Connect with us

China

လီချန်နှင့် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဖိတ်ကြားချက်အရ ဇွန် ၆ ရက် နံနက်ပိုင်းတွင် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာ၌ လီချန်က ကနေဒါနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အစောဆုံး ထူထောင်သည့် အနောက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်-ကနေဒါ ဆက်ဆံရေးသည် ယခင်က ကာလကြာရှည်စွာ တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး၏ ရှေ့တန်းတွင် ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် ရှေ့နှစ်ပိုင်းများတွင် တရုတ်-ကနေဒါဆက်ဆံရေးသည် မလိုအပ်သော နှောင့်ယှက်မှုများကြောင့် ဆိုးရွားသည့်အခက်အခဲနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံနှင့်အတူ ရှေ့သို့ရှုမျှော်သည့် သဘောထားကို အရင်းခံ၍ နှစ်နိုင်ငံဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာရန်၊ ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သောလမ်းကြောင်းသို့လျှောက်လှမ်းရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းမှုကို ပိုမိုကောင်းမွန်စွာဖော်ဆောင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-ကနေဒါ ဖွံ့ဖြိုးတိုးတက်မှုသည် အပြန်အလှန်အတွက် အခွင့်အလမ်းဖြစ်ပြီး ခြိမ်းခြောက်မှု မဟုတ်ကြောင်း လီချန်က ထောက်ပြပြောကြားခဲ့သည်။ နှစ်နိုင်ငံသည် အခြေခံအကျိုးစီးပွားပဋိပက္ခ မရှိဘဲ အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုသာရှိကြောင်း၊ ကနေဒါဘက်အနေဖြင့် တရုတ်ဘက်နှင့်အတူ စိတ်တူကိုယ်တူလုပ်ဆောင်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဓမ္မဓိဋ္ဌာန်ကျစွာ ရှုမြင်ကာ အပြန်အလှန်‌အောင်မြင်ရန် ဖြည့်ဆည်းပေး၍ စည်ပင်ဝပြောမှုကို အတူမြှင့်တင်ရန် မျှော်လင့်ကြောင်း၊ အနာဂတ်ကို မျှော်မှန်းပါက တရုတ်-ကနေဒါ ပူးပေါင်းဆောင်ရွက်မှု အလားအလာကြီးမားကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် စီးပွားရေးအရ အပြန်အလှန်ဖြည့်ဆည်းပေးနိုင်မှု စွမ်းရည်အားကောင်းကြောင်း၊ နှစ်ဖက်က သမားရိုးကျကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး သန့်ရှင်းစွမ်းအင်၊ ရာသီဥတုပြောင်းလဲမှု၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ လူပုဂ္ဂိုလ်များ ကူးလူးဖလှယ်မှုနှင့် ကုန်သွယ်ရေး သွားလာဆက်ဆံမှုကို ချဲ့ထွင်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရအနေဖြင့် ပြည်သူများ၏တိုက်တွန်းသံများကို နားဆင်လိုက်လျောပြီး နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် အကျိုးရှိသည့်၊ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးမြှင့်နိုင်သည့် ကိစ္စများ ပိုမိုလုပ်ဆောင်သင့်ကြောင်း လီချန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံနှင့်အတူ တန်းတူညီမျှ၍ လေးစားသည့် အခြေခံပေါ်တွင် ကွဲလွဲမှုများအား ထားရှိကာ တူညီမှုများအား စုစည်းရေး၊ တူညီမှုများအား စုစည်းခြင်းဖြင့် ကွဲလွဲမှုများအား ဖြေလျှော့ရေးကို ဖော်ဆောင်ပြီး ကဏ္ဍစုံကူးလူးဖလှယ် တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ကာ အပြန်အလှန် စိုးရိမ်ပူပန်မှုများကို ကောင်းမွန်စွာ‌ဖြေရှင်းသည့် နည်းလမ်း ရှာဖွေသွားလိုကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေ ရှုပ်ထွေးပြောင်းလဲလျက်ရှိရာ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ပိုမို ဆိုးရွားလာလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံနှင့်အတူ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးကို အတူတကွထိန်းသိမ်းကာ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းခြင်းနှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ် မှန်ကန်သောလားရာဆီသို့ တိုးတက်ရန် တွန်းအားပေးကာ ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုများပြားသည့် တည်ငြိမ်မှုများ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ၎င်းက‌ ပြောကြားခဲ့သည်။

မာ့ခ်ကာနီက ကနေဒါ-တရုတ် နှစ်နိုင်ငံသည် နက်ရှိုင်းသော အစဉ်အလာချစ်ကြည်ရေးရှိကြကြောင်း၊ တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကနေဒါ-တရုတ် ဆက်ဆံရေးသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကတောက်ကဆများဖြစ်ခဲ့ကြောင်း၊ ကနေဒါနိုင်ငံအနေဖြင့် ကနေဒါ-တရုတ်ဆက်ဆံရေးကို ပြန်လည်ဖော်ဆောင်လိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုနှင့် သံတမန်ရေး၊ ကုန်သွယ်စီးပွား စသည့်ကဏ္ဍများတွင် တွေ့ဆုံဆွေးနွေးမှု ယန္တရား ပြန်လည်ဖော်ဆောင်ကာ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ကဏ္ဍများတွင် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိနိုင်ငံတကာအခြေအနေအား ရင်ဆိုင်ရာတွင် ကနေဒါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်မှုကို တိုးမြှင့်သွားလိုပြီး နိုင်ငံတကာ ဘဏ္ဍာရေး ကုန်သွယ်မှုစနစ်ကို အတူတကွ ထိန်းသိမ်းကာကွယ်ကာ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရေးအတွက် အကျိုးထမ်းဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
李强同加拿大总理卡尼通电话
新华社北京6月6日电 国务院总理李强6月6日上午应约同加拿大总理卡尼通电话。
李强表示,加拿大是最早同新中国建交的西方国家之一,中加关系曾长期走在中国同西方国家关系的前列。但前几年,中加关系受到不必要的干扰,遭遇严重困难。中方愿同加方一道,本着向前看的态度,推动两国关系持续改善,步入健康稳定发展轨道,更好实现合作共赢。
李强指出,中加发展对彼此是机遇,不是威胁。两国没有根本利益冲突,有的是传统友好和互惠互利。希望加方同中方相向而行,客观理性看待中国发展,彼此成就,共促繁荣。展望未来,中加合作潜力巨大。两国经济互补性强,双方要深化传统领域合作,拓展清洁能源、气候变化、科技创新等新兴领域合作,扩大人员交流和经贸往来。两国政府应当倾听和顺应民众呼声,多做有利于深化双方友好合作、增进相互理解信任的事情。中方愿同加方在平等和尊重的基础上,求同存异、聚同化异,加强各领域交流对话,找到妥善解决彼此关切的办法。当前国际形势变乱交织,单边主义、保护主义愈演愈烈。中方愿同加方共同维护多边主义和自由贸易,推动经济全球化和多边贸易体系朝着正确方向发展,为世界和平和发展注入更多稳定性。
卡尼表示,加中两国有着深厚传统友谊。中国是加拿大第二大贸易伙伴。加中关系过去几年出现波折,加方愿重启加中关系,期待同中方恢复高层交往和外交、经贸等领域对话机制,加强贸易、农业、能源、环保等领域务实合作。面对当前国际形势,加方愿同中方加强沟通协调,共同维护国际金融贸易体系,为促进全球可持续发展作出贡献。(完)