China
တရုတ်နိုင်ငံတွင် သက်မွေးပညာ လေ့လာသင်ယူနေသော ပါကစ္စတန်လူငယ်

ထျန်းကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
အသက် ၁၉ နှစ်အရွယ်ရှိ Muhammad Mohsin သည် ပါကစ္စတန် ပညာတော်သင် ကျောင်းသားတစ်ဦးဖြစ်ပြီး အဓိကအားဖြင့် လျှပ်စစ်အလိုအလျောက်စနစ် နည်းပညာ အထူးပြုဘာသာရပ်အား လေ့လာသင်ယူလျက်ရှိသည်။ ၎င်းအမြင်တွင် တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် “အနာဂတ်မှာ နေထိုင်နေရသည့်” အလားပင်။
၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ ထျန်းကျင်းခေတ်မီ သက်မွေးနည်းပညာကောလိပ်နှင့် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် နည်းပညာသင်ကြာရေးနှင့် သက်မွေးပညာလေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အတူတည်ဆောက်သည့် ပါကစ္စတန်နိုင်ငံ လူပန်းအလုပ်ရုံကို တရားဝင် ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့သည်။ ယင်းသည် ထျန်းကျင်းမြို့က ပြည်ပတွင် ဖွင့်လှစ်သည့် ၅ ခုမြောက် လူပန်းအလုပ်ရုံဖြစ်သည်။
ထိုအလုပ်ရုံတွင် “ဘွဲ့ပညာရေး+ သက်မွေးပညာ သင်ကြားရေး” ပုံစံကို အသုံးပြုကာ လျှပ်စစ်အလိုအလျောက်စနစ် နည်းပညာနှင့် လျှပ်စစ်စက်ပိုင်းဆိုင်ရာ ပေါင်းစပ်ရေးနည်းပညာ အထူးပြုဘာသာရပ်များကို အဓိကထားတည်ဆောက်၍ “တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ” အတွက် ဒေသန္တရလူရည်ချွန်များ စဉ်ဆက်မပြတ် ပေးပို့ပေးသည့်အပြင် ပါကစ္စတန်လူငယ်များအတွက်လည်း နည်းပညာစွမ်းရည် မြှင့်တင်ရေးသင်ခန်းစာများ ပံ့ပိုးပေးခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာတွင် လူပန်းအလုပ်ရုံ အခွင့်အလမ်းအမြန်ယာဉ်နှင့်အတူ ပညာထူးချွန်သည့် Muhammad Mohsin သည် ပညာသင်ဆုထောက်ပံ့ကြေးရရှိခဲ့ကာ တရုတ်နိုင်ငံ ထျန်းကျင်းမြို့သို့ သွားရောက်ပညာသင်သည့် လမ်းခရီးစတင်ခဲ့သည်။
ထျန်းကျင်းမြို့ ကျောင်းဝန်းထဲတွင် Muhammad Mohsin ၏ အကြီးဆုံးစိန်ခေါ်မှုမှာ အထူးပြုဘာသာရပ်၏ဗဟုသုတများမဟုတ်ဘဲ ဘာသာစကား အတားအဆီးပင်ဖြစ်သည်။ ယခုနွေရာသီကျောင်းပိတ်ရက်ကာလအတွင်း နောက်စာသင်ကာလ၌ အထူးပြုဘာသာရပ်သင်ခန်းစာများအား ပိုမိုကောင်းမွန်စွာ လိုက်နိုင်ရန်အတွက် Muhammad Mohsin နှင့် ကျောင်းနေဖက်အချို့သည် အထူးပြုဘာသာရပ်ဆိုင်ရာတရုတ်စာအား လေ့လာသင်ယူမှုအတွက် ထျန်းကျင်းတွင် ဆက်လက်နေထိုင်ရန် ရွေးချယ်လိုက်သည်။
လက်ရှိအထိ ပါကစ္စတန် လူပန်းအလုပ်ရုံတွင် ဒေသတွင်းလူငယ်အကြိမ်ရေ ၁,၀၀၀ ကျော်အား လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီးဖြစ်ကာ စုစုပေါင်းသင်ခန်းစာအချိန်သည် နာရီပေါင်း ၈,၈၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ထျန်းကျင်းနိုင်ငံတကာ တရုတ်ဘာသာစကားကောလိပ်၌ စာသင်ခန်းအတွင်း လေ့လာသင်ယူနေသော Muhammad Mohsin (ယာဘက်) အား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းခေတ်မီ သက်မွေးနည်းပညာကောလိပ် လူပန်းအလုပ်ရုံ လက်တွေ့လေ့ကျင့်ရေး စာသင်ခန်းတွင် ဆရာက Muhammad Mohsin (ယာဘက်) အား အလိုအလျောက် စက်ပစ္စည်း ထိန်းချုပ်နည်း သင်ကြားနေပုံကို ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
巴基斯坦青年木衫:我在中国学习职业技能
新华社照片,天津,2025年7月31日
19岁的青年木衫是一名巴基斯坦留学生,主修电气自动化技术专业。在他眼中,中国的科技发展仿佛“生活在未来”。
2018年7月,由天津现代职业技术学院与巴基斯坦旁遮普省技术教育与职业培训局合作共建的巴基斯坦鲁班工坊正式揭牌。这是天津在海外建设的第5个鲁班工坊,该工坊采用“学历教育+职业教育”模式,重点建设电气自动化技术和机电一体化技术专业,持续为“中巴经济走廊”输送本土化人才,并为巴基斯坦青年提供技术技能提升课程。
2024年9月,搭乘鲁班工坊的机遇快车,成绩优异的木衫获得了奖学金支持,踏上了前往天津的求学之路。在天津的校园里,木衫最大的挑战并非专业知识本身,而是语言障碍。这个暑假,为了更好地衔接下一学期的专业课程,木衫和几名同学选择留在天津学习专业汉语。
截至目前,巴基斯坦鲁班工坊累计培训当地青年1000余人次,累计课时达8800余小时。
1、在天津国际汉语学院,木衫(前)在学习中国文化(7月22日摄)。 新华社记者 孙凡越 摄
2、在天津国际汉语学院,木衫(右)在课堂上学习(7月17日摄)。新华社记者 孙凡越 摄
3、在天津现代职业技术学院鲁班工坊实训教室,老师在课堂上教木衫(右)操作自动化设备(6月16日摄)。新华社记者 孙凡越 摄