China
တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှင်းလုံခရိုင်တွင် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တက်ကြွစွာလုပ်ဆောင်

ရှီကျားကျွမ်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
မိုးသည်းထန်စွာရွာသွန်းခြင်း၏ သက်ရောက်မှုကြောင့် တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှင်းလုံခရိုင် လျို့သောက်ဟယ်မြို့နယ် အချို့သောရွာများတွင် သဘာဝဘေးသင့်ခဲ့ပြီး လမ်းမနှင့် လူနေအိမ်အချို့ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ ဒေသတွင်း၌ အင်အားများကို တက်ကြွစွာစုစည်း၍ သဘာဝဘေးအလွန် ပြုပြင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရက်ပေါင်းဆက်တိုက်လုပ်ဆောင်ခဲ့ပြီး လမ်းများ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုနှင့် ဆက်သွယ်ရေး အဆောက်အဦ စသည်တို့အား ပြုပြင်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် ပတ်ဝန်းကျင်ပိုးသတ်ခြင်း၊ ကပ်ဘေးအလွန် ကူးစက်ရောဂါကာကွယ်ရေး စသည့်လုပ်ငန်းများလည်း ကောင်းမွန်စွာဆောင်ရွက်ခြင်းဖြင့် ကပ်ဘေးသင့်ပြည်သူများ လူနေမှုဘဝကို အာမခံပေးကာ ပုံမှန်လူနေမှုဘဝနှင့် ကုန်ထုတ်လုပ်မှုများ ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှင်းလုံခရိုင် လျို့သောက်ဟယ်မြို့နယ် နန်ထိုင်ရွာတွင် အမျိုသားလျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် ရှင်းလုံခရိုင် လျှပ်စစ်ပို့လွှတ်ရေးကုမ္ပဏီမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းများအား ပြုပြင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှင်းလုံခရိုင် လျို့သောက်ဟယ်မြို့နယ် နန်ထိုင်ရွာတွင် ဝန်ထမ်းများက ရွာသူ၊ ရွာသားများအိမ်အတွင်း၌ ပိုးသတ်ဆေးဖျန်းနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
河北兴隆:积极开展灾后重建
新华社照片,石家庄,2025年8月2日
受强降雨影响,河北省承德市兴隆县六道河镇部分村受灾,一些道路和房屋损毁。连日来,当地积极组织力量开展灾后抢修重建工作,加快修复道路、供电和通信等设施,做好环境消杀、灾后防疫等工作,保障受灾群众生活,争取尽快恢复正常生产生活秩序。
1、8月1日,在兴隆县六道河镇朱家沟村,工作人员驾驶工程车辆清理石块。 新华社记者 王晓 摄
2、8月2日,国网兴隆县供电公司工作人员在兴隆县六道河镇南台村抢修供电线路(无人机照片)。新华社记者 王晓 摄
3、8月2日,工作人员在兴隆县六道河镇南台村村民家中进行消毒消杀工作。新华社记者 王晓 摄