面有效落实《南海各方行为宣言》,积极推进“南海行为准则”磋商,共同维护南海的和平与稳定,共促地区发展繁荣。(完)
图说:11月14日,中国海警黄岩舰在黄岩岛领海开展常态化巡航(无人机照片)。新华社记者 贝赫 摄