Connect with us

China

တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး ကျင်းပ

တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်းနင်မြို့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့ တက်ရောက်ကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်းနင်မြို့၌ ဩဂုတ် ၁၅ ရက်က ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh Phomvihane၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ဝမ်ရိက ယမန်နှစ် ပထမအကြိမ် လေးပွင့်ဆိုင်အစည်းအဝေး ကျင်းပသည့်အချိန်မှစ၍ မြန်မာနိုင်ငံ၏ အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်လာရာ ငလျင်ဘေးအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အားစိုက် တွန်းအားပေး လုပ်ဆောင်လျက်ရှိသလို အချုပ်အခြာအာဏာလွတ်လပ်မှု၊ နိုင်ငံတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် မြန်မာပြည်သားများ၏ ဦးဆောင်မှု၊ မြန်မာပြည်သားများ၏ ပိုင်ဆိုင်မှုကို အခိုင်အမာ ထောက်ခံအားပေးရမည် ဖြစ်သလို မြန်မာပြည်သူများ၏ ရွေးချယ်မှု၊ ကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သင့်လျော်အောင် စီမံမှုကို ထောက်ခံအားပေးရမည်ကြောင်း၊ အာဆီယံ စေ့စပ်ညှိနှိုင်းပေးမှု၊ အိမ်နီးချင်းနိုင်ငံ၏ ကူညီပံ့ပိုးမှုကို လက်ကိုင်ထားကာ အာဆီယံအား ပင်မလမ်းအကြောင်းအဖြစ် ထားရှိ၍ တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၊ မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စသည့် ယန္တရားများ၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူ့လူနေမှုဘဝကို ဦးထိပ်ထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားခြင်းအား ခိုင်မာစွာ လက်ကိုင်ထား၍ မြန်မာနိုင်ငံ ပြည်သူ့လူနေမှုဘဝကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ငလျင်အလွန် ပြန်လည်တည်ဆောက်ခြင်းကို ထောက်ခံအားပေးကာ ကဏ္ဍစုံ ပြည်သူ့အကျိုးပြု ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်က တရုတ်၊ လာအို၊ ထိုင်း နိုင်ငံများသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းနိုင်ငံများအနေဖြင့် စိန်ခေါ်မှုများကို မြန်မာနိုင်ငံက ကိုင်တွယ်စီမံရာတွင် ထောက်ပံ့ကူညီအားပေးသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်ရေး၊ ပြန်လည်ရင်ကြားစေ့ရေးဖြစ်စဉ်ကို တွန်းအားပေးရာတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြင့် အားထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နှစ်ကုန်တွင် ပွင့်လင်းမြင်သာသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တက်ကြွစွာ ပြင်ဆင်လျက်ရှိပြီး ပြည်သူ့ထံသို့ အာဏာပြန်လည်အပ်နှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံဘက်က မြန်မာပြည်သားများ ဦးဆောင်၍ မြန်မာပြည်သားများ ပိုင်ဆိုင်သည့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်ကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝိုင်းက မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစားသင့်ကြောင်း ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပူးတွဲတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။
ဝမ်ရိက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးသည် ပြည်သူ့အကျိုးစီးပွား၊ လုံခြုံရေး သက်ဆိုင်ပြီး လေးနိုင်ငံ၏ ဘုံစိုးရိမ်ဂရုပြုမှုများ ဖြစ်ရာ စုပေါင်းအင်အားဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း၊ ယခင်အကြိမ် တွေ့ဆုံဆွေးနွေးပွဲမှစ၍ လေးနိုင်ငံ နီးကပ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်စီမံထိန်းချုပ်မှုများအား မြှင့်တင်ဆောင်ရွက်ခဲ့ရာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပူးတွဲတိုက်ဖျက်ရေး အောင်မြင်မှုရလဒ်များ သိသာ ထင်ရှားခဲ့ကြောင်း၊ သို့သော် ဒေသတွင်းလုံခြုံရေးအခြေအနေမှာ အားရဖွယ်မရှိသေးခြင်းကြောင့် ဟန်ချက်ညီညီ ဆက်လက်အားထုတ်ကြိုးပမ်းရန် ရမည်ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

လေးနိုင်ငံစလုံးက တရားဥပဒေစိုးမိုးရေးကဏ္ဍ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်မြှင့်တင်ရန်၊ အွန်လိုင်းလောင်းကစား ဆက်သွယ်ရေးလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု စသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအား ဆက်လက်အရှိန်မြှင့်တိုက်ဖျက်ရန် တစ်ပြေးညီ သဘောတူညီခဲ့ကြသည်။ (Xinhua)

——————-
(Chinese Version)
中老缅泰外长举行非正式会晤
新华社昆明8月15日电(记者董雪、彭奕凯)中国、老挝、缅甸、泰国15日在云南安宁举行外长非正式会晤,中共中央政治局委员、外交部长王毅,老挝外长通沙万,缅甸外长丹穗,泰国外长玛里出席。
王毅说,去年四方首次会晤以来,缅甸局势总体趋稳,正着力推进震后重建,维护主权独立、国家稳定。我们要坚持缅人主导、缅人所有,支持缅甸人民的选择,通过对话妥处分歧。要坚持东盟斡旋、邻国助力,以东盟为主渠道,发挥好中老缅泰外长非正式会晤、缅邻国外长会等机制作用。要坚持民生为先、发展为要,支持缅方改善民生,震后重建,推进各领域惠民合作。
缅方表示,感谢中、老、泰作为友好邻邦,为缅方应对挑战提供支持帮助。缅方致力于通过政治和谈推进国内和平和解进程,正积极筹备年底举行公开透明大选,还政于民。
老方表示,支持缅人主导、缅人所有的国内政治进程。
泰方表示,缅甸问题是缅内政,国际社会应尊重缅人民的选择。
四方外长就联合打击跨境犯罪交换了意见。王毅指出,打击跨境犯罪事关人民福祉安危,是四国共同关切,需要合力应对。上次会晤以来,四方密切协作,强化边境管控,联合打击跨境犯罪成效显著。但地区安全形势仍不乐观,要继续协同发力。
四方一致同意继续加强执法安全合作,加大力度打击网赌电诈、毒品和武器贩运、人口贩卖等跨境犯罪。(完)
1. 8月15日,中国、老挝、缅甸、泰国在云南安宁举行外长非正式会晤,中共中央政治局委员、外交部长王毅,老挝外长通沙万,缅甸外长丹穗,泰国外长玛里出席。 新华社记者 彭奕凯 摄