Connect with us

China

အကျပ်အတည်းများကြားက ရှင်သန်ရန် ကြိုးပမ်းခြင်း- ၂၀၀၀ ပြည့်လွန်နှစ်ဖွား ဦးနှောက်ချို့ယွင်းမှု ရောဂါသည် လူငယ်လေးသုံးဦး အဖွဲ့လိုက် ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ခြင်း

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့တွင် ဦးနှောက်ချို့ယွင်းမှုရောဂါ ဝေဒနာရှင် “ရှောင်ဟန်” (ဝဲဘက်) နှင့် “ရှောင်ချီ” (ယာဘက်) တို့က အိမ်တံခါးဝတွင် “ရှောင်လုံ” အား ခေါင်းလျှော်ပေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန့်ရောင် (ကျန်းရှီး)၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

နံနက်ခင်း ၄ နာရီတွင် တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ရှင့်ကျိုးခရိုင်တွင် ၂၀၀၀ ပြည့်လွန်နှစ်ဖွား ဦးနှောက်ချို့ယွင်းမှု ရောဂါသည် လူငယ်လေး သုံးဦးသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်လျက်ရှိကာ အိပ်ရာထရန် အပြန်အလှန် နှိုးဆော်နေကြသည်။ ၎င်းတို့သည် နာရီဝက်အတွင်း တစ်ကိုယ်ရေသန့်ရှင်းမှု ပြီးအောင်လုပ်ပြီး ဈေးဆိုင်ခင်း ကြက်သွန်ဖြူရောင်းရန်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်ရမည်ဖြစ်သည်။
“ရှောင်လုံ” ၊ “ရှောင်ချီ” ၊ “ရှောင်ဟန်” (အမည်လွှဲများဖြစ်သည်) တို့သည် မွေးရာပါ ဦးနှောက်ချို့ယွင်းမှု ရောဂါသည်လေးများဖြစ်ပြီး ဟန်ချက်ညီမှုစွမ်းရည် အားနည်းရာ ငြိမ်သက်စွာ လမ်းလျှောက်နိုင်ခြင်းမရှိပေ။ “ရှောင်လုံ” က ပူဖောင်းရောင်းခဲ့ဖူးပြီး “ရှောင်ချီ” က ပေါင်မုန့်ရောင်းခဲ့ဖူးကာ “ရှောင်ဟန်” ကမူ ကွာစေ့ရောင်းဖူးသည်။ သို့သော် အားလုံး မအောင်မြင်ခဲ့ပေ။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ၎င်းတို့က ဒေသန္တရမသန်စွမ်းသူများ အသင်းချုပ်၏ လှုပ်ရှားမှုတစ်ခုတွင် သိကျွမ်းခဲ့ကြသည်။ ရောဂါချင်းဆင်တူ၍ အတွေ့အကြုံချင်း နီးစပ်သဖြင့် ၎င်းတို့သုံးဦးသည် စိတ်တူကိုယ်တူ ပေါင်းမိသွားကြပြီး အတူအိမ်ငှား၊ အတူကိုယ်ပိုင်လုပ်ငန်းတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ကနဦးတွင် ၎င်းတို့က လမ်းသွားလမ်းလာများအတွက် ဖိနပ်တိုက်ပေးရန် ကြိုးပမ်းခဲ့သည်။ သို့သော် ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ အလုပ်မရှိသလောက်ပင် နည်းပါးလာခဲ့သည်။ နောက်ပိုင်းတွင် မိတ်ဆွေ၏ မိတ်ဆက်ပေးမှုဖြင့် ၎င်းတို့က ဈေးဆိုင်ခင်းကာ ကြက်သွန်ဖြူ ရောင်းချခဲ့သည်။
အဆိုပါလုပ်ငန်းအား ကောင်းမွန်စွာလည်ပတ်လုပ်ကိုင်နိုင်ရန် “ရှောင်ဟန်” သည် နေ့စဉ် တစ်ယွမ်သုံး၍ ပဲမုန့်တစ်ခုဝယ်ကာ ကြက်သွန်ဖြူအစိမ်းနှင့် ဝါးစားပြပြီး လမ်းသွားလမ်းလာများကို ကြက်သွန်ဖြူ အရည်အသွေး “ပြသ” လေ့ရှိသည်။ “ရှောင်လုံ” ကမူ အားလပ်ချိန်တွင် အိမ်အနီးတစ်ဝိုက်၌ မိမိ၏ လက်မောင်းအားကို ကြံ့ခိုင်မှုရှိရန် လေ့ကျင့်လေ့ရှိသည်။ “ရှောင်ချီ” က ကြက်သွန်ဖြူရောင်းရန် ဆိုင်းဘုတ် အမျိုးမျိုးကို လုပ်ပေးပြီး တစ်ချိန်တည်းတွင် အားလုံးအတွက် ထမင်းဟင်းချက်ပြုတ်ပေးကာ ထောက်ပံ့ပို့ဆောင်ရေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ယခုအခါ ၎င်းတို့သုံးဦးသည် တစ်လလျှင် အများဆုံး ယွမ် ၁,၂၀၀ ကျော် ဝင်ငွေရပြီး အရောင်းအဝယ် ပါးသည့်အချိန်တွင်မူ ယွမ် ၈၀၀ ကျော် ရသည်။
သွားလာရန်အဆင်မပြေသောကြောင့် အိမ်မှ ဟင်းသီးဟင်းရွက်ဈေးသို့ ၂ ကီလိုမီတာလမ်းကို ၎င်းတို့သည် တစ်နာရီနီးပါးကြာသွားရလေ့ရှိသည်။ လူနေမှုဘဝ အဆင်မပြေလှသော်လည်း လူငယ်လေး သုံးဦးက အဆက်မပြတ် ကြိုးပမ်းနေကြသည်။ ၎င်းတို့အား ကူညီရန်အတွက် ယခုအခါ ဒေသန္တရအစိုးရက ၎င်းတို့အတွက် ပုံသေဈေးဆိုင်နေရာများစွာ ပြင်ဆင်ပေးထားသည့်အပြင် စားသုံးဆီ၊ ဆန် စသည့် လူနေမှုဘဝ လိုအပ်သည်များကိုလည်း ပုံမှန်ပံ့ပိုးပေးလေ့ရှိသည်။
“ကျွန်တော်တို့က အက်ကြောင်းထဲက အပင်လေးတွေလိုပဲ အညှောင့်ပေါက်နိုင်အောင် ကြိုးပမ်းမှ ပန်းပွင့်နိုင်မှာ။ ဒါမှလည်း သူတစ်ပါး အမှန်တကယ် လေးစားတာခံရမှာ” ဟု “ရှောင်လုံ” က ဆိုခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့တွင် ဦးနှောက်ချို့ယွင်းမှုရောဂါ ဝေဒနာရှင် လူငယ်လေး သုံးဦး ဈေးဆိုင်ခင်းရန် သွားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက် နံနက်ခင်းက တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ ရှင့်ကျိုးခရိုင်တွင် ဦးနှောက်ချို့ယွင်းမှုရောဂါ ဝေဒနာရှင် လူငယ်လေး သုံးဦးက ပန်းခြံတစ်နေရာ၌ ဈေးဆိုင်ခင်း၍ ကြက်သွန်ဖြူရောင်းနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၉ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

