China
၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲ ချိန်တူးမြို့၌ အောင်မြင်စွာ ကျင်းပပြီးစီး

ချိန်တူး၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
သုံးပန်လှပန်းတို့၏မြို့တော်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော တရုတ်နိုင်ငံ ချိန်တူးမြို့တွင် တက်ကြွလန်းဆန်းမှုများဖြင့် လွင့်မြောလျက်ရှိသည်။ ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဩဂုတ် ၁၇ ရက် ညပိုင်းက တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။
လွန်ခဲ့သည် ၁၁ ရက်ကြာကာလတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၁၆ ခုမှ အားကစားသမား ၄,၀၀၀ နီးပါးသည် အိပ်မက်များကို အပြိုင်အဆိုင် အကောင်အထည်ဖော်ဆောင်ကြရာ ချိန်တူးမြို့တွင် “ အကန့်အသတ်မဲ့ အားကစား၊ အနမတဂ္ဂ အံ့ဩဖွယ်ရာများ” ဟူသော ပြောင်မြောက်သည့်ကဏ္ဍကို အတူတကွ ရေးဆွဲခဲ့ကြသည်။ ကြီးမှူးကျင်းပသူက “အစိမ်းရောင်ဖြစ်ခြင်း၊ အတူမျှဝေခံစားခြင်း၊ တံခါးဖွင့်လှစ်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း” ဟူသော ပြိုင်ပွဲကျင်းပသည့် အယူအဆကို လက်ကိုင်ထား၍ သိပ္ပံနည်းကျ အစီအစဉ် ရေးဆွဲကာ အသေးစိတ်စုစည်းစီမံခဲ့ရာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အားကစားအဖွဲ့ (IWGA) နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကောင်းမွန်သည့်မှတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပေသည်။
တရုတ် အားကစား ကိုယ်စားလှယ်အဖွဲ့သည် ယခုအကြိမ် အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၆ ခု၊ ငွေတံဆိပ် ၁၇ ခု၊ ကြေးတံဆိပ် ၁၁ ခု ဖြင့် စုစုပေါင်း ၆၄ ခု ဆွတ်ခူးရရှိခဲ့ရာ ရွှေတံဆိပ်ဆုသာမက ဆုတံဆိပ် အရေအတွက်စုစုပေါင်းပါ သမိုင်းစံချိန်သစ်တင်ခဲ့သည်။ ပထမဆုံးအကြိမ် ရွှေတံဆိပ်စာရင်းနှင့် ဆုတံဆိပ်စာရင်းတွင် ပထမနေရာ၌ ရပ်တည်ခဲ့ရာ တရုတ်နိုင်ငံပါဝင်သည့် ကမ္ဘာ့အားကစားပြိုင်ပွဲ သမိုင်းတွင် အကောင်းဆုံး အောင်မှတ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ညချမ်းအခါတွင် ချိန်တူး နိုင်ငံတကာပန်းမန်ဥယျာဉ်ပြပွဲရှိ အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးခန်းမကွင်းတွင် မီးရောင်များနှင့် ထွန်းလင်းတောက်ပလျက်ရှိသလို ခေါင်မိုးအလယ်က အဝိုင်းသဏ္ဌာန် အမိုးဖွင့်နှင့် နောက်ကျောက တောင်တန်း၊ စိမ်းလန်းစိုပြည်သော သစ်ပင်များက သက်ဝင်စွာ ပေါင်းစည်းလျက်ရှိရာ “ဥယျာဉ်မြို့တော်” ၏ ဂေဟအလှကို မျက်စိတစ်ဆုံး ဖော်ပြလျက်ရှိပေသည်။ ကမ္ဘာ့ဒေသအသီးသီးမှ လာရောက်ကြသော အားကစားသမားများက ဤနေရာတွင် စုစည်းကာ ကွင်းအတွင်း အကအလှတေးသွားများနှင့်အတူ တက်ကြွစွာ ပျော်မြူးလျက်ရှိသည်။
ည ၈ နာရီတိတိတွင် ပိတ်ပွဲအခမ်းအနားအစီအစဉ် တရားဝင် စတင်ခဲ့သည်။ ဖန်သားပြင်တွင် ပြန်လည်အောက်မေ့ဖွယ် ရုပ်သံအတိုလေးများကို ထုတ်လွှင့်ပြသပြီး လွန်ခဲ့သည့် ၁၁ ရက်ကြာကာလ၏ ထူးချွန်ပြောင်မြောက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု အခိုက်အတန့်များကို တစ်စတစ်စဖော်ပြကာ ပျော်ရွှင်ကြည်နူးဖွယ် နွေးထွေးသည့် နှုတ်ဆက်ပွဲညချမ်းကို စတင်ဖွင့်လှစ်ခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့အသီးသီး၏ အလံများနှင့် အားကစားသမားကိုယ်စားလှယ်များ အခမ်းအနားသို့ ဝင်ရောက်လာကြရာ အခမ်းအနားတစ်ခုလုံးရှိ ပရိတ်သတ်များက လှိုက်လှဲသည့် လက်ခုပ်ဩဘာသံနှင့် ပျော်ရွှင်စွာ ဟစ်ကြွေးသံများဖြင့် ကြိုးပမ်းအားထုတ်ခဲ့ကြသော အားကစားသမားများအား ဂုဏ်ပြု၍ လေးစားသမှုကို ဖော်ပြခဲ့ကြသည်။
ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ရှီးရှောင်လျင်၊ နိုင်ငံတကာ ကမ္ဘာ့အားကစားပြိုင်ပွဲအသင်း (IWGA) ဥက္ကဋ္ဌ Jose Perurena တို့က ရှေ့ဆင့်နောက်ဆင့် အမှာစကားပြောကြားရာတွင် ယခုအကြိမ် ကမ္ဘာ့အားကစားပြိုင်ပွဲ အောင်မြင် ပြီးပြည့်စုံစွာ ကျင်းပရေးအတွက် အကျိုးဆောင်ခဲ့သော ပုဂ္ဂိုလ်အားလုံးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ နောက်တစ်ကြိမ် ကမ္ဘာ့အားကစားပွဲ ကျင်းပမည့်မြို့ဖြစ်သည့် ဂျာမနီနိုင်ငံ ကားလ်ဆူရယ်လ်မြို့၏ မြို့တော်ဝန် Frank Mentrup က အမှာစကားပြောကြားရာတွင် ကမ္ဘာ့တစ်ဝန်းမှ ဧည့်သည်တော်များ လေးနှစ်အကြာတွင် ကားလ်ဆူရယ်လ်၌ ထပ်မံဆုံစည်းကြရန် လှိုက်လှဲစွာ ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
ည ၈ နာရီ ၅၀ မိနစ်တွင် Jose Perurena က ချိန်တူး ၂၀၂၅ ခုနှစ် ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲ ပြီးဆုံးကြောင်း ကြေညာခဲ့သည်။ ဖွင့်ပွဲအခမ်းအနား ပင်မကွင်း၌ ဒေါင်လိုက်ထားရှိသည့် ကမ္ဘာ့အားကစားပြိုင်ပွဲ အဓိကမီးရှူးတိုင်ကြီးသည် “Auld Lang Syne” သီချင်းအား ကလေးငယ်များအဖွဲ့လိုက်သီဆိုမှုနှင့်အတူ ဖြေးဖြေးချင်း ငြှိမ်းသတ်သွားသည်ကို ဖန်သားပြင်တွင် ဖော်ပြထားသည်။
“ချိန်တူး” ဟူသော နွေးထွေးစဖွယ် နောက်ခံတေးသွားတွင် အကအနုပညာရှင်များက သာယာငြိမ့်ညောင်းသည့် ဟန်ပန်အမူအယာများဖြင့် သဟဇာတဖြစ်စွာ ပေါင်းစည်းမှု၏အငွေ့အသက်ကို သရုပ်ဖော်ကပြခဲ့သည်။ ယနေ့ ခွဲခွာ၍ အနာဂတ်တွင် ဆုံတွေ့ကြရန် နောက်ဆုံးတွင် အကအနုပညာရှင်များက အတူတကွ လက်ဝှေ့ယမ်းကာ နှုတ်ဆက်ခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ကျင်းပသော ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချိန်တူးမြို့၌ ကျင်းပသော ၁၂ ကြိမ်မြောက် ကမ္ဘာ့အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမြင်ကွင်းများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
成都世运会 | 第12届世界运动会在成都圆满闭幕
新华社成都8月17日电(记者刘祯、董小红)蓉城跃动,激情飞扬。第12届世界运动会17日晚在四川省成都市圆满闭幕。
过去11天里,来自116个国家和地区的近4000名运动员挥洒汗水、追逐梦想,在成都共同谱写了“运动无限 气象万千”的精彩篇章。主办方秉持“绿色、共享、开放、廉洁”的办赛理念,科学谋划、精心组织,赢得了国际世界运动会协会大家庭和国际社会的广泛好评。
中国体育代表团在本届世运会上夺得36金、17银、11铜共64枚奖牌,金牌、奖牌总数均创历史新高,首次位居金牌榜和奖牌榜第一,创我国参加世运会历史最好成绩。
夜幕下的成都世园会成都国际友谊馆流光溢彩,屋顶中部的圆形天井与背后的山体、绿植有机融合,尽显“公园城市”的生态之美。来自世界各地的运动员相聚于此,场内歌舞飞扬、激情澎湃。 20时整,闭幕式正式开始。大屏幕播放的回顾短片,将过去11天的精彩与友爱瞬间一一呈现,开启了欢乐温暖的惜别之夜。
各代表团旗帜和运动员代表入场,全场观众以热烈的掌声和欢呼声,向奋力拼搏的体育健儿们致以祝贺和敬意。
成都世运会组委会主席施小琳、国际世界运动会协会主席何塞·佩鲁雷纳先后致辞,向为本届世运会圆满成功作出贡献的所有人员表示感谢。下届世运会举办城市德国卡尔斯鲁厄市市长弗兰克·门特鲁普致辞,热情邀请全球宾客四年后相聚卡尔斯鲁厄。
20时50分,佩鲁雷纳宣布成都2025年第12届世界运动会闭幕。大屏幕显示,矗立于开幕式主会场的世运会主火炬塔火焰,伴随着《友谊地久天长》的童声合唱缓缓熄灭。
在背景音乐《成都》的动人旋律中,多名舞者以舒展的肢体语言,舞出和谐交融之韵。最后,舞者们共同挥手致意,既作别今宵,更相约未来。(完)