Connect with us

China

တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် ၁၀ ရပ် ရရှိ

၂၄ ကြိမ်မြောက် တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အထူးကိုယ်စားလှယ်၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Shri Ajit Doval တို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်-အိန္ဒိယ နယ်နိမိတ်အရေး အထူးကိုယ်စားလှယ် ၂၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ကျင်းပခဲ့သည်။
တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အထူးကိုယ်စားလှယ်၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Shri Ajit Doval တို့သည် နှစ်နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာလမ်းညွှန်မှုအရ တက်ကြွ၍ အပြုသဘောဆောင်သည့် သဘောထားကို အရင်းခံကာ တရုတ်-အိန္ဒိယ နယ်နိမိတ်အရေးနှင့်စပ်လျဉ်း၍ ရိုးသားပွင့်လင်းစွာနှင့် နက်ရှိုင်းစွာ အမြင်သဘောထားချင်း ဖလှယ်ကြရာ အောက်ပါသဘောတူညီချက် ၁၀ ရပ် ရရှိခဲ့သည်။

(၁) နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ ကာဇန်တွေ့ဆုံဆွေးနွေးပွဲမှစ၍ နှစ်နိုင်ငံအကြီးအကဲများ ရရှိသော အရေးကြီးသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ရရှိသော တိုးတက်မှုအား အပြုသဘောသုံးသပ်ခဲ့ကြပြီး ၂၃ ကြိမ်မြောက် အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲမှစ၍ တရုတ်-အိန္ဒိယ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် ထိန်းသိမ်းခဲ့သည်ဟု ယူဆကြသည်။

(၂) နှစ်ဖက်အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသည်ဟု ထပ်လောင်းအတည်ပြုခဲ့ရာ တရုတ်-အိန္ဒိယ ဆက်ဆံရေး အလုံးစုံ တိုးတက်မှုကို မြှင့်တင်ရေးအတွက် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် သက်ဆိုင်ရာ အရေးကိစ္စများကို လျော်ကန်စွာ စီမံရန် အလေးထားပြောကြားခဲ့သည်။

(၃) နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး အခင်းအကျင်းကြီး၏ နိုင်ငံရေးရှုထောင့်မှ ချဉ်းကပ်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြရာ ၂၀၀၅ ခုနှစ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် နိုင်ငံရေးလမ်းညွှန်အခြေခံမူ သဘောတူညီချက်များအရ တရားမျှတ၍ ကျိုးကြောင်းဆီလျော်မှုရှိပြီး နှစ်ဖက်စလုံး လက်ခံနိုင်သော နယ်နိမိတ်အရေး ဖြေရှင်းမှု မူဘောင်ကို ကြိုးပမ်းရှာဖွေမည် ဖြစ်သည်။

(၄) နှစ်ဖက်အနေဖြင့် တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ စေ့စပ်ဆွေးနွေးရေးနှင့် ညှိနှိုင်းရေးလုပ်ငန်းယန္တရား (WMCC) မူဘောင်အောက်တွင် နယ်နိမိတ်သတ်မှတ်ရေးအဖွဲ့ငယ် တည်ထောင်ရန် သဘောတူညီခဲ့ကြရာ အခြေအနေ ရင့်ကျက်တည်ငြိမ်သည့် နယ်မြေအပိုင်းအခြားများတွင် နယ်နိမိတ်သတ်မှတ်ရေး စေ့စပ်ညှိနှိုင်းမှု တွန်းအားပေးဆောင်ရွက်ရန် စူးစမ်းလေ့လာမည် ဖြစ်သည်။

(၅) နှစ်ဖက်အနေဖြင့် တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ စေ့စပ်ဆွေးနွေးရေးနှင့် ညှိနှိုင်းရေးလုပ်ငန်းယန္တရား (WMCC) မူဘောင်အောက်တွင် လုပ်ငန်းအဖွဲ့ တည်ထောင်ရန် သဘောတူညီခဲ့ကြရာ နယ်စပ်ရေးရာ ထိရောက်စွာ စီမံထိန်းချုပ်ရေးကို တွန်းအားပေးပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်သည်။

(၆) နယ်စပ် အနောက်ပိုင်း တည်ရှိပြီးသည့် ဗိုလ်ချုပ်အဆင့်ဆွေးနွေးပွဲမှအပ နယ်စပ်ဒေသ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် ဗိုလ်ချုပ်အဆင့်ဆွေးနွေးပွဲ ယန္တရား တည်ထောင်မည်ဖြစ်ပြီး အနောက်ပိုင်း ဗိုလ်ချုပ်အဆင့်ဆွေးနွေးပွဲ အသစ်တစ်ကြိမ်အား အမြန်ဆုံး ကျင်းပသွားမည် ဖြစ်သည်။

