Connect with us

China

မြန်မာနိုင်ငံ ပါတီအဖွဲ့အသီးသီးအနေဖြင့် နိုင်ငံလူမှုတည်ငြိမ်ရေး ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ဩဂုတ် ၁၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်မှစ၍ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဩဂုတ် ၁၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာ့အရေးတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပါတီအဖွဲ့အသီးသီးအနေဖြင့် နိုင်ငံနှင့် အမျိုးသားရေး၏ ရေရှည်အကျိုးစီးပွားမှ ဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေ မူဘောင်အောက်တွင် ပြန်လည်ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံလူမှုတည်ငြိမ်ရေး ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ကြရန်၊ နိုင်ငံရေးအသွင်ပြောင်းမှုဖြစ်စဉ်ကို တွန်းအားပေးရန် အစဉ်အမြဲ တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
中国外交部:中方主张缅甸各党各派尽早恢复国家社会稳定
就缅甸将于12月28日开始举行大选一事,外交部发言人毛宁8月19日在例行记者会上表示,大选是缅甸的内政。在缅甸问题上,中方始终主张缅甸各党各派从国家和民族的长远利益出发,在宪法和法律的框架下对话和解,尽早恢复国家社会稳定,推进政治转型进程。