China
ချိန်တယ် နွေရာသီအပန်းဖြေစခန်းနှင့် ၎င်းအနီးရှိ ဘုရားကျောင်းများ… ရှေးခေတ် ဗိသုကာရတနာများက ခေတ်၏ကျက်သရေသစ်ကို ထွန်းကားစေ

ချိန်တယ်၊ မေ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲပေပြည်နယ် ချိန်တယ်မြို့လယ်ခေါင်တွင် တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ၌ နာမည်ကျော်ကြားသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ အစုအဖွဲ့ဖြစ်သည့် ချိန်တယ် နွေရာသီအပန်းဖြေစခန်းနှင့် ၎င်းအနီးရှိ ဘုရားကျောင်းများသည် ဆိတ်ငြိမ်စွာ တည်ရှိနေပေသည်။
ချင်းမင်းဆက်ခေတ်တွင် တည်ဆောက်ထားသည့် ချိန်တယ် နွေရာသီအပန်းဖြေစခန်းနှင့် ၎င်းအနီးရှိ ဘုရားကျောင်းများသည် ကမ္ဘာတွင် လက်ရှိ တည်ရှိသော အကြီးမားဆုံး တော်ဝင်ဥယျာဉ်နှင့် တော်ဝင်ဘုရားကျောင်း အဆောက်အအုံအစုအဖွဲ့များအနက် တစ်ခုဖြစ်ရာ ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့သည်။
နွေရာသီအပန်းဖြေစခန်း သဘာဝ၏ တောတောင်ရေမြေ အနေအထားကို ဒီဇိုင်းရေးဆွဲမှု အတွေးအခေါ်အဖြစ် ထားရှိကာ ကျန်းနန်ဥယျာဉ်၏ နူးညံ့မှုအလှတရားနှင့် စိုက်ပေရှုခင်း၏ ခန့်ညားမှုကို တစ်သားတည်း ပေါင်းစပ်ထားရာ “တရုတ်နိုင်ငံ ပထဝီအင်္ဂါရပ်၏ ပုံရိပ်ငယ်” ဖြစ်လာခဲ့သည်။ နွေရာသီအပန်းဖြေစခန်း၏ အနီးဝန်းကျင်ရှိ ဘုရားကျောင်း ၁၂ ကျောင်း (ပါးဝိုက်ဘုရားကျောင်းဟု စုပေါင်းခေါ်ဝေါ်ကြသည်) တွင် တိုင်းရင်းသားလူမျိုးများစွာ၏ ဗိသုကာပညာ အနှစ်သာရကို စုစည်းထားသည်။
ယခုနှစ်များတွင် ချိန်တယ်မြို့သည် ရှေးခေတ်ဗိသုကာအဆောက်အဦများကို ပြုပြင်မွမ်းမံခြင်းနှင့် ယဉ်ကျေးမှုကဏ္ဍ မွမ်းမံရေး စီမံကိန်းများကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်ခဲ့ရာ ခက်ခဲကြမ်းတမ်းမှုများကို ဖြတ်သန်းခဲ့ရသည့် နန်းတော်တံတိုင်း၊ ဘုရားကျောင်းဆောင် အဆောက်အဦများမှာ ရှေးယခင်က ဂုဏ်ရည်ဖြင့် တစ်ဖန်ပြန်လည် တင့်တယ်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ယဉ်ကျေးမှုအမွေအနှစ်များ၏ ခေတ်ကာလအနှစ်သာရကို ထဲထဲဝင်ဝင် ဖော်ထုတ်ခဲ့ရာ နွေရာသီအပန်းဖြေစခန်း ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ ပြသရေးနှင့် အသုံးပြုရေးကို ဒစ်ဂျစ်တယ်အသွင် ကဏ္ဍသစ်သို့ တက်လှမ်းရအောင် တွန်းအားပေးခဲ့သည်။
၁၀ နှစ်ကြာ စူးစမ်းရှာဖွေခဲ့ရာတွင် နွေရာသီအပန်းဖြေစခန်း၏ ရှေးဟောင်းဗိသုကာအဆောက်အဦများကို ဒစ်ဂျစ်တယ်အသွင်ဖြင့် မူလသရုပ်ပြန်ဖော်ခြင်း အနုပညာပြပွဲကို ပရိသတ်များနှင့် မိတ်ဆက်ပေးနိုင်ခဲ့သည်။ ချင်းစူးဆန်း၊ လီဟွားပန့်ယွဲ့စသည့် ရှေးဟောင်းအမွေအနှစ်နေရာ ၁၇ ခုကို မူလသရုပ်ပြန်ဖော်ပြသနိုင်ခဲ့သည်။
နှစ်ပေါင်း ၃၀၀ ကျော် မိုးဒဏ်လေဒဏ်များကို ဖြတ်သန်းခဲ့ရသည့် ချိန်တယ် နွေရာသီအပန်းဖြေစခန်းနှင့် ၎င်းအနီးရှိ ဘုရားကျောင်းများသည် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းမှုနှင့် ဆန်းသစ်တီထွင် ဖော်ပြမှုများအား နက်ရှိုင်းစွာ ပေါင်းစည်းမှုဖြင့် တောက်ပလျက်ရှိပေသည်။ (Xinhua)
——————–
(Chinese Version)
文化中国行丨承德避暑山庄及其周围寺庙:古建瑰宝焕发时代新韵
新华社照片,承德(河北),2025年5月23日
在河北省承德市中心,静静伫立着享誉中外的世界文化遗产建筑群——承德避暑山庄及其周围寺庙。 承德避暑山庄及其周围寺庙建于清代,是世界上现存最大的皇家园林和皇家寺庙建筑群之一,1994年被列入《世界文化遗产名录》。避暑山庄以“自然天成地就势”为设计理念,将江南园林的秀美与塞北风光的雄浑融为一体,形成“中国地理形貌之缩影”;避暑山庄周围12座寺庙群(统称“外八庙”)则汇聚多民族建筑精华。 近年来,承德市持续推进古建修缮与文修工程,让历经沧桑的宫墙庙宇重焕昔日风华。同时,深入挖掘文化遗产的时代内涵,推动避暑山庄文物保护、展示和利用走向数字化新阶段。经过十年探索,避暑山庄古建筑数字化复原艺术展与观众见面。清舒山馆、梨花伴月等17处遗址得到复原展示。 历经300多年风雨的承德避暑山庄及其周围寺庙,正在文化遗产保护与创新表达的深度融合中焕发光彩。
1. 5月20日,游客在承德避暑山庄游览(无人机照片)。 新华社记者 杨世尧 摄