China
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ပိုင်ဆားခရိုင်တွင် “စိမ်းလန်းစိုပြည်သောကျွန်း၏ မှင်စာလေး” များ အပင်များကြား ဆော့ကစားနေ

ဟိုင်ခို၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ပိုင်ဆား လီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပန်းရှီးမြို့ရှိ ဟိုင်နန် ပန်းရှီး ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန်သည် ရွှေသမင်များ၏ အဓိကခိုနားရာ နေရာများအနက် တစ်ခုဖြစ်သည်။ ရွှေသမင်သည် Rucervus မျိုးစုခွဲတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းတွင်သာ နေထိုင်ကျက်စားလေ့ရှိသည်။ ရွှေသမင်သည် နိုင်ငံတော် အဆင့် (၁) အဓိကကာကွယ်ထိန်းသိမ်းထားသော တိရစ္ဆာန်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) က မျိုးသုဉ်းရန်အန္တရာယ်ရှိသည့်စာရင်းဝင်အဖြစ် ထည့်သွင်းထားသည်။
လတ်တလောနှစ်ပိုင်းတွင် ဘက်ပေါင်းစုံ၏ အတူတကွကြိုးပမ်းမှုဖြင့် ဟိုင်နန်ပန်းရှီးပြည်နယ်အဆင့် သဘာဝ ထိန်းသိမ်းကာကွယ်ရေးဇုန်သည် “စိမ်းလန်းစိုပြည်သောကျွန်း၏ မှင်စာလေး” များဖြစ်သည့် ရွှေသမင်များ အသက်ရှင်နေထိုင်ရာ သာယာလှပသော နေရပ်ဌာနေဖြစ်လာပြီဖြစ်သည်။ စာရင်းကောက်ယူမှုများအရ လက်ရှိတွင် ဟိုင်နန်ပန်းရှီးပြည်နယ်အဆင့် သဘာဝ ထိန်းသိမ်းကာကွယ်ရေးဇုန်အတွင်း၌ ရွှေသမင် အကောင်ရေ ၂၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
海南白沙:“绿岛精灵”戏跃林间
新华社照片,海口,2025年6月21日
位于海南省白沙黎族自治县邦溪镇的海南邦溪省级自然保护区,是海南坡鹿的重要栖息地之一。海南坡鹿是鹿科泽鹿属的一个亚种,仅分布于中国海南岛,海南坡鹿是国家一级重点保护动物,被世界自然保护联盟列为濒危物种。近年来,通过多方共同努力,海南邦溪省级自然保护区已经成为“绿岛精灵”海南坡鹿生活的美丽家园。据统计,目前海南邦溪省级自然保护区有海南坡鹿200余头。
图说:这是在海南邦溪省级自然保护区拍摄的一群海南坡鹿(6月17日摄)。 新华社记者 杨冠宇 摄