Connect with us

China

ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံ သမ္မတ Ram Chandra Poudel တို့ တရုတ်-နီပေါ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့၊ လီချန်နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ် KP Sharma Oli တို့ ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံ သမ္မတ Ram Chandra Poudel တို့သည် တရုတ်-နီပေါ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာများကို ဩဂုတ် ၁ ရက်က အပြန်အလှန်ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှု သမိုင်းကြောင်းမှာ ကြာရှည်လှကြောင်း၊ တရုတ်-နီပေါ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၇၀ အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေ မည်ကဲ့သို့ပင် ပြောင်းလဲစေကာမူ နှစ်နိုင်ငံက အစဉ်တစိုက် အပြန်အလှန်လေးစားကာ တန်းတူညီမျှဆက်ဆံ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး လူမှုအသိုက်အဝန်း စနစ်မတူညီသော နိုင်ငံကြီးနှင့် နိုင်ငံငယ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသည့် စံနမူနာထူထောင်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်-နီပေါ နှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ် မြင့်တက်လာကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်မှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တစ်နေ့တခြား တိုးတက်လာကြောင်း၊ တရုတ်-နီပေါနှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုအား မျက်နှာမူသော ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် အဆက်မပြတ် နက်ရှိုင်းလာနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က မိမိအနေဖြင့် တရုတ်-နီပေါဆက်ဆံရေး တိုးတက်မှုအား များစွာအလေးထားကြောင်း၊ အဆွေတော်နှင့်အတူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်အား အခါအခွင့်အဖြစ် ထားရှိကာ အစဉ်အလာချစ်ကြည်ရေး တိုးတက်အောင် ဆောင်ရွက်၍ ကဏ္ဍစုံကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ကြိုးပမ်းသွားလိုကြောင်း၊ တရုတ်-နီပေါ နှစ်နိုင်ငံဆက်ဆံရေးက နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် တွန်းအားပေး၍ ဒေသတွင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်အားများဖြင့် အကျိုးထမ်းဆောင်သွားလိုကြောင်း အလေးထား ပြောကြားခဲ့သည်။

Ram Chandra Poudel က သဝဏ်လွှာတွင် နီပေါ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ အတွင်း အပြန်အလှန်ယုံကြည်မှု၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အစဉ်အမြဲကိုင်စွဲထားပြီး နှစ်နိုင်ငံချစ်ကြည်မှုသည် အချိန်ကာလ၏စမ်းသပ်မှုများကို ကျော်ဖြတ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နီပေါနိုင်ငံ၏ ယုံကြည်ထိုက်သော အိမ်နီးချင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက နီပေါနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလကြာရှည်စွာ ပံ့ပိုးခြင်း၊ နီပေါနိုင်ငံ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုအပေါ် လေးစားခြင်းကို နီပေါနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ နီ‌ပေါနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မြဲစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူလက်တွဲ၍ ရှေ့သို့ချီတက်ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုးနက်ရှိုင်းစေကာ ငြိမ်းချမ်းမှု၊ တိုးတက်မှုနှင့် စည်ပင်ဝပြောမှုဟူသည့် ဘုံမျှော်မှန်းချက်များကို ဖော်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ် KP Sharma Oli တို့လည်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် လီချန်က တရုတ်နိုင်ငံအနေဖြင့် တရုတ်-နီပေါ ဆက်ဆံရေးတိုးတက်မှုကို များစွာ အလေးထားကြောင်း၊ တရုတ်-နီပေါ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အား အခါအခွင့်အဖြစ် ထားရှိကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်မှုနှင့် ကဏ္ဍစုံ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုအား အရှိန်မြှင့် တွန်းအားပေးဖော်ဆောင်ပြီး တရုတ်-နီပေါနှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုအား မျက်နှာမူသော ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုကို တွန်းအားပေးရန် နီပေါနိုင်ငံနှင့်အတူ ကြိုးပမ်းလိုကြောင်း ပြောကြားခဲ့သည်။

KP Sharma Oli က နီပေါ-တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်အား လက်ကိုင်ထားသည့် အခြေခံပေါ်တွင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တိုးတက်အောင် ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံက နီပေါနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား ကိုယ်ပိုင်ရွေးချယ်မှုအပေါ် လေးစားခြင်းအား နီပေါနိုင်ငံအနေဖြင့် များစွာတန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံက ရရှိထားသည့် ကြီးမြတ်သော သမိုင်းဝင်အောင်မြင်မှုများကို လေးစားပါကြောင်း၊ အနာဂတ်ကို မျှော်မှန်းရာတွင် နီပေါနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်ပြီး နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
近平同尼泊尔总统鲍德尔就中尼建交70周年互致贺电   李强同尼泊尔总理奥利互致贺电
新华社北京8月1日电 8月1日,国家主席习近平同尼泊尔总统鲍德尔互致贺电,庆祝中尼两国建交70周年。
习近平指出,中国和尼泊尔山水相连,友好交往源远流长。中尼建交70年来,无论国际和地区形势如何变化,两国始终相互尊重、平等相待、互利合作,树立了不同社会制度和大小国家间友好相处的典范。近年来,中尼关系健康稳定发展,政治互信持续增强,共建“一带一路”及各领域合作日益拓展,中尼面向发展与繁荣的世代友好的战略合作伙伴关系不断深化。
习近平强调,我高度重视中尼关系发展,愿同你一道努力,以两国建交70周年为契机,弘扬传统友谊,加强各领域交流合作,推动中尼关系更好惠及两国人民,为地区和平与发展贡献力量。
鲍德尔表示,尼中建交70年来,始终坚持相互信任、主权平等、和平共处,两国友谊久经考验。中国是尼泊尔值得信任的邻居和发展伙伴。尼方感谢中国长期支持尼泊尔发展、尊重尼泊尔主权和独立。尼方坚定奉行一个中国原则,期待同中国携手前行,进一步深化各领域合作,实现和平、进步和繁荣的共同愿景。
同日,国务院总理李强同尼泊尔总理奥利互致贺电。李强表示,中方高度重视中尼关系发展,愿同尼方一道努力,以中尼建交70周年为契机,加快推进高质量共建“一带一路”及各领域交流合作,推动中尼面向发展与繁荣的世代友好的战略合作伙伴关系不断发展。
奥利表示,尼中两国坚持在和平共处五项原则基础上发展友好关系。尼方高度赞赏中方尊重尼泊尔主权、独立和自主选择的发展道路,钦佩中国取得的伟大历史成就。展望未来,尼方将继续致力于落实两国间达成的协议,切实造福两国人民。(完)