China
“ထင်းရှူးမှိုရှာသူ” မျိုးဆက်သစ် ချွမ်းဖီး

ရှန်ဂရီလာ (ယူနန်)၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
ဇူလိုင်လတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှန်ဂရီလာမြို့ရှိ ဇန့်လူမျိုးကျေးရွာလေးဖြစ်သည့် ကျီသီကျေးရွာလေး၌ မှိုခူးသည့်ရာသီ ရောက်ရှိလာပြီဖြစ်သည်။ ယင်းဒေသသည် ထင်းရှူးမှိုထုတ်လုပ်ခြင်းကြောင်း လူသိများသည်။ ကျီသီကျေးရွာတွင် ထင်းရှူးမှိုခူးသော၊ ရောင်းချသော “ထင်းရှူးမှိုရှာသူများ” သည် နံနက်စောစောတွင် အိမ်ကထွက်ခွာပြီး မိုးချုပ်မှ အိမ်ပြန်လာခြင်းဖြင့် အလွန်အလုပ်များလျက်ရှိပေသည်။
“ထင်းရှူးမှိုရှာသူ” ချွမ်းဖီကို ၁၉၉၀ ပြည့်နှစ်က ကျီသီကျေးရွာလေးတွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၅ နှစ်သားအရွယ်မှစ၍ အိမ်မှ လူကြီးမိဘများနောက်မှလိုက်ကာ တောင်ပေါ်တက် ထင်းရှူးမှိုခူးခဲ့သည်။
“ အသက် ၁၃ နှစ်ကနေစပြီး တောက်လျှောက် တက္ကသိုလ်တက်တဲ့အထိ နှစ်တိုင်း နွေရာသီပိတ်ရက်ရောက်ပြီဆိုရင် ကျွန်တော် အိမ်ကို အမြဲပြန်လာပြီး ထင်းရှူးမှို စီးပွားရေးလုပ်တယ်၊ အစွမ်းအစက အဲဒီလို လေ့ကျင့်လာခဲ့တာ” ဟု ချွမ်းဖီးက ပြောသည်။
၂၀၁၇ ခုနှစ်တွင် ချွမ်းဖီး ကျောင်းပြီးသည့်အခါ ရှန်ဂရီလာသို့ ပြန်လာရန် ရွေးချယ်ခဲ့ရာ ရွာတွင် အစောဆုံး e-Commerce ဖြင့် ထင်းရှူးမှို အရောင်းတွင်ကျယ်အောင် လုပ်ဆောင်သည့် လူငယ်များအနက် တစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် လက်တွေ့လှုပ်ရှားမှုဖြင့် ဇာတိမြေကို ပြောင်းလဲခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ကျီသီကျေးရွာကော်မတီ၏ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်ခံရသည်။
ယခုနှစ်ပိုင်းများတွင် ချွမ်းဖီးသည် ထင်းရှူးမှို အရည်အသွေးမြှင့်တင်ရန် အာရုံစိုက်ဆောင်ရွက်သည့် တစ်ချိန်တည်းတွင်ပင် သီးခြားအမှတ်တံဆိပ်တစ်ခုကိုလည်း ဖန်တီးတည်ဆောက်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ၎င်း၏ တွန်းအားပေးမှုဖြင့် ကျီသီကျေးရွာလေးသည် အော့ဖ်လိုင်း အရောင်းအဝယ်၊ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှု၊ လတ်လတ်ဆတ်ဆတ် အအေးခန်းသိုလှောင်မှု စွမ်းရည်များ တစ်စုတစ်စည်းရှိသည့် ကျေးရွာအဆင့် ထင်းရှူးမှို အရောင်းအဝယ်ဈေးကွက် တည်ဆောက်ခဲ့သည်။
ကျီသီကျေးရွာ ထင်းရှူးမှို ရောင်းချရေးလမ်းကြောင်းသည် ပို၍ ကျယ်ပြန့်လာရာ ပြည်တွင်းသို့သာမက ဂျပန်၊ တောင်ကိုရီးယား စသည့် ဝေးလံလှသောနေရာများအထိ ပို့ဆောင်ရောင်းချနိုင်ခဲ့သည်။ စာရင်းများအရ ၂၀၂၄ ခုနှစ် ကျီသီကျေးရွာ၏ ထင်းရှူးမှို အရောင်းအဝယ်ပမာဏမှာ တန်ချိန် ၃၀၀ အထိရှိကြောင်း သိရသည်။
“ထင်းရှူးမှိုရောင်းချတာကတစ်ဆင့် ဇာတိမြေက လူကြီးသူမတွေကို ကျွန်တော် ကူညီနိုင်ခဲ့သလို သာယာလှပမှုတွေလည်း ရရှိခဲ့ပါတယ်” ဟု ချွမ်းဖီးက ပြောသည်။
“အနာဂတ်မှာ ကျီသီကျေးရွာကို ထင်းရှူးမှိုခူးဆွတ်ရာခရီးစဉ် ထိပ်တန်းရွေးချယ်မှုနေရာအဖြစ် ကျွန်တော် တည်ဆောက်ချင်သေးတယ်၊ ကျီသီရွာသူ၊ ရွာသားတွေကို ဦးဆောင်ပြီး အတူတကွ ချမ်းသာကြွယ်ရေး ဖော်ဆောင်ချင်သေးတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှန်ဂရီလာမြို့ ထင်းရှူးမှို အရောင်းအဝယ်ဈေးကွက်တွင် ကျီသီကျေးရွာ ထင်းရှူးမှိုများအား ဝန်ထမ်းများက ထုပ်ပိုးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှန်ဂရီလာမြို့ ထင်းရှူးမှို အရောင်းအဝယ်ဈေးကွက်ရှိ “လော့ဆန်း” တံဆိပ် အရောင်းနေရာ၌ ကျီသီကျေးရွာ ထင်းရှူးမှိုများအား ဝန်ထမ်းများက ထုပ်ပိုးနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
图片故事|新“松茸猎人”春批
新华社照片,香格里拉(云南),2025年7月29日
七月,位于云南省香格里拉市的藏族村落吉迪村迎来采菌季,当地因出产松茸而广为人知。吉迪村采收、销售松茸的“松茸猎人”们早出晚归,格外繁忙。
“松茸猎人”春批1990年出生于吉迪村,5岁起就跟着家中长辈上山采松茸。“从13岁一直到上大学,每年暑假我都回家做松茸生意,能力就这样锻炼出来了。”春批说。2017年,春批毕业后选择回到香格里拉,并成为村里最早通过电商推广松茸的年轻人之一。他用实际行动改变着家乡,并于2019年当选吉迪村村委会副主任。 近年来,春批专注提升松茸品质,同时打造专属品牌。2024年,在他的推动下,吉迪村建成了集线下交易、线上直播、冷库保鲜功能于一体的村级松茸交易市场。吉迪村松茸的销路越来越广,不仅发往国内,还远销日本、韩国等地。据统计,2024年吉迪村的松茸交易量达300吨。
“通过销售松茸,我帮助了家乡父老,也收获了美好。”春批说,“未来,我还想把吉迪村打造成松茸采摘之旅的首选地,带领吉迪村村民一同致富。”
1. 7月24日,春批(左二)和工作人员在香格里拉市松茸交易市场摊位分拣吉迪村的松茸。 新华社记者 高咏薇 摄
2. 7月24日,工作人员在香格里拉市松茸交易市场拍摄打包的吉迪村松茸。新华社记者 高咏薇 摄
3. 7月24日,工作人员在香格里拉市松茸交易市场“洛槡”品牌摊位打包吉迪村的松茸。新华社记者 高咏薇 摄