China
ဆရာ့ကျောပိုးခြင်းတောင်းမှ တက္ကသိုလ်ကျောင်းဝန်းထိ အိပ်မက်ဖော်ဆောင်လာခဲ့သော မိန်းကလေး

နန်နင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် ၁၂ နှစ်က ယွီမောက်ရှန်းသည် ဆရာ၏ ကျောပိုးခြင်းတောင်းထဲမှ မိန်းကလေးတစ်ဦးဖြစ်ခဲ့သည်။ ၁၂ နှစ်အကြာ ယနေ့မှာတော့ ၎င်းသည် တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ၁၂ နှစ်တာ အချိန်ကာလ ကျော်ဖြတ်လာခဲ့ရာ အဆိုပါ တောင်တန်းဒေသမှ မိန်းကလေးငယ်၏ အိပ်မက်သည်လည်း လက်တွေ့အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်သည်။
ယွီမောက်ရှန်းသည် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လုံစိန့်တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် လုံကျီမြို့နယ် ကျန်းလျိုရွာ ယွီကျားကျေးရွာလေး၌ နေထိုင်သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းထောက်က လုံကျီမြို့နယ် ကျန်းလျိုရွာ ဝုန်းကျန်းမူလတန်းကျောင်းသို့ သွားရောက် တွေ့ဆုံမေးမြန်းချိန်တွင် ဆရာယွီချီကွေ့က ကျောပိုးခြင်းတောင်းဖြင့် ယွီမောက်ရှန်းကို ကျောပိုးကာ ကျောင်းသား၊ ကျောင်းသူ အချို့ကို ဦးဆောင်ပြီး ကျောင်းဆင်း အိမ်အပြန်လမ်းတွင် လမ်းလျှောက်နေသည်။
ယွီချီကွေ့သည် အဆိုပါကျောင်း၏ တစ်ဦးတည်းသော ကျောင်းဆရာဖြစ်သည်။ ထိုစဉ်က ကျောင်းသို့ လမ်းမပေါက်သဖြင့် ၎င်းက နေ့စဉ် ကျောင်းသား၊ ကျောင်းသူများကို ဦးဆောင်ပြီး ကျောင်းတက်ချိန်တွင် အမြဲကျောပိုးခြင်းတောင်းတစ်ခုကို ကျောပိုးထားသည်။ ကျောပိုးခြင်းတောင်းထဲတွင် တစ်ခါတရံ ကျောင်းသား၊ ကျောင်းသူများ မသယ်နိုင်သော ကျောပိုးအိတ်များ အပြည့်ထည့်ထားပြီး တစ်ခါတစ်ရံတွင်မူ လမ်းမလျှောက်နိုင်တော့သည့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးကို ကျောပိုးထားလေ့ရှိသည်။ ယွီမောက်ရှန်းသည်လည်း ၎င်း၏ကျောပိုးခြင်းတောင်းထဲတွင် ကျောပိုးထားသော ကျောင်းသား၊ ကျောင်းသူများအနက် တစ်ဦးဖြစ်သည်။ ထို့ကြောင့် ယွီချီကွေ့ကို “ခြင်းတောင်းကျောပိုး ဆရာ” ဟု ခေါ်ဆိုကြပြီး ၂၀၁၄ ခုနှစ်တွင် “တစ်နိုင်ငံလုံး စံပြကျောင်းဆရာ” အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
၁၂ နှစ်တာအတွင်း ယွီမောက်ရှန်းသည် အပတ်တကုတ် လေ့လာသင်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကွေ့လျင် သတင်းအချက်အလက်နှင့် နည်းပညာ အင်စတီကျုသို့ ဝင်ရောက်ခွင့် ရခဲ့သောကြောင့် ကျောင်းဆရာ ကျောပိုးခြင်းတောင်းထဲမှ မိန်းကလေးသည် တက္ကသိုလ်ကျောင်းဝန်းမှ ကျောင်းသူဖြစ်လာခဲ့ပေသည်။
