Connect with us

China

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား၊ ထိုင်း အပစ်ရပ်မှု သဘောတူညီချက် ခိုင်မြဲစေရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ် ယာယီနေရာချထားရေးစခန်းတစ်ခုတွင် ကူညီရေးပစ္စည်းများ ရယူနေသော ကမ္ဘောဒီးယားနယ်စပ်မှ ယာယီရွှေ့ပြောင်းနေထိုင်သူများကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထိုနေ့၌ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသော တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ အခြေအနေအား မိတ်ဆက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပဋိပက္ခ ဖြစ်ပွားသည့်အချိန်မှစ၍ တရုတ်နိုင်ငံသည် အစဉ်တစ်စိုက် မိမိနည်းလမ်းဖြင့် အခြေအနေ အရှိန်လျော့ကျလာရန် အပြုသဘောဆောင်သည့် ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ကမ္ဘောဒီးယား-ထိုင်း အပစ်ရပ်မှု သဘောတူညီချက် ခိုင်မြဲစေရန်၊ ငြိမ်းချမ်းတည်ငြိမ်မှု ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ၎င်းကပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခ ဖြစ်ပွားသည့်အချိန်မှစ၍ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အစဉ်တစ်စိုက် မိမိနည်းလမ်းဖြင့် အခြေအနေ အရှိန်လျော့ကျလာရန် အပြုသဘောဆောင်သည့် ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်တို့နှင့် လုပ်ငန်းများ သီးခြားစီလုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယား၊ ထိုင်း နှစ်ဖက်နှင့် နီးကပ်စွာညှိနှိုင်းဆွေးနွေးမှုကို ထိန်းသိမ်းထားပြီး ကိစ္စရပ်အ‌ခြေအနေ တိုးတက်မှုနှင့် ပေါင်းစပ်၍ အကြိမ်များစွာ စကားပါးခဲ့ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန်အားစေလွှတ်၍ နှစ်ကြိမ်တိုင်သွားလာ ဖျောင်းဖျမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံပါဝင်သည့် အခန်းကဏ္ဍအား ထောက်ခံအားပေးကြောင်း၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံနှင့်အတူ နီးကပ်စွာညှိနှိုင်းဆွေးနွေးကို ထိန်းသိမ်းထားပြီး တရုတ်ကိုယ်စားလှယ်စေလွှတ်၍ ကမ္ဘောဒီးယား၊ ထိုင်းအကြီးအကဲများ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွေ့ဆုံဆွေးနွေးပွဲအား တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိဒေသတွင်း၌ အပစ်ရပ်မှုအနေအထားသည် အတန်အသင့်အားပျော့မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး စွန်းဝေ့တုန်းသည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ ကိုယ်စားလှယ်များနှင့် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်ဟု ကောကျားခွန်းက မိတ်ဆက်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-ထိုင်းနှစ်ဖက်လုံးက အပစ်ရပ်မှု သဘောတူညီချက်အား လိုက်နာစောင့်ထိန်းသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ယနေ့တိုင် အခြေအနေပြေငြိမ်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မှုအား တန်ဖိုးထားချီးကျူးသည်ဟု တရုတ်နိုင်ငံထံသို့ အလေးထားပြောကြားခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုသည် ပွင့်လင်းသော၊ ချစ်ကြည်ရင်းနှီးသော၊ သင့်မြတ်သောအခြေအနေတွင် ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းသည် တရုတ်နိုင်ငံ၏ နောက်ဆုံးသံတမန်ရေးရာကြိုးပမ်းမှုဖြစ်ပြီး ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယား၊ ထိုင်းက အပစ်ရပ်မှု သဘောတူညီချက်အား အကောင်အထည်ဖော်၍ ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ဒေသ ဆောလျင်စွာ ပြန်လည်ငြိမ်းချမ်းတည်ငြိမ်ရန်အတွက် အခြေအနေ ဖန်တီးပေးရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI) အား လက်တွေ့ဖော်ဆောင်မှုကို ကိုင်စွဲထားပြီး ဘေးအန္တရာယ်အခက်အခဲများ အတူကျော်ဖြတ်သော၊ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းသော၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းသော အာရှတိုက်လုံခြုံမှုပုံစံ တည်ဆောက်မှုကို တွန်းအားပေးကာ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းရန် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခအရေးတွင် ကိုယ်ကျိုးစီးပွားများမရှိကြောင်း၊ အာဆီယံက “အာဆီယံနည်းလမ်း” ဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တွန်းအားပေးခြင်းကို ထောက်ခံအားပေးကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှား စသည့်ဒေသတွင်းနိုင်ငံများနှင့် နီးကပ်စွာ ညှိနှိုင်းဆွေးနွေးမှုကို ဆက်လက်ထားရှိကာ ကမ္ဘောဒီးယား၊ ထိုင်း အပစ်ရပ်မှု သဘောတူညီချက် ခိုင်မြဲရေး၊ ငြိမ်းချမ်းတည်ငြိမ်မှု ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ၎င်းက ဆိုသည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ် နယ်စပ်ဒေသတွင် ပဋိပက္ခအတွင်း ပျက်စီးခဲ့သော အဆောက်အအုံကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အိမ်တော်၌ကျင်းပသည့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေ အထူးအစည်းအဝေးအား ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Xinhua/Bernama)

———————
(Chinese Version)
外交部:中方愿为巩固柬、泰停火共识发挥建设性作用
新华社北京7月30日电(记者马卓言、黄扬)外交部发言人郭嘉昆30日在例行记者会上介绍了当天在上海举行的中国—柬埔寨—泰国三方非正式会晤情况。他表示,柬泰边境冲突发生以来,中方一直以自己的方式为缓局降温作出积极努力,愿为巩固柬、泰停火共识,尽快恢复和平稳定发挥建设性作用。
郭嘉昆说,柬泰边境冲突发生以来,作为柬埔寨和泰国的友好邻邦,中方一直以自己的方式为缓局降温作出积极努力。王毅外长分别做柬、泰外长和东盟秘书长工作,中国外交部同柬、泰双方保持密切沟通,结合事态发展进行多轮传话,派出外交部亚洲事务特使两次穿梭劝促。中方支持东盟发挥作用,同东盟轮值主席国马来西亚保持密切沟通,派中方代表出席柬泰领导人吉隆坡会晤。
郭嘉昆介绍,针对当前现地停火态势较为脆弱,7月30日上午,中国外交部副部长孙卫东同柬埔寨和泰国代表在上海举行中柬泰三方非正式会晤。柬、泰双方向中方重申,将遵守停火共识,赞赏中国迄今为平息事态所发挥的积极作用。会晤是在坦诚、友好和融洽气氛中进行的。举行此次中柬泰三方非正式会晤是中方的最新外交努力,目的是推动柬、泰落实停火共识,为尽快恢复柬泰边境和平稳定创造条件。
他说,中方坚持践行全球安全倡议,推动构建安危与共、求同存异、对话协商的亚洲安全模式,始终致力于维护地区和平稳定。中方在柬泰边境冲突问题上从无私利,支持东盟以“东盟方式”推动政治解决,愿就此继续同柬埔寨、泰国和马来西亚等地区国家保持密切沟通,为巩固柬、泰停火共识,尽快恢复和平稳定发挥建设性作用。(完)
1、7月29日,柬埔寨边境的撤离人员在奥多棉吉省的一处安置场所领取救济物资。新华社发(万坡摄)
2、这是7月28日在柬埔寨奥多棉吉省边境地区拍摄的在冲突中受损的建筑。新华社发(尼多拉摄)
3、这是7月28日在马来西亚总理官邸拍摄的泰柬两国边境局势特别会议现场。新华社/马来西亚国家新闻社