Connect with us

China

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုအား တစ်ဆင့်တိုး နက်ရှိုင်းစေခြင်းဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းသော ရလဒ်များစွာ ရရှိမှုအတွက် ကြိုးပမ်းသွားရန် မျှော်လင့်

ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုအား တစ်ဆင့်တိုး နက်ရှိုင်းစေခြင်းဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းသော ရလဒ်များစွာ ရရှိမှုအတွက် ကြိုးပမ်းသွားရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရာ့တုန်းက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် နှစ်ဖက်သည် ဇူလိုင် ၂၈ ရက်မှ ၂၉ ရက်အထိ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၊ မက်ခရိုစီးပွားရေး မူဝါဒ စသည့် နှစ်ဖက်ဘုံဂရုပြုကြသော ကုန်သွယ်စီးပွားရေး အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပွင့်လင်းနက်ရှိုင်းစွာနှင့် အပြုသဘောဆောင်စွာ ဖလှယ်ခဲ့ကြကာ တရုတ်-အမေရိကန် ဂျီနီဗာ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်များနှင့် လန်ဒန်မူဘောင် ဖော်ဆောင်မှု အခြေအနေများအား ပြန်လည်သုံးသပ်ပြီး အသိအမှတ်ပြုခဲ့ကြကြောင်း ဟယ်ရာ့တုန်းက တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထိုနေ့တွင်ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးထားသည့် အရေးကြီးသဘောတူညီချက်များအတိုင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ညှိနှိုင်းဆွေးနွေးမှုယန္တရား၏ အခန်းကဏ္ဍကို အပြည့်အဝအသုံးချကာ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ တစ်ဆင့်တိုး နက်ရှိုင်းအောင် ဆောင်ရွက်၍ ပိုမိုများပြားသော နှစ်ဖက်အကျိုးဖြစ်ထွန်းသည့် ရလဒ်များရရှိမှုအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းသွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် စတော့ဟုမ်း ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲအရ နှစ်ဖက်အနေဖြင့် ယာယီဆိုင်းငံ့ပြီးဖြစ်သော အမေရိကန်ဘက်က အလားတူစည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်းအပိုင်းနှင့် တရုတ်ဘက်က တန်ပြန်အစီအမံ သတ်မှတ်ကာလအတိုင်း ရက်ပေါင်း ၉၀ ထားရှိခြင်းအား ဆက်လက် တွန်းအားပေးသွားခြင်းဖြင့် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေးအား တစ်ဆင့်တိုးတည်ငြိမ်စေပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုအတွက် ပိုမိုများပြားသည့် သေချာရေရာမှုများ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ဟယ်ရာ့တုန်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
商务部:中方期待与美方进一步深化对话磋商争取更多双赢结果
新华社北京7月31日电(记者王雨萧、张晓洁)商务部新闻发言人何亚东31日说,中方期待与美方进一步深化对话磋商争取更多双赢结果。
何亚东在商务部当天举行的例行新闻发布会上说,28日至29日,中美双方在瑞典斯德哥尔摩举行经贸会谈,就中美经贸关系、宏观经济政策等双方共同关心的经贸议题开展了坦诚、深入、富有建设性的交流,回顾并肯定了中美日内瓦经贸会谈共识和伦敦框架落实情况。中方期待与美方一道,继续按照两国元首通话重要共识,发挥好中美经贸磋商机制作用,进一步深化对话磋商,不断争取更多双赢结果。
何亚东表示,根据中美斯德哥尔摩经贸会谈共识,双方将继续推动已暂停的美方对等关税24%部分以及中方反制措施如期展期90天,进一步稳定中美经贸关系,为世界经济发展和稳定注入更多确定性。(完)