“ကျွန်မ မူလတန်းတက်တုန်းက ကျွန်မတို့ရွာမှာ လမ်းမပေါက်သေးဘူး။ အိမ်ကနေ ကျောင်းကိုဆို လမ်းက ၄ ကီလိုမီတာ နီးပါးရှိတယ်။ ကျွန်မတို့ အစောကြီး အိပ်ရာထပြီး တောင်ပေါ်လမ်း ၁ နာရီကျော် လောက်လျှောက်မှ ရောက်တယ်။ ဇာတိမှာ အခြေအနေ အဲဒီလောက်ခက်ခဲကြမ်းတမ်းတာ၊ မိဘတွေ အသက်ရှင်နေထိုင်ဖို့ ပင်ပင်ပန်းပန်း ကြိုးစားရတာ တွေ့ရတော့ ကျွန်မလည်း အဲဒီတောင်တန်းထဲကနေ ထွက်လာနိုင်အောင် စာကြိုးစားသင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်” ယွီမောက်ရှန်းက ပြောကြားခဲ့သည်။
အနာဂတ်အစီအစဉ်ကို ပြောရာတွင် ယွီမောက်ရှန်းက “ပံ့ပိုးမှုသုံးရပ် ကူညီဖော်ဆောင်ရေးတစ်ရပ်” (ပညာရေးပံ့ပိုးမှု၊ စိုက်ပျိုးရေးပံ့ပိုးမှု၊ ဆေးကုသရေးပံ့ပိုးမှုနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကူညီဖော်ဆောင်ရေး) အဆင့်မြင့်ပညာ တက္ကသိုလ်ကျောင်း ဘွဲ့ရ ကျောင်းသားကျောင်းသူများ အခြေခံအလွှာ ဝန်ဆောင်မှု အစီအစဉ်၌ ပါဝင်သွားလိုကြောင်း၊ မိမိလေ့လာသင်ယူခဲ့သည့် အသိပညာဗဟုသုတများကို အခြေခံအလွှာအထိ သယ်ဆောင်သွားပေးပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိအင်အားဖြင့် အကျိုးထမ်းဆောင်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ လုံစိန့်တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် လုံကျီမြို့နယ် ကျန်းလျိုရွာ၌ ယွီမောက်ရှန်း (ယာ တတိယ) က ဆရာ၊ ကျောင်းနေဖက်များနှင့်အတူ ကျောင်းသွားတက်နေသည်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (အပေါ်ပုံ)၊ တရုတ်နိုင်ငံ ကွေ့လျင် သတင်းအချက်အလက် နည်းပညာ အင်စတီကျု၌ ယွီမောက်ရှန်း (အရှေ့တန်း ဝဲ ပထမ) နှင့် အတန်းဖော်များက စာသင်ခန်းအတွင်း၌ သင်ခန်းစာ လေ့လာသင်ယူနေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (အောက်ပုံ) (ဆင်ဟွာ)
—————————–
(Chinese Version)
新华全媒+丨从老师背篓到大学校园的追梦女孩
新华社照片,南宁,2025年6月1日
12年前,余茂鲜是老师背篓里的一名小女孩。12年后的今天,她已是大学校园里的一名大学生。12年时光流转,这个大山女孩梦想花开。
余茂鲜家住广西龙胜各族自治县龙脊镇江柳村余家寨。2013年2月26日,记者到龙脊镇江柳村翁江小学采访时,余启贵老师用背篓背着余茂鲜,领着几名学生走在放学回家的路上。余启贵是这所学校唯一的老师,当时学校不通公路,他每天领着学生去学校时,总是背着一个背篓,背篓里有时装满学生背不动的书包,有时背着一个走不动了的学生。余茂鲜是他背篓里背着的许多学生中的一个。余启贵也因此被称为“背篓老师”,2014年被评为“全国模范教师”。
12年来,余茂鲜刻苦学习,2024年考上桂林信息科技学院,从老师背篓里的小女孩变成了大学校园里的学生。“我读小学时,我们村还没有修通公路,从家到学校将近4公里的路,我们得早早起床走1个多小时的山路才能到达。看到家乡条件的艰苦,看到父母打拼生活的艰辛,我就下定决心一定要努力学习走出那片大山”余茂鲜说。
谈及今后的打算,余茂鲜说,想参加“三支一扶”(支教、支农、支医和帮扶乡村振兴)高校毕业生基层服务项目,愿意把自己所学知识带到基层,为乡村发展贡献自己的力量。
图说1:拼版照片。上图:在广西龙胜各族自治县龙脊镇江柳村,余启贵老师用背篓背着余茂鲜走在放学回家的路上(2013年2月26日摄)。下图:在桂林信息科技学院,余茂鲜(右)向辅导员朱婷婷请教有关学习的问题(2025年5月29日摄)。 新华社记者 陆波岸 摄
图说2:拼版照片。上图:在广西龙胜各族自治县龙脊镇江柳村,余茂鲜(右三)和老师同学走在去学校的路上(2013年2月26日摄)。下图:在桂林信息科技学院,余茂鲜(前排左一)和同学在课堂上听课(2025年5月29日摄)。新华社记者 陆波岸 摄