Connect with us

China

ထိုင်း၊ မြန်မာ စသည့် နိုင်ငံများ၏ ပူးပေါင်းအင်အားဖြင့် ရာဇဝတ်သားများ ပြစ်မှုကူးလူးကျူးလွန်နေမှုကို ပိတ်ဆို့အရေးယူလျက်ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ဖေဖော်ဝါရီ ၁၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
 
တရုတ်နိုင်ငံသည် ထိုင်း၊ မြန်မာ စသည့် နိုင်ငံများနှင့် နှစ်ဖက်၊ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး ရာဇဝတ်သားများ သက်ဆိုင်ရာနိုင်ငံများ၌ ကူးလူး၍ ပြစ်မှုကျူးလွန်နေမှုကို ပူးပေါင်းအင်အားဖြင့် ပိတ်ဆို့ကာ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု အဆိပ်အတောက်များအား အတူတကွ ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဖေဖော်ဝါရီ ၁၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများအား ဖြေကြားစဉ် ပြောကြားခဲ့သည်။
 
ယခုကာလများတွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်၌ ဖြစ်ပွားသည့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု စသော ဆိုးရွားသည့်အမှုများက တရုတ်၊ ထိုင်းနိုင်ငံ အပါအဝင် သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ခြိမ်းခြောက်ပြီး ဒေသတွင်းနိုင်ငံများ ပုံမှန်သွားလာပူးပေါင်းဆောင်ရွက်မှုများအား အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှုများအား ပြတ်ပြတ်သားသား တိုက်ဖျက်ခြင်းမှာ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်၏ လက်တွေ့ဖော်ဆောင်မှု ဖြစ်သလို ဒေသတွင်းနိုင်ငံများ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းမှု၏ မလွဲမသွေ ရွေးချယ်မှုလည်း ဖြစ်ရာ နိုင်ငံအသီးသီး ပြည်သူများ၏ ဘုံမျှော်မှန်းချက်နှင့် ကိုက်ညီကြောင်း ၎င်းက ပြောကြားခဲ့သည်။
 
“တရုတ်နိုင်ငံက ထိုင်း၊ မြန်မာ စတဲ့ နိုင်ငံတွေနဲ့ နှစ်ဖက်၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုတွေ တက်ကြွစွာ လုပ်ဆောင်နေပါတယ်။ မူဝါဒများကို ဘက်စုံအကောင်အထည်ဖော်ခြင်း၊ ပြဿနာရဲ့ အပြင်ပန်းလက္ခဏာနဲ့ အရင်းအမြစ်ကိုပါ ကုစားခြင်း၊ ပူးပေါင်းအင်အားနဲ့ ရာဇဝတ်သားတွေ သက်ဆိုင်ရာနိုင်ငံတွေမှာ ကူးလူးပြီး ပြစ်မှုကျူးလွန်နေမှုကို တားဆီးပိတ်ဆို့ခြင်းအားဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု အဆိပ်အတောက်တွေကို အတူတကွ ရှင်းလင်းဖယ်ရှားကာ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနဲ့ ဒေသတွင်းနိုင်ငံတွေ သွားလာပူးပေါင်းဆောင်ရွက်တဲ့စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းနေပါတယ်” ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အဓိကတာဝန်ခံဌာနများနှင့်အတူ သက်ဆိုင်ရာအကာအကွယ် အကူအညီတောင်းခံမှုများကို ပြည်ပအခြေစိုက် သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများက သင့်လျော်စွာ စီမံရေးအတွက် ဆက်လက်လမ်းညွှန်ပေးသွားမည် ဖြစ်ပြီး ပြည်ပရောက်တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် တရားဝင်အခွင့်အလမ်းများကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
 
#China #CrackDown #TelecomFraud #OnlineGambling #တရုတ#တိုက်ဖျက်ရေး #ဆက်သွယ်ရေးလိမ်လည်မှု #အွန်လိုင်းလောင်းကစား
…………………….
(Chinese Version)
外交部:正同泰、缅等国合力封堵不法分子流窜作案
新华社北京2月17日电(记者马卓言、董雪)外交部发言人郭嘉昆17日在例行记者会上答问时表示,中国正在同泰国、缅甸等国积极开展双多边合作,合力封堵不法分子在有关国家流窜作案,共同铲除网赌电诈毒瘤。   
郭嘉昆说,近期在泰缅边境一带发生的网赌电诈恶性案件,威胁包括中国、泰国在内的有关国家公民的生命和财产安全,干扰地区国家正常的交往合作。坚决打击网赌电诈犯罪是落实以人民为中心发展思想的切实体现,也是维护地区国家共同利益的必然选择,符合各国人民的共同期待。   
“中国正在同泰国、缅甸等国积极开展双多边合作,综合施策,标本兼治,合力封堵不法分子在有关国家流窜作案,共同铲除网赌电诈毒瘤,维护人民生命财产安全和地区国家交往合作秩序。”郭嘉昆说,外交部将继续会同主管部门指导驻外使领馆妥善处置相关的领保求助案件,维护海外中国公民的安全和合法权益。(完)