China
ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကြီးကျယ်ခမ်းနားစွာ ကျင်းပ၊ ရှီကျင့်ဖိန် အခမ်းအနားသို့ တက်ရောက်၍ ဝမ်ဟုနင် အရေးကြီးမိန့်ခွန်းပြောကြား

လားဆ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
နှစ်ပေါင်း ၆၀ ကြာ မိုးဒဏ်လေဒဏ်များကြား ခဲယဉ်းစွာ ကြိုးပမ်းဆောင်ရွက်လာခဲ့ရာတွင် နှစ်ပေါင်း ၆၀ ကြာ ဆီးနှင်းများ ဖုံးလွှမ်းကာ ခက်ခဲကြမ်းတမ်းသည့် ဤမြေမှာ ကြီးမားစွာ ပြောင်းလဲခဲ့ပြီဖြစ်သည်။
ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ရှီးဇန့် တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီးမှ အရာရှိများနှင့် ပြည်သူလူထု လူဦးရေ ၂ သောင်းခန့်သည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့ ပိုတာလာနန်းတော် ရင်ပြင်တွင် ပျော်ရွှင်စွာ စုဝေးကာ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် ဂုဏ်ပြုပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်ဂုဏ်ပြုခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဥက္ကဋ္ဌ၊ ဗဟိုကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဝမ်ဟုနင် အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သလို တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ ဗဟိုအထွေထွေရေးရာရုံးအကြီးအကဲ ချိုက်ချီလည်း တက်ရောက်ခဲ့သည်။
ရှေးဟောင်း လားဆမြို့တွင် ရောင်စုံအလံများ တလူလူလွှင့်လျက်ရှိရာ နေရာတိုင်းတွင် ပွဲတော်၏အငွေ့အသက်များဖြင့် ပြည့်နှက်လျက်ရှိသည်။ ထည်ဝါလှသည့် ပိုတာလာနန်းတော်အောက်တွင် ရှီးဇန့်ပုံစံ အခမ်းအနားပွဲ သဘာပတိစင်မြင့် တည်ဆောက်ထားသည်။ သဘာပတိစင်မြင့်ထက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်တံဆိပ်နှင့် “ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် ဂုဏ်ပြုပွဲ” ဟူသော စာတန်းမှာ အလွန်ပင် ထင်ရှားပြီး ၎င်း၏ နောက်ခံနံရံပေါ်တွင် ဂုဏ်ပြုပွဲတံဆိပ်နှင့် “၁၉၆၅” ၊ “၂၀၂၅” ဟူသော စာသားကို ချိတ်ဆွဲထားကာ အနီရောင်အလံ ၁၀ ခုကို ဘေးနှစ်ဖက်တွင် စီတန်းထားသည်။ သဘာပတိစင်မြင့်၏ မျက်နှာချင်းဆိုင်ရှိ ပိုတာလာနန်းတော်ရင်ပြင်တွင် ပွဲတော်အတွက် ခမ်းနားစွာ ဝတ်စားဆင်ယင်ထုံးဖွဲ့ထားသည့် တိုင်းရင်းသားပြည်သူများက နေရာဒေသအသီးသီးမှလာရောက်၍ ဤနေရာတွင် စုဝေးပြီး လက်ထဲတွင် အလံနီများကိုင်ဆောင်