China
နွေရာသီ ဒါဗို့စ်ဖိုရမ်တွင် ဧည့်သည်တော်များက ခေတ်သစ် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဓာတ်အကြောင်း ဆွေးနွေး

ထျန်းကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေးဖိုရမ် ၁၆ ကြိမ်မြောက် ချန်ပီယံသစ်များ နှစ်ပတ်လည် အစည်းအဝေး (၂၀၂၅ ခုနှစ် နွေရာသီ ဒါဗို့စ်ဖိုရမ်) ကို ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ခေါင်းစဉ်မှာ “ခေတ်သစ် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဓာတ်” ဖြစ်သည်။ ယခုအကြိမ် နွေရာသီ ဒါဗို့စ်ဖိုရမ်တွင် ဖိုရမ်ခွဲ အခမ်းအနားပေါင်း ၂၀၀ နီးပါး ကျင်းပသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပြည်ပ ဧည့်သည်တော်များက အဆိုပါဖိုရမ်ခွဲများတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်၍ အတွေးအမြင်များ ထုတ်ဖော်ပြောကြားကာ ဖြေရှင်းရေးနည်းလမ်းများ အဆိုပြုပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံဉာဏ်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သတင်းထောက်က သိရှိရသည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ (ထျန်းကျင်း) ၌ ကျင်းပသည့် နွေရာသီ ဒါဗို့စ်ဖိုရမ်တွင် ဧည့်သည်တော်များက “စွမ်းအင်အသွင်ကူးပြောင်းမှု လက်ရှိအခြေအနေ အဘယ်နည်း” ဖိုရမ်ခွဲ၌ ကူးလူးဖလှယ်နေပုံကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ (ထျန်းကျင်း) ၌ ကျင်းပသည့် နွေရာသီ ဒါဗို့စ်ဖိုရမ်တွင် ဧည့်သည်တော်များက ချန်ပီယံသစ်များရွာအတွင်း၌ အပြန်အလှန်ဆွေးနွေးနေသည်ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
夏季达沃斯论坛丨嘉宾共话新时代企业家精神
新华社照片,天津,2025年6月24日
6月24日至26日,世界经济论坛第十六届新领军者年会(2025夏季达沃斯论坛)在天津举行,主题为“新时代企业家精神”。记者了解到,本届夏季达沃斯论坛将举办近200场分论坛活动,中外嘉宾将广泛参与各个分论坛,发表真知灼见,提出解决方案,为全球经济发展建言献策。
1、2:6月24日,在国家会展中心(天津),嘉宾在“能源转型现状如何”分论坛现场交流。新华社记者 赵子硕 摄
3:6月24日,在国家会展中心(天津),嘉宾在新领军者村内交谈。新华社记者 孙凡越 摄