(၇) နှစ်ဖက်အနေဖြင့် သံတမန်ရေးနှင့် စစ်ရေး လမ်းကြောင်းများ၏ နယ်စပ်စီမံထိန်းချုပ်မှုယန္တရား အခန်းကဏ္ဍကို အသုံးပြုရန် သဘောတူညီခဲ့ကြရာ ကနဦးအနေဖြင့် သက်ဆိုင်ရာအခြေခံမူနှင့် နည်းလမ်းများနှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိပြီး အခြေအနေပြေလျော့ရေးနှင့် စီမံထိန်းချုပ်ရေးလုပ်ငန်းစဉ်ကို တွန်းအားပေးဆောင်ရွက်မည် ဖြစ်သည်။

(၈) နှစ်ဖက်အနေဖြင့် နယ်စပ်ဖြတ်ကျော် မြစ်ကြောင်းရေးရာ ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြရာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မြစ်ကြောင်းရေးရာ ပညာရှင်အဆင့် ယန္တရား၏ အခန်းကဏ္ဍကို အသုံးပြုရန် သဘောတူညီခဲ့ကြရာ နယ်စပ်ဖြတ်ကျော်မြစ်ရေကြီးမှု အကြောင်းကြားရေး နားလည်မှု စာချွန်လွှာ သက်တမ်းတိုးရန်နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ ထားရှိမည် ဖြစ်သည်။ တရုတ်နိုင်ငံက လူသားချင်းစာနာမှုအခြေခံမူများကို အရင်းခံ၍ အိန္ဒိယနိုင်ငံနှင့် သက်ဆိုင်ရာမြစ်ကြောင်းများ၏ အရေးပေါ် ဇလဗေဒအချက်အလက်များကို မျှဝေပေးရန် သဘောတူညီခဲ့သည်။

(၉) နှစ်ဖက်အနေဖြင့် ရန်ချင်းကန်-ချန်းကူ (Renqinggang-Changgu)၊ ဖူလန်-ကုန့်ကျီ (Pulan-Gunji)၊ ကျိုပါး-နန်ကျား(Jiuba-Namgya) အစဉ်အလာ နယ်စပ်ကုန်သွယ်ရေးဈေးကွက် သုံးခုကို ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့သည်။

(၁၀) နှစ်ဖက်အနေဖြင့် ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ၂၅ ကြိမ်မြောက် အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေပွဲ ကျင်းပရန် သဘောတူညီခဲ့သည်။ (Xinhua)

———————
(Chinese Version)
中印边界问题特别代表会晤达成10点共识
新华社新德里8月19日电(记者陈冬书 伍岳)当地时间2025年8月19日,中印边界问题特别代表第24次会晤在印度新德里举行。中方特别代表、中共中央政治局委员、中央外办主任王毅同印方特别代表、国家安全顾问多瓦尔按照两国领导人的战略指引,本着积极和建设性态度,就中印边界问题坦诚、深入交换意见,并达成10点共识如下:
一、双方积极评价两国领导人喀山会晤以来在落实领导人重要共识方面取得的进展,认为自第23次特代会晤以来中印边境地区一直保持和平安宁。
二、双方重申维护边境地区和平安宁的重要性,强调通过友好协商妥处有关问题,以促进中印关系整体发展。
三、双方同意从两国关系大局的政治角度出发,按照2005年两国签署的政治指导原则协定,寻求公平合理和双方均能接受的边界问题解决框架。
四、双方同意在中印边境事务磋商和协调工作机制(WMCC)框架下设立划界专家小组,探讨在条件成熟的地段推进划界谈判。
五、双方同意在中印边境事务磋商和协调工作机制框架下设立工作小组,推进边境有效管控,维护边境地区的和平与安宁。
六、除边境西段既有的将军级会谈外,在边境东段和中段设立将军级会谈机制,并尽快举行新一轮西段将军级会谈。
七、双方同意发挥外交军事渠道的边境管控机制作用,先就有关原则、方式达成一致,推动降温缓局和管控进程。
八、双方就跨境河流合作交换意见,同意发挥两国跨境河流专家级机制作用,就续签相关跨境河流报汛谅解备忘录保持沟通。中方同意基于人道主义原则,同印方分享相关河流的应急水文信息。
九、双方同意重开仁青岗-昌古、普兰-贡吉、久巴-南加三处传统边境贸易市场。
十、双方同意2026年在中国举行第25次特代会晤。(完)
1. 当地时间2025年8月19日,中印边界问题特别代表第24次会晤在新德里举行。中方特别代表、中共中央政治局委员、中央外办主任王毅同印方特别代表、国家安全顾问多瓦尔就中印边界问题和双边关系等进行了全面深入、富有成效的沟通。 新华社记者 陈冬书 摄