China
သင်္ဘောသုံးစင်းတစ်ပြိုင်နက်ဆိုက်ကပ်၊ Tianjin International Cruise Homeport ခရီးသည်စီးဆင်းမှု အထွတ်အထိပ်သို့ရောက်ရှိ

ထျန်းကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ Tianjin International Cruise Homeport တွင် Royal Caribbean ၏ “Ovation of the Seas“၊ Oriental Cruise ၏ “Dream“ နှင့် Oceania Cruises ၏ “Regatta“ စသည့် အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘော သုံးစင်းသည် မေ ၁ ရက်၌ တစ်ပြိုင်နက်ဆိုက်ကပ်ခဲ့ရာ ယင်းမှာ Tianjin International Cruise Homeport ပြန်လည်ဖွင့်လှစ်ပြီးနောက် ပထမဆုံးအကြိမ် “သင်္ဘောသုံးစင်းတစ်ပြိုင်နက်ဆိုက်ကပ်” လာခြင်းဖြစ်သည်။ ထိုနေ့တွင် ပြည်ဝင်၊ ပြည်ထွက် ခရီးသွားဧည့်သည် ၁၅,၀၀၀ နီးပါးရှိခဲ့ပြီး ၂၄၀ နာရီ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်လျှောက်ထားသူ ၄၀၀ ကျော်ရှိခဲ့ကာ အဆိုပါ ဆိပ်ကမ်းပြန်လည်ဖွင့်လှစ်ချိန်မှစ၍ တစ်နေ့တာ ပြည်ဝင်၊ ပြည်ထွက် ခရီးသွားဧည့်သည်အရေအတွက်နှင့် ၂၄၀ နာရီ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်လျှောက်ထားသူ အရေအတွက် စံချိန်သစ်တင်ခဲ့ကြောင်း၊ “အလုပ်သမားနေ့” အားလပ်ရက်တွင် Tianjin International Cruise Homeport သည် ခရီးသည် ခရီးသွားအကြိမ်ရေ ၂၀,၀၀၀ ကျော်လက်ခံရန် ခန့်မှန်းထားပြီး ယခင်နှစ် ကာလတူထက် လေးဆနီးပါးတိုးတက်မည်ဖြစ်ကာ နိုင်ငံခြား ခရီးသည် ခရီးသွားအကြိမ်ရေ ၃,၀၀၀ နီးပါးပါဝင်မည်ဖြစ်ကြောင်း စာရင်းများအရ သိရသည်။ (Xinhua)

အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘော သုံးစင်း Tianjin International Cruise Homeport တွင် ဆိုက်ကပ်ထားသည်ကို ဝေဟင်မှ မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခရီးသွားဧည့်သည်များ Tianjin International Cruise Homeport ခရီးသည် ပို့ဆောင်ရေးခန်းမအတွင်းသို့ တန်းစီဝင်ရောက်နေသည်ကို မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………
(Chinese Version)
三船同靠 天津国际邮轮母港迎来客流高峰
新华社照片,天津,2025年5月1日
当日,天津国际邮轮母港迎来皇家加勒比邮轮“海洋赞礼”号、东方邮轮“梦想”号和大洋邮轮“芮吉塔”号三艘国际邮轮同时停靠,这也是天津国际邮轮母港复航以来的首次“三船同靠”。据统计,当天出入境旅客近1.5万人,办理240小时过境免签手续的旅客400余人,创下天津邮轮母港复航以来单日出入境人数和单日办理240小时过境免签手续人数新高。五一假期,天津国际邮轮母港预计接待游客2万余人次,同比增长近4倍,其中外籍旅客近3000人次。
图说1、2:5月1日,三艘国际邮轮停靠在天津国际邮轮母港(无人机照片)。新华社记者 赵子硕 摄
图说3:5月1日,游客排队进入天津国际邮轮母港客运大厅。新华社记者 赵子硕 摄