Connect with us

China

အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနှင့် သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် တရုတ်နိုင်ငံ အစဉ်အမြဲ လက်ကိုင်ထားဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

အီရန်-အစ္စရေး အပစ်ရပ်သဘောတူညီချက် အသက်ဝင်ပြီးနောက် အီရန်နိုင်ငံ မြို့တော်တီဟီရန် လမ်းမထက်မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနှင့် သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းမှုအား အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက “ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရား စတင်ခြင်းအား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဥရောပနိုင်ငံ ၃ နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရား စတင်ခြင်းအား အီရန်ဘက်က တရုတ်-ရုရှားနှင့် ပူးပေါင်း၍ တားဆီးလျက်ရှိသည်ဟု ဆိုရာ ယင်းအပေါ် တရုတ်ဘက်က မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
ယင်းအပေါ် လျင်ကျန့်က တရုတ်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားအရေးအား နိုင်ငံရေးနှင့် သံတမန်နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက “ပိတ်ဆို့အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရေး” ယန္တရား စတင်ခြင်းအား ကန့်ကွက်ကြောင်း၊ အဆိုပါလုပ်ရပ်သည် ဘက်အသီးသီးက ယုံကြည်မှုတည်ဆောက်ရန်၊ ကွဲလွဲမှုများ ဖြေရှင်းရန်အတွက် အထောက်အကူမပြုသည့်အပြင် ဆွေးနွေးမှု ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရေးကို တွန်းအားပေးရန် သံတမန်ရေး ကြိုးပမ်းမှုများအတွက် အကျိုးမပြုဟု ယူဆကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် လုံခြုံရေးကောင်စီ၏ မည်သည့်လှုပ်ရှားမှုမဆို ဆွေးနွေးညှိနှိုင်းမှုဖြင့် သဘောတူညီချက်အသစ်ရရှိရန် အကျိုးပြုသင့်ပြီး ဆန့်ကျင်ဘက်မဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသော သဘောထားကို အရင်းခံကာ ငြိမ်းချမ်းရေးဆွေးနွေးရန် ဆက်လက်လုပ်ဆောင်ပြီး အီရန်နျူကလီးယားအရေးအား သံတမန်ရေးအရ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းသည့် လမ်းကြောင်းပေါ်သို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ကြောင်း၊ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ်အား လက်တွေ့ ကာကွယ်ထိန်းသိမ်းကာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
外交部:中方始终坚持通过政治外交手段和平解决伊朗核问题
新华社北京8月15日电 外交部发言人林剑15日表示,中方始终坚持通过政治外交手段和平解决伊朗核问题,反对启动联合国安理会“快速恢复制裁”机制。
有记者问:伊朗方面称,正与中俄合作阻止欧洲三国启动联合国安理会“快速恢复制裁”机制。中方对此有何评论?
林剑表示,中方始终坚持通过政治外交手段和平解决伊朗核问题,反对启动安理会“快速恢复制裁”机制,认为此举无助于各方建立信任、弥合分歧,不利于推动实现早日复谈的外交努力。
他表示,当前,安理会的任何行动均应有助于谈判达成新协议,而不是相反。中方将秉持客观公正态度,继续劝和促谈,为伊朗核问题早日重返外交谈判解决轨道发挥建设性作用,切实维护国际核不扩散体系,促进中东地区和平与稳定。(完)
图说:这是6月24日在伊以停火协议生效后拍摄的伊朗首都德黑兰街景。 新华社发