China
ရှန်ကျိုး-၂၀ အာကာသယာဉ်မှူး သုံးဦး တရုတ်အာကာသစခန်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
လူတင်အာကာသယာဉ်နှင့် အာကာသစခန်းပူးတွဲအပိုင်း အောင်မြင်စွာ ချိတ်ဆက်ပြီးနောက် ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့သည် အာကာသယာဉ်၏ ကမ္ဘာမြေသို့ အပြန်ယာဉ်မှ ဂြိုဟ်ပတ်လမ်းကြောင်းရှိ အာကာသစခန်းသို့ ဝင်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ သတင်းများအရ သိရသည်။ ပေကျင်းစံတော်ချိန် ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက် ၁ နာရီ ၁၇ မိနစ်တွင် ဂြိုဟ်ပတ်လမ်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအဖွဲ့သည် “အိမ်တံခါး” ကို အောင်မြင်စွာ ဖွင့်လှစ်၍ တရုတ်အာကာသစခန်းတွင် အခြေချရန် အဝေးမှ ရောက်ရှိလာသော ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့ကို ကြိုဆိုခဲ့သည်။ ယင်းမှာ တရုတ်အာကာသသမိုင်းတွင် ဆဋ္ဌမအကြိမ်မြောက် “အာကာသယာဉ်မှူးများ တွေ့ဆုံခြင်း” ဖြစ်သလို ကွပ်ကဲရေးမှူး နှစ်ဦးအနေဖြင့် ၃ နှစ်ကြာကာလအပြီး “ထျန်းကုန်း” အာကာသစခန်းတွင် ပြန်လည်ဆုံစည်းခြင်း ဖြစ်သည်။ ထို့နောက်မကြာမီ အာကာသယာဉ်မှူးအဖွဲ့နှစ်ဖွဲ့သည် “မိသားစုဓာတ်ပုံ” ရိုက်ကူးပြီး ၎င်းတို့အား အမှတ်ရရှိနေသည့် တရုတ်တစ်ပြည်လုံးရှိ ပြည်သူများအား အေးချမ်းသာယာမှုရှိကြောင်း ပြသခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် အာကာသယာဉ်မှူး အဖွဲ့နှစ်ဖွဲ့သည် အာကာသစခန်း ဂြိုဟ်ပတ်လမ်းတွင် အလှည့်ကျတာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုကာလအတွင်း အာကာသယာဉ်မှူး ၆ ဦးသည် အာကာသစခန်းတွင် ၅ ရက်ကြာ အတူတကွ အလုပ်တာဝန်ထမ်းဆောင် နေထိုင်ကာ သတ်မှတ်ထားသည့် လုပ်ငန်းအသီးသီးကို ပြီးမြောက်အောင် ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

ပေကျင်း အာကာသယာဉ် ပျံသန်းမှု ထိန်းချုပ်ရေး စင်တာ (BACC) ၌ ရိုက်ကူးထားသော ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့နှင့် ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအဖွဲ့၏ ဆွေးနွေးဖလှယ်မှုအား ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
神舟二十号|神舟二十号3名航天员顺利进驻中国空间站
新华社北京4月25日电(记者蔡琳琳)据中国载人航天工程办公室消息,在载人飞船与空间站组合体成功实现对接后,神舟二十号航天员乘组从飞船返回舱进入轨道舱。北京时间2025年4月25日1时17分,在轨执行任务的神舟十九号航天员乘组顺利打开“家门”,欢迎远道而来的神舟二十号航天员乘组入驻中国空间站,这是中国航天史上第6次“太空会师”,也是两名指令长时隔3年后再次相聚“天宫”。随后,两个航天员乘组拍下“全家福”,共同向牵挂他们的全国人民报平安。
后续,两个航天员乘组将在空间站进行在轨轮换。其间,6名航天员将共同在空间站工作生活约5天时间,完成各项既定工作。(完)
1. 4月25日在北京航天飞行控制中心拍摄的神舟二十号航天员乘组和神舟十九号航天员乘组“全家福”。 新华社记者 金立旺 摄
2. 4月25日在北京航天飞行控制中心拍摄的神舟二十号航天员乘组和神舟十九号航天员乘组交流的画面。新华社记者 金立旺 摄