China
ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့ ဒုတိယအကြိမ် အာကာသစခန်းပြင်ပလုပ်ငန်းဆောင်ရွက်မှု အောင်မြင်

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့မှ အာကာသယာဉ်မှူးများဖြစ်သည့် ချန်တုန်း၊ ချန်ကျုံးရွှေ့၊ ဝမ်ကျယ်တို့သည် ဇွန် ၂၆ ရက် ၂၁ နာရီ ၂၉ မိနစ်တွင် ၆ နာရီခွဲခန့်ကြာ အာကာသစခန်း ပြင်ပလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အာကာသစခန်း စက်လက်မောင်းတံနှင့် မြေပြင် သိပ္ပံသုတေသနဝန်ထမ်းတို့ တွဲဖက်ပံ့ပိုးမှုဖြင့် သတ်မှတ်ထားသောတာဝန်အား အောင်မြင်စွာ ထမ်းဆောင်ခဲ့သည်။ အာကာသစခန်း ပြင်ပသို့ထွက်သည့် အာကာသယာဉ်မှူး ချန်တုန်း၊ ချန်ကျုံးရွှေ့တို့သည် ဝန့်ထျန်းစမ်းသပ်ခန်းသို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်သွားခဲ့ပြီဖြစ်ကာ အာကာသစခန်းပြင်ပလုပ်ငန်းဆောင်ရွက်မှု အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခဲ့ကြောင်း သိရသည်။
အာကာသစခန်းပြင်ပလုပ်ငန်းဆောင်ရွက်သည့်ကာလအတွင်း အာကာသယာဉ်မှူး ချန်တုန်း၊ ချန်ကျုံးရွှေ့တို့သည် အာကာသစခန်းအတွက် အာကာသအပိုင်းအစများ အကာအကွယ်ပစ္စည်း တပ်ဆင်မှု၊ စခန်းပြင်ပပစ္စည်းများ လှည့်လည်စစ်ဆေးခြင်းနှင့်စီမံခြင်း စသည့် တာဝန်များကို လုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ ထို့ပြင် စခန်းပြင်ပ ပလက်ဖောင်း၌ foot restraint adapters နှင့် interface adapters များ အောင်မြင်စွာ တပ်ဆင်ခဲ့သောကြောင့် အာကာသယာဉ်မှူးများ၏ အာကာသစခန်းပြင်ပ၌ လုပ်ငန်းလုပ်ဆောင်သည့် ထိရောက်မှုအား မြှင့်တင်ရန် အထောက်အကူပြုကြောင်း၊ ထိုသို့လုပ်ဆောင်မှုကြောင့် နောက်ဆက်တွဲ အာကာသစခန်းပြင်ပလုပ်ငန်းဆောင်ရွက်မှုကြာချိန်ကိုလည်း မိနစ် ၄၀ ဝန်းကျင် လျှော့ချနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ သတင်းများအရ သိရသည်။
လက်ရှိတွင် အာကာသယာဉ်မှူးအဖွဲ့က တာဝန်ယူထားသည့် အာကာသ သိပ္ပံစမ်းသပ်မှုများကို တည်ငြိမ်စွာ ဖော်ဆောင်လျက်ရှိကာ ဆက်လက်ပြီး အဓိကအားဖြင့် အာကာသ သက်ရှိသိပ္ပံ၊ Microgravity အခြေခံရူပဗေဒ၊ အာကာသပစ္စည်းသိပ္ပံ၊ အာကာသ ဆေးပညာ၊ အာကာသ နည်းပညာအသစ်များ စသည့် ကဏ္ဍများတွင် အာကာသ သိပ္ပံ သုတေသနနှင့် နည်းပညာ စမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ (Xinhua)

ရှန်ကျိုး-၂၀ အာကာသယာဉ်မှူး ချန်တုန်း (ဝဲဘက်) နှင့် ချန်ကျုံးရွှေ့တို့သည် အာကာသစခန်း ပူးတွဲအပိုင်းပြင်ပ၌ လုပ်ငန်းများ ဆောင်ရွက်နေသည့်မြင်ကွင်းအား ပေကျင်း လေကြောင်းနှင့် အာကာသ ထိန်းချုပ်ရေး စင်တာ (BACC) ဖန်သားပြင်မှတစ်ဆင့် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
神舟二十号航天员乘组圆满完成第二次出舱活动
新华社北京6月26日电(蔡琳琳、李陈虎)6月26日21时29分,经过约6.5小时的出舱活动,神舟二十号乘组航天员陈冬、陈中瑞、王杰密切协同,在空间站机械臂和地面科研人员的配合支持下,圆满完成既定任务,出舱航天员陈冬、陈中瑞已安全返回问天实验舱,出舱活动取得圆满成功。
据中国载人航天工程办公室介绍,出舱活动期间,航天员陈冬、陈中瑞完成了空间站空间碎片防护装置安装、舱外设备设施巡检及处置等任务;并在舱外平台成功安装脚限适配器和接口转接件,有助于提高航天员舱外作业效率,后续出舱活动时间有望因此缩短40分钟左右。
目前,乘组承担的各项空间科学实验正在稳步推进,后续还将重点在空间生命科学、微重力基础物理、空间材料科学、航天医学、航天新技术等领域开展空间科学研究与技术试验。(完)
1、2:这是6月26日在北京航天飞行控制中心屏幕上拍摄的神舟二十号航天员陈冬(左)与陈中瑞在空间站组合体舱外工作的画面。新华社发(周柯毅摄)
3:这是6月26日在北京航天飞行控制中心屏幕上拍摄的神舟二十号航天员陈冬(右)与陈中瑞在问天气闸舱准备关闭舱门的画面。新华社发(周柯毅摄)