———————————-
(Chinese Version)
新华全媒+|在裂缝中努力发芽——三位“00后”脑瘫小伙组团创业
新华社照片,上饶(江西),2025年8月11日
清晨4点,在江西省上饶市信州区,三位“00后”脑瘫青年揉着惺忪的睡眼,互相鼓励着起床。他们要在半小时内洗漱完毕,并做好出摊卖大蒜的准备。
“小龙”“小琪”“小寒”(均为化名)都是先天性脑瘫患者,平衡能力弱,走路不稳。“小龙”卖过气球,“小琪”卖过面包,“小寒”卖过瓜子,但都以失败告终。
2024年9月,他们在当地残联的一场活动中相识,由于病情类似,经历相仿,三人一拍即合,决心一起合租,共同创业。
最开始,他们尝试为路人擦鞋,但随着天气越来越热,几乎没有生意。后来,在朋友介绍下,他们开始摆摊卖起了大蒜。
为了经营好这门生意,“小寒”每天会花1块钱买上一个豆沙包,配上生蒜一起嚼进嘴里,向路人“展示”大蒜的品质;“小龙”闲暇之余,喜欢去家附近练上一会,锻炼自己的臂力;“小琪”制作了许多别样的卖蒜标语,同时为大家烧菜做饭,做起了后勤保障。如今,三人最多一个月可以赚到1200多元,生意不好时,则是800多元。
由于腿脚不便,从家到农贸市场两公里的路,他们需花上近一小时。尽管生活不易,三位小伙伴一直在努力。为了帮助他们,如今当地政府为他们准备了多个固定摊位,还会定期提供一些油米等日常生活所需。
“我们就像是生长在裂缝里的植物,得努力发芽才能开出花,获得别人真正的尊重。”“小龙”说。
图说1:8月9日,“小寒”(左)和“小琪”(右)在家门口帮小龙洗头。 新华社记者 胡晨欢 摄
图说2:8月6日清晨,三名小伙在出摊的路上。新华社记者 胡晨欢 摄
图说3:8月9日傍晚,三位小伙在上饶市信州区的一处公园摆摊卖蒜。新华社记者 胡晨欢 摄