China
ယူနန်ပြည်နယ် လိကျန်းမြို့တွင် နှင်းတောင် ရှုခင်းများ လှည့်လည်ရှုစားနိုင်သည့် ခရီးသွားရထား စတင်ပြေးဆွဲ

ကူမင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
လိကျန်းမြို့ နှင်းတောင်၏ ရှုခင်းများအား လှည့်လည်ရှုစားနိုင်သည့် ခရီးသွားရထားကို ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင် ပြေးဆွဲလိုက်ပြီဖြစ်ရာ ယွိလုန်နှင်းတောင်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ပိုမို လွယ်ကူ၊ မြန်ဆန်၍ သက်သောင့်သက်သာရှိသော ရှုမျှော်ခင်းများကို ကိုယ်တိုင်ကိုယ်ကျ ခံစားရလာနိုင်ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့ အစိုးရ ပြန်ကြားရေးရုံး၏ သတင်းများအရ သိရသည်။
လိကျန်း နှင်းတောင် ရှုခင်းများ လှည့်လည်ရှုစားနိုင်သည့် ခရီးသွားရထားကို China Railway Construction Corporation Limited (CRCC)၊ China Railway Group Limited (CREC )၊ Guangzhou Metro တို့ အတူတကွ ရင်းနှီးမြှုပ်နှံတည်ဆောက်ထားခြင်း ဖြစ်သည်။ စုစုပေါင်းအရှည် ၂၀.၇ ကီလိုမီတာ၊ တစ်နာရီလျှင် အမြင့်ဆုံးမြန်နှုန်း ၇၀ ကီလို မီတာဖြင့် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသည့် ယင်းရထားလမ်းသည် လိကျန်း ရှေးဟောင်းမြို့လေးနှင့် ယွိလုန်နှင်းတောင် 5A အဆင့် ရှုခင်းသာဧရိယာကို ချိတ်ဆက်ထားသော ရှုခင်းရှုစားနိုင်သည့် ခရီးသွားလမ်းကြောင်းဖြစ်ကြောင်း သိရသည်။ ရထား၏ နှစ်ဖက်ပြတင်းပေါက်များကို လျှပ်စစ်ဖြင့် အရောင်ပြောင်းနိုင်သောမှန်နှင့် ပြုလုပ်ထားခြင်း ဖြစ်ရာ ပိုမိုကောင်းမွန်သည့် မြင်ကွင်းများကို ဆောင်ကြဉ်းပေးနိုင်သည့် တစ်ချိန်တည်းတွင်ပင် ခရမ်းလွန်နေရောင်ခြည်ကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
အဆိုပါ ရထားစတင်လည်ပတ်သည့် ကနဦးကာလတွင် ခရီးသွားဧည့်သည်များ ဝန်ဆောင်မှုစင်တာမှ ယွိလုန်နှင်းတောင် ဘူတာသို့ အနည်းဆုံး ၁၂ မိနစ်ခြားလျှင် ရထားတစ်စီး လွှတ်မည် ဖြစ်ပြီး ခရီးစဉ်တစ်ခု၏ ကြာချိန်မှာ ၃၅ မိနစ် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………
(Chinese Version)
云南丽江:雪山观光火车开通运营
新华社昆明2月13日电(记者丁怡全)据云南省丽江市政府新闻办消息,12日,丽江雪山观光火车开通运营,可为前来玉龙雪山旅游打卡的国内外游客提供更加方便、快捷、舒适的观光体验。
据介绍,丽江雪山观光火车由中国铁建、中国中铁、广州地铁共同投资建设,线路全长20.7公里,设计最高时速70公里,是连接丽江古城与玉龙雪山5A级景区的旅游观光专线。列车侧窗使用电动可调变色玻璃,在带来更好视野的同时,能抵御紫外线。
项目开通初期,按照游客中心站往返玉龙雪山站运行,最小发车间隔12分钟,单程运行时间35分钟。
1. 丽江雪山观光火车开行。(受访者供图)