China
ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တွေ့ဆုံဆွေးနွေး

ကွာလာလမ်ပူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ဘုံဂရုပြုကြသည့်ကိစ္စရပ်များအား အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ရန် တရုတ်နိုင်ငံ၏ အခြေခံမူနှင့် ရပ်တည်ချက်ကို ဘက်စုံရှင်းလင်းပြောကြားခဲ့ရာ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီး သဘောတူညီချက်ကို အသေးစိတ်မူဝါဒနှင့် လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။ အမေရိကန်ဘက်က တရုတ်နိုင်ငံအပေါ် ဓမ္မဓိဋ္ဌာန်ကျမှု၊ ဆင်ခြင်တုံတရားရှိမှု၊ လက်တွေ့ကျမှုရှိသော သဘောထားဖြင့် ရှုမြင်ဆက်ဆံရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးဖော်ဆောင်မှုကို ရည်မှန်းချက်အဖြစ်ထားရှိကာ တရုတ်နိုင်ငံအပေါ် မူဝါဒကို ရေးဆွဲရန်၊ တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု နည်းလမ်းဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရန်၊ ခေတ်ကာလသစ် တရုတ်-အမေရိကန် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းတစ်ခုကို အတူတကွရှာဖွေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုမှာ တက်ကြွမှု၊ လက်တွေ့ကျမှု၊ အပြုသဘောဆောင်မှုရှိကြောင်း နှစ်ဖက်စလုံးက တစ်ပြေးညီ ယူဆကြရာ သံတမန်ရေးနည်းလမ်းနှင့် ကဏ္ဍစုံ၊ အလွှာစုံ ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသလို နှစ်နိုင်ငံဆက်ဆံရေးကို တွန်းအားပေးရာတွင် နိုင်ငံခြားရေးဌာနများ၏ အခန်းကဏ္ဍကို အသုံးပြုရန်၊ ကွဲလွဲမှုများကို စီမံထိန်းချုပ်သည့် တစ်ချိန်တည်းတွင်ပင် ပူးပေါင်းဆောင်ရွက်ကဏ္ဍများ ချဲ့ထွင်ရေး ကြိုးပမ်းရှာဖွေဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ (Xinhua)
——————
(Chinese Version)
王毅会见美国国务卿鲁比奥
新华社吉隆坡7月11日电(记者王嘉伟 毛鹏飞)2025年7月11日,中共中央政治局委员、外交部长王毅在吉隆坡会见美国国务卿鲁比奥。双方就中美关系以及共同关心的问题交换了意见。
王毅全面阐述了中方对发展中美关系的原则立场,强调双方应将两国元首重要共识转化为具体政策和行动。希望美方以客观、理性、务实态度看待中国,以和平共处、合作共赢为目标制定对华政策,以平等、尊重、互惠方式同中方打交道,共同找到一条新时期中美正确相处之道。
双方一致认为会晤是积极、务实、建设性的,同意加强外交渠道及各领域各层级沟通对话,发挥外交部门在推动两国关系中的作用,在管控分歧的同时,探索扩大合作领域。(完)
1. 7月11日,中共中央政治局委员、外交部长王毅在吉隆坡会见美国国务卿鲁比奥。 新华社记者 程一恒 摄