Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆွီဒင်နိုင်ငံ ဘုရင် Carl XVI Gustaf တို့ တရုတ်-ဆွီဒင် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆွီဒင်နိုင်ငံ ဘုရင် Carl XVI Gustaf တို့သည် မေ ၉ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့၍ တရုတ်-ဆွီဒင် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်အတွက် ဂုဏ်ပြုခဲ့ကြသည်။

ထိုသို့ သဝဏ်လွှာပေးပို့ရာတွင် ရှီကျင့်ဖိန်က ဆွီဒင်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ပထမဆုံးအသုတ် ဥရောပတိုက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း ထောက်ပြခဲ့သည်။ သံတမန်ဆက်ဆံရေးထူ‌ထောင်သည့် ၇၅ နှစ်အတွင်း တရုတ်-ဆွီဒင်ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံ ကုန်သွယ်စီးပွား၊ သိပ္ပံနည်းပညာ၊ ပညာရေး၊ လူမှုယဉ်ကျေးမှု စသည့် ပူးပေါင်းဆောင်ရွက်မှုများလည်း အဆက်မပြတ် တိုးချဲ့လာပြီး တက်ကြွသောရလဒ်များ ရရှိခဲ့ကြောင်း ၎င်းက သဝဏ်လွှာတွင်ဖော်ပြထားသည်။

ရှီကျင့်ဖိန်က မိမိအနေဖြင့် တရုတ်-ဆွီဒင် ဆက်ဆံရေးတိုးတက်မှုကို များစွာအလေးထားကြောင်း၊ အဆွေတော် ဘုရင် Carl XVI Gustaf နှင့်အတူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အား စမှတ်အသစ်အဖြစ် ထားရှိကာ နှစ်နိုင်ငံ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး၊ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ လူပုဂ္ဂိုလ်အချင်းချင်း သွားလာဆက်ဆံမှုများ မြှင့်တင်ရေးအတွက် ဦးဆောင်ကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးအား အတူတကွ ထောက်ခံအားပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသည့် အကျိုးစီးပွားများ ဆောင်ကြဉ်းပေးရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပိုမိုကြီးမားစွာ အကျိုးဆောင်ရန်အတွက် အတူကြိုးပမ်းသွားလိုကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ဘုရင် Carl XVI Gustaf က ဆွီဒင်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် အခါသမယတွင် မိမိအနေဖြင့် ဆွီဒင်-တရုတ် နှစ်နိုင်ငံ၏ ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းလာစေရန် လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ဆွီဒင်-တရုတ် ချစ်ကြည်ရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ကြောင်း သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
习近平同瑞典国王卡尔十六世·古斯塔夫就中瑞建交75周年互致贺电
新华社北京5月9日电 5月9日,国家主席习近平同瑞典国王卡尔十六世·古斯塔夫互致贺电,庆祝两国建交75周年。
习近平指出,瑞典是第一批同新中国建交的欧洲国家之一。建交75年来,中瑞关系总体保持平稳,两国经贸、科技、教育、人文等合作不断拓展,取得积极成果。我高度重视中瑞关系发展,愿同卡尔十六世·古斯塔夫国王一道努力,以两国建交75周年为新起点,引领两国增进政治互信、深化务实合作、密切人员往来,共同支持多边主义和自由贸易,为两国人民带来更多福祉,为世界和平繁荣作出更大贡献。
卡尔十六世·古斯塔夫表示,值此瑞中建交75周年之际,我衷心祝愿瑞中两国的密切合作持续深化,期待瑞中友好关系不断发展。(完)