China
တရုတ်နိုင်ငံ အစိုးရ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် ကျိုင်ကျွင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေး အဆင့်မြင့် အစည်းအဝေး တက်ရောက်

ကုလသမဂ္ဂ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ပြင်သစ်နှင့် ဆော်ဒီအာရေဗျ အတူတကွကြီးမှူးကျင်းပသည့် ပါလက်စတိုင်းအရေး ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေး အဆင့်မြင့် နိုင်ငံတကာအစည်းအဝေးကို ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၃၀ နီးပါးမှ ဒုတိယ ဝန်ကြီးချုပ် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးများအပါအဝင် နိုင်ငံနှင့် ဒေသပေါင်း ၁၂၅ ခုမှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြရာ တရုတ်နိုင်ငံ အစိုးရ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် ကျိုင်ကျွင့်က တရုတ်နိုင်ငံကိုယ်စား အစည်းအဝေး တက်ရောက်ခဲ့သည်။
ဇူလိုင် ၂၉ ရက် မျက်နှာစုံညီအစည်းအဝေးတွင် ကျိုင်ကျွင့်က လက်ရှိတွင် ဂါဇာစစ်မက်မီးလျှံများ အပြင်းအထန်လောင်ကျွမ်းနေဆဲဖြစ်သလို ယခင်မကြုံဖူးသည့် လူသားချင်းစာနာမှုအကျပ်အတည်းများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ရာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ဖော်ဆောင်ရေး အခြေခံမှာ စဉ်ဆက်မပြတ် တိုက်စားခံနေရကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက “ထိုင်ပြီး ဆွေးနွေး” ရမည် ဖြစ်သလို “ထပြီး လှုပ်ရှားရန်” ပို၍ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အကြုံပြုချက် ၅ ရပ် အဆိုပြုကြောင်း၊ ပထမအနေဖြင့် ဘက်စုံအပစ်ရပ်ရေးကို အဆုံးစွန် အရေးတကြီး တွန်းအားပေးပြီး လူသားချင်းစာနာမှုအကျပ်အတည်းအား ဖြေလျှော့ရန်၊ ဒုတိယအနေဖြင့် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံအုပ်ချုပ်ရေး” အခြေခံမူကို လက်ကိုင်ထားကာ ဂါဇာနှင့် အနောက်ဘက်ကမ်း စီမံခန့်ခွဲမှုကို တွန်းအားပေးရန်၊ တတိယအနေဖြင့် ပါလက်စတိုင်းပြည်တွင်းစည်းလုံးညီညွတ်ရေးကို ထောက်ခံအားပေးကာ ပါလက်စတိုင်း၏ စီမံခန့်ခွဲနိုင်စွမ်းနှင့် စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းကို ကူညီမြှင့်တင်ရန်၊ စတုတ္ထအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ၏ ငြိမ်းချမ်းရေးအရှိန်ကို ထိန်းသိမ်းဖော်ဆောင်ရန်၊ ပဉ္စမအနေဖြင့် ဘုံ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို အခိုင်အမာ လက်ကိုင်ထားကာ အရှေ့အလယ်ပိုင်း ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ကြိုးပမ်းကာ ဂါဇာအပစ်ရပ်၊ စစ်ပွဲရပ်တန့်ရေး ဖော်ဆောင်မှု အခြေခံပေါ်တွင် ပါလက်စတိုင်းအရေး ဆောလျင်စွာ ဘက်စုံ၊ တရားမျှတ၍ ရေရှည်ဖြေရှင်းနိုင်မှုရှိရေး တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးကာလတွင် ဖိတ်ကြားမှုအရ ကျိုင်ကျွင့်က အီရတ် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖူဟက် ဟူစိန်၊ ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ဗာဆင်၊ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗာရှိုင်းနင်၊ ဥရောပသမဂ္ဂ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဖြစ်စဉ် အထူးကိုယ်စားလှယ် ဘေဂက်၊ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး လက်ထောက် အာလ်ဆာနီ၊ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံ့ရေးရာ အတွင်းရေးမှူး ရှမက်ဇ်၊ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဘူဒါဝီ တို့နှင့် သီးခြားစီ တွေ့ဆုံ၍ ဂါဇာပဋိပက္ခ စသည့် အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ခဲ့ကြသည်။ (Xinhua)
———————–
(Chinese Version)
中国政府中东问题特使翟隽出席落实“两国方案”高级别会议
新华社联合国7月30日电 由法国和沙特阿拉伯共同主办的和平解决巴勒斯坦问题和落实“两国方案”高级别国际会议28日至30日在纽约联合国总部举行。包括近30个国家副总理或外长在内的125个国家和地区高级别代表出席。中国政府中东问题特使翟隽代表中方与会。
翟隽29日在全体会议上发言表示,当前加沙战火仍在肆虐,前所未有的人道危机仍在上演,落实“两国方案”的基础持续遭到侵蚀。国际社会既要“坐而论道”,更要“起而行之”。中方提出五点建议:一是以最大紧迫感推动全面停火,缓解人道危机;二是秉持“巴人治巴”原则推进加沙和西岸治理;三是支持巴勒斯坦加强内部团结,协助巴方提升治理能力和经济韧性;四是维护落实“两国方案”和平势能;五是坚持共同、综合、合作、可持续的安全观,实现中东长治久安。中方将继续同国际社会共同努力,在实现加沙停火止战的基础上,推动巴勒斯坦问题早日得到全面、公正、持久解决。
与会期间,翟隽分别应约会见伊拉克副总理兼外长侯赛因、巴勒斯坦外长法尔辛、俄罗斯副外长韦尔希宁,欧盟中东和平进程特别代表比戈、科威特外交部大臣助理阿拉萨尼、瑞士外交部国务秘书施穆茨、海湾阿拉伯国家合作委员会秘书长布达维,就加沙冲突等热点问题交换了看法。(完)
1. 这是7月16日在位于纽约的联合国总部拍摄的安理会加沙人道局势紧急公开会现场。新华社记者 谢锷 摄