China
တရုတ်-မြန်မာ-ထိုင်းတို့က ဆက်သွယ်ရေးလိမ်လည်မှုဇုန်များကို ဘက်စုံရှင်းလင်းချေမှုန်း၍ လိမ်လည်မှုနှင့် ပတ်သက်သူများအားလုံးအား ဖမ်းဆီးမည်ဟု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
တရုတ်၊ မြန်မာ၊ ထိုင်းတို့သည် မကြာသေးမီက ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများ ပူးတွဲတိုက်ဖျက်ရေး ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သတင်းထောက်က ဇူလိုင် ၆ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ သိရှိရသည်။
အစည်းအဝေးတွင် သုံးနိုင်ငံမှ သက်ဆိုင်ရာဌာနများက ရဲဘက်ရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့်စပ်လျဉ်း၍ သဘောတူညီမှုများစွာ ရရှိခဲ့ရာ မြဝတီ စသည့် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများကို ဆက်လက်ပူးတွဲ၍ ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှုဇုန်များကို ဘက်စုံရှင်းလင်းချေမှုန်း၍ လိမ်လည်မှုနှင့် ပတ်သက်သူများအားလုံးအား ဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှုနှင့်စပ်လျဉ်းသော ပြစ်မှုကျူးလွန်ရာနေရာအား အမြစ်ပြတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ်အတွင်း တရုတ်-မြန်မာ-ထိုင်း သက်ဆိုင်ရာဌာနများက အင်အားစုစည်း၍ ပူးပေါင်းဆောင်ရွက်ကာ မြဝတီဒေသ ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများအပေါ် အပြင်းအထန် ပူးတွဲတိုက်ဖျက်ခဲ့ရာ လိမ်လည်မှုနှင့်စပ်လျဉ်းသည့် တရုတ်နိုင်ငံသားပေါင်း ၅,၄၀၀ ကျော်အား ဖမ်းဆီးရမိ၍ တစ်စုတစ်စည်းတည်း နိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့ရာ သိသာထင်ရှားသောရလဒ်များ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
公安部:中缅泰将全面清剿电诈园区,全量抓捕涉诈人员
新华社北京7月6日电 记者6日从公安部获悉,中国、缅甸、泰国近日召开联合打击电信网络诈骗犯罪第二次部级会议。会上,三国有关部门就深化警务执法合作达成系列共识,将继续联手严厉打击妙瓦底等地电信网络诈骗犯罪,全面清剿电诈园区,全量抓捕涉诈人员,坚决铲除涉诈犯罪土壤。
据了解,今年以来,中缅泰有关部门通力合作,联手对妙瓦底地区电信网络诈骗犯罪发起猛烈攻势,抓获并集中遣返中国籍涉诈人员5400余名,取得显著战果。(完)