Connect with us

China

ဂျပန်စစ်ဝါဒ၏ ဇီဝစစ်ပွဲဖော်ဆောင်သည့် ဖြစ်ရပ်မှန်မှာ ခိုင်မာသော သက်သေရှိကာ ငြင်းပယ်ရှောင်လွှဲ၍မရဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ဩဂုတ် ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံက လတ်တလောရက်ပိုင်းတွင် အမှတ် ၇၃၁ တပ်ဖွဲ့၌ လူဖြင့်စမ်းသပ်မှု လုပ်ဆောင်သည့် ပြစ်မှုအကြောင်း လျှို့ဝှက်အဆင့်သတ်မှတ်မှုမှ ဖယ်ရှားထားသော စာရွက်စာတမ်း ထုတ်ပြန်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဂျပန်စစ်ဝါဒဖြင့် ဇီဝစစ်ပွဲဖော်ဆောင်သည့် ဖြစ်ရပ်မှန်သည် ခိုင်မာသော သက်သေရှိကာ ငြင်းပယ်ရှောင်လွှဲ၍မရကြောင်း ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည့် အချက်အလက်များက ထပ်မံဖော်ပြနေသည်ဟု ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် သတင်းဖော်ပြချက်များအရ ရုရှားအစိုးရက လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်သည့် လျှို့ဝှက်အဆင့်သတ်မှတ်မှုမှ ဖယ်ရှားထားသော စာရွက်စာတမ်းအရ ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်နိုင်ငံသို့ ကျူးကျော်သည့် ဂျပန်စစ်တပ်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ဆိုဗီယက် ပြည်ထောင်စုအား တိုက်ခိုက်ရန် ကြိုတင်စီစဉ်ခဲ့ရာ စစ်သည်အများအပြားအား သတ်ဖြတ်နိုင်သည့် ဇီဝစစ်ပွဲဆင်နွှဲသည့်နည်းလမ်း အသုံးပြုရန် ပြင်ဆင်ခဲ့ပြီး တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့၌ အမှတ် ၇၃၁ တပ်ဖွဲ့ (၇၃၁ တပ်ဖွဲ့ဟု အတိုကောက်အားဖြင့် ခေါ်ဆိုမည်) အား ထူထောင်ခဲ့ကြောင်း၊ ၇၃၁ တပ်ဖွဲ့သည် ပလိပ်ရောဂါ၊ ထောင့်သန်းရောဂါ၊ ကာလဝမ်းရောဂါ စသည့် ဘက်တီးရီးယားရောဂါအမျိုးအစား အမျိုးမျိုးအပေါ် သုသေတနပြုလုပ်၍ လူဖြင့်စမ်းသပ်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့ရာ ယင်းအတွက် တရုတ်ပြည်သူ၊ ရုရှားပြည်သူနှင့် သေဒဏ်ချမှတ်ခံထားရသည့် ဂျပန်ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်းဟု မေးမြန်းခဲ့သည်။
“ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်နိုင်ငံကို ကျူးကျော်တဲ့ ဂျပန်စစ်တပ်က နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး တရုတ်ပြည်သူတွေအပေါ် ဒေါသထွက်ဖွယ်ရာ ဇီဝစစ်ပွဲ ဆင်နွှဲကာ အလွန်အမင်း လူမဆန်စွာ ရက်စက်မှုဖြင့် လူသားဖြင့်စမ်းသပ်မှုများ လုပ်ဆောင်ခဲ့တာကြောင့် လူသားမျိုးနွယ်အပေါ် ကြီးမားတဲ့ ပြစ်မှုကြီး ကျူးလွန်ခဲ့တယ်” ဟု မော်နင်က ပြောကြားခဲ့သည်။
ဂျပန်စစ်ဝါဒ၏ ဇီဝစစ်ပွဲဖော်ဆောင်သည့် ဖြစ်ရပ်မှန်သည် ခိုင်မာသော သက်သေရှိကာ ငြင်းပယ်ရှောင်လွှဲ၍ မရကြောင်း ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည့် အချက်အလက်များက ထပ်မံဖော်ပြနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သမိုင်းကို တည့်မတ်စွာရှုမြင်မှသာလျှင် လေးစားမှု ရရှိမည်ဖြစ်ကြောင်း၊ သမိုင်းကို သင်ခန်းစာယူလေ့လာမှသာ အနာဂတ်ကို ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ အတိတ်ဖြစ်ရပ်များကို မမေ့မှသာ လမ်းလွဲ ပြန်လည်ရောက်ခြင်းအား တားဆီးနိုင်မည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ “လက်တွေ့လှုပ်ရှားမှုနဲ့ ကျန်ရှိသောအကျင့်ဆိုးများကို ဖယ်ရှားပြီး သမိုင်းဖြစ်ရပ်မှားများ ထပ်မံမဖြစ်ပွားစေရန် ကျွန်မတို့အနေနဲ့ ဂျပန်က ကျူးကျော်မှု သမိုင်းအပေါ် နက်ရှိုင်းစွာ ပြန်လည်ဆန်းစစ်ပြီး တရုတ် စတဲ့ ထိခိုက်နစ်နာတဲ့နိုင်ငံမှ ပြည်သူတွေရဲ့ ခံစားချက်ကို လက်တွေ့တကျ လေးစားရန်၊ စစ်ဝါဒနဲ့ ပြတ်သားစွာ ဖြတ်တောက်ရန် တိုက်တွန်းလိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
外交部:日本军国主义发动细菌战的事实铁证如山,不容否认和抵赖
新华社北京8月21日电(记者邵艺博)就俄罗斯近日发布731部队人体实验罪行解密文件,外交部发言人毛宁21日表示,俄罗斯官方披露的资料再次表明,日本军国主义发动细菌战的事实铁证如山,不容否认和抵赖。
当日例行记者会上,有记者问:据报道,俄罗斯政府近日发布的解密文件显示,二战期间,侵华日军预谋从中国东北地区进攻苏联,曾准备动用可大量消灭兵员的细菌战手段,并在哈尔滨设立第七三一部队(简称731部队)。731部队对各种类型的鼠疫、炭疽、霍乱等细菌性疾病进行研究,不停实施人体实验,为此关押中国人、俄罗斯人和被判处死刑的日本人。中方对此有何评论?
“第二次世界大战期间,侵华日军公然违反国际法对中国人民发动了令人发指的细菌战,进行了惨无人道的人体活体实验,犯下了反人类的滔天罪行。”毛宁说,俄罗斯官方披露的资料再次表明,日本军国主义发动细菌战的事实铁证如山,不容否认和抵赖。
毛宁表示,只有正视历史,才能获得尊重;只有以史为鉴,才能开辟未来;只有前事不忘,才能防止再入歧途。今年是中国人民抗日战争暨世界反法西斯战争胜利80周年。“我们敦促日本深刻反省侵略历史,切实尊重中国等受害国人民的感情,同军国主义彻底切割,以实际行动消除遗毒,不要重蹈历史覆辙。”(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.