China
တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် “မောင်းနှင်အား” ပံ့ပိုးပေးရန် အစဉ်အမြဲ အားထားဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို အစဉ်အမြဲ အားထားဆောင်ရွက်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်ကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် “မောင်းနှင်အား” ထောက်ပံ့ပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
လတ်တလောကာလများအတွင်း တရုတ်နိုင်ငံ ဌာနနှင့်အဖွဲ့အစည်းများစွာက “မေဒေး” ရုံးပိတ်ရက် ကာလအတွင်း ပြည်တွင်းစီးပွားရေးလုပ်ဆောင်ချက် စောင့်ကြည့်ရေး အချက်အလက်များကို ထုတ်ပြန်ခဲ့ကြောင်း၊ ခရီးသွားဧည့်သည် သွားလာမှုပမာဏ ၊ လက်လီရောင်းချရေးနှင့် စားသောက်ကုန်လုပ်ငန်း အရောင်းပမာဏ၊ ခရီးသွားလာမှု အမှာစာပမာဏ စသည့်အညွှန်းကိန်းများစွာအရ ကြည့်ပါက တရုတ်နိုင်ငံ စားသုံးမှုဈေးကွက်သည် ယခုအကြိမ် ရုံးပိတ်ရက်ကာလအတွင်း အဆက်မပြတ် တိုးတက်လာကြောင်း၊ တရုတ်စီးပွားရေး၏ အားကောင်းသော တက်ကြွမှုအင်အားသည် အချို့သောအဖွဲ့အစည်းများက တရုတ်စီးပွားရေး အနာဂတ်အလားအလာပေါ် ပူပန်မှုများနှင့် မတူကွဲပြားခြားနားလျက်ရှိကြောင်း၊ တရုတ်စီးပွားရေးက ၎င်း၏ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ကြောင့် ပြည်ပထိုးနှက်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိနေသည်ဟုလည်း ထင်မြင်ယူဆချက်များစွာရှိကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ပြောခွင့်ရပုဂ္ဂိုလ်က မည်ကဲ့သို့သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်က ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
“အားကောင်းတဲ့ ရုံးပိတ်ရက်ကာလအတွင်း စားသုံးမှုက တရုတ်စီးပွားရေးရဲ့အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ အားအင်နဲ့ အလားအလာကို ဖော်ပြနေပါတယ်”၊ “မေဒေး” ရုံးပိတ်ရက်ကာလအတွင်း တစ်နိုင်ငံလုံးရှိ စားသုံးမှုသက်ဆိုင်ရာလုပ်ငန်း အရောင်းဝင်ငွေသည် ယမန်နှစ်ကာလတူထက် ၁၅.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်များ ပြည်ဝင်ပြည်ထွက်မှုသည် တစ်ရက်လျှင် ပျမ်းမျှအကြိမ်ရေ ၂.၁၇၉ သန်းရှိကာ ယမန်နှစ်ကာလတူထက် ၂၈.၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ၎င်းအနက် နိုင်ငံခြားသား ပြည်ဝင်ပြည်ထွက်မှု အကြိမ်ရေသည် ၁.၁၁၅ သန်းဖြစ်ကာ တိုးတက်မှုပမာဏသည် ယမန်နှစ်ကာလတူထက် ၄၃.၁ ရာခိုင်နှုန်းရှိကြောင်း၊ ပြည်ဝင်ခရီးသွားလာရေးအတွက် အရောင်းပမာဏသည် ၉၀ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံသို့ ခရီးသွားခြင်း” မှ “တရုတ်နိုင်ငံတွင် ဈေးဝယ်ခြင်း” အထိ စနစ်ပုံစံ တံခါးဖွင့်လှစ်မှု အစီအမံသည် ပြည်ပခရီးသွားဧည့်သည်များအား လက်တွေ့ကျကျဆွဲဆောင်မှုအဖြစ် ပြောင်းလဲလျက်ရှိကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် တရုတ်ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲ (ကန်တုန်ကုန်စည်ပြပွဲ – Canton Fair) တွင် ပြပွဲတက်ရောက်လာသော ပြည်ပအဝယ်တော်ကုန်သည်နှင့် ပြပွဲတွင်ပင် တင်ပို့ရန် သဘောတူညီခြင်း စသည့် အညွှန်းကိန်းအမျိုးမျိုးကလည်း သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း၊ ဝယ်ယူရန် ပြပွဲတွင်ပါဝင်သည့် ထိပ်တန်း မာလ်တီနေရှင်နယ်ကုမ္ပဏီပေါင်း ၃၇၆ ခုရှိပြီး သမိုင်းစံချိန်သစ်တင်ခဲ့သဖြင့် နိုင်ငံအသီးသီးမှ စက်မှုနှင့်ကုန်သည်စီးပွားရေးကဏ္ဍက တရုတ်စီးပွားရေး ရေရှည်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် ဆက်လက် အကောင်းမြင်မှုရှိသည်ကို ထင်ဟပ်နေကြောင်း ၎င်းကပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ “တရုတ်နိုင်ငံ စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် တိုးတက်မှု အစီရင်ခံစာ (၂၀၂၅)” က တရုတ်နိုင်ငံအစိုးရရဲ့ တရုတ်ပြည်တွင်းပြည်ပကုမ္ပဏီများအတွက် ဈေးကွက်အသွင်၊ တရားဥပဒေစိုးမိုးမှုအသွင်၊ နိုင်ငံတကာအသွင် ရှိသော ထိပ်တန်း စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင် ဆက်လက်တည်ဆောက်တဲ့ ဆုံးဖြတ်ချက်နဲ့ စေတနာကို ဘက်စုံဖော်ပြနေပါတယ်” ဟုလည်း ၎င်းက ဆိုခဲ့သည်။
မူဝါဒဆန်းသစ်တီထွင်မှုနှင့် ဈေးကွက်ခွန်အားများ စည်းချက်ညီညီလှုပ်ရှားခြင်း၊ ဝယ်လိုအား ဖော်ထုတ်ခြင်းနှင့် ပြည့်ဝစွာထောက်ပံ့ပေးခြင်းတို့ကို ဦးတည်ချက်တူအားထုတ်ခြင်းတို့သည် တရုတ်စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်၏ လျှို့ဝှက်ချက်၊ တရုတ်နိုင်ငံက ပြည်ပအန္တရာယ်စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စွာ ဖော်ဆောင်နိုင်ခြင်း၏ ယုံကြည်ချက်ပင်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
တစ်ခဏတာ မိုးသက်လေပြင်းများက တရုတ်စီးပွားရေးသင်္ဘောကြီးကို နစ်မြုပ်သွားအောင် လုပ်နိုင်မည် မဟုတ်သလို တရုတ်ပြည်သူများ၏ သာယာချမ်းမြေ့သောဘဝအပေါ် မျှော်လင့်တောင့်တမှုနှင့် ကြိုးပမ်းမှုများကိုလည်း တားဆီးနိုင်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို အစဉ်အမြဲ အားထားဆောင်ရွက်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်ကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် “မောင်းနှင်အား” ထောက်ပံ့ပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
外交部:中国将始终致力于为世界经济增长提供“引擎力”
新华社北京5月8日电(记者马卓言、陆君钰)外交部发言人林剑8日表示,中国将始终致力于高水平对外开放,致力于合作共赢,致力于为世界经济增长提供“引擎力”。
当日例行记者会上,有记者问:近日,中国多个部门和机构公布了“五一”假期国内经济表现监测数据,从客流量、零售餐饮销售额、旅游订单量等多项指标看,中国消费市场在这个假期持续升温。中国经济迸发的强劲活力似乎与一些国际机构对中国经济前景的担忧形成反差,也有不少观点认为中国经济的韧性令其能够扛住各种外部冲击。发言人对此有何评论?
“火爆的假日消费折射出中国经济蓬勃向上的活力和潜力。”林剑说,据统计,“五一”期间全国消费相关行业销售收入同比增长15.2%,中外人员出入境日均217.9万人次,同比增长28.7%,其中外国人出入境111.5万人次,同比涨幅高达43.1%,入境游销售额增长约九成。
林剑表示,从“中国游”到“中国购”,制度型开放举措正在转化为对外国游客实实在在的吸引力。在刚刚闭幕的广交会上,到会境外采购商人数和现场意向出口成交等多项指标刷新历史纪录,头部跨国采购企业达376家,创历史新高,反映出各国工商界继续看好中国经济长期向好发展。
“中方日前发布的《中国营商环境发展报告(2025)》更是全方位展示了中国政府为中外企业持续打造市场化、法治化、国际化一流营商环境的决心和诚意。”他说。
林剑表示,政策创新与市场活力同频共振,释放需求与丰富供给同向发力,这些正是中国经济的韧性密码,是中国能够扛过外部风险挑战、稳步高质量发展的底气和信心。一时的风浪掀不翻中国经济的巨轮,更阻挡不了中国人民对美好生活的追求与奋斗。中国将始终致力于高水平对外开放,致力于合作共赢,致力于为世界经济增长提供“引擎力”。(完)