Connect with us

China

အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲတွင် တရုတ်အားကစားသမားများက အမျိုးသမီး မီတာ ၃၀၀၀ မြန်နှုန်းမြင့်စကိတ်ပြိုင်ပွဲ ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ အမျိုးသမီး မီတာ ၃၀၀၀ မြန်နှုန်းမြင့်စကိတ်ပြိုင်ပွဲ၌ ယန်ပင်းယွီ ပါဝင်ယှဉ်ပြိုင်နေသည်ကို ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
၉ ကြိမ်မြောက် ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ အမျိုးသမီး မီတာ ၃၀၀၀ မြန်နှုန်းမြင့်စကိတ်ပြိုင်ပွဲ (Speed Skating) ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့၌ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် တရုတ်အားကစားသမားများဖြစ်သည့် ယန်ပင်းယွီ၊ ဟန်မေ၊ ထိုက်ကျစ်အန်းတို့သည် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများအား အသီးသီး ဆွတ်ခူးရရှိခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ အမျိုးသမီး မီတာ ၃၀၀၀ မြန်နှုန်းမြင့်စကိတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲတွင် ဆုတံဆိပ် ဆွတ်ခူးရရှိသော အားကစားသမားများအား ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
(亚冬会)速度滑冰——中国选手包揽女子3000米冠亚季军
新华社照片,哈尔滨,2025年2月10日
当日,第九届亚冬会速度滑冰女子3000米决赛在哈尔滨举行。中国选手杨滨瑜、韩梅、太智恩分别获得冠、亚、季军。
图说1:2月10日,杨滨瑜比赛中。新华社记者 王曦 摄
图说4:2月10日,获奖选手在颁奖仪式上。新华社记者 王曦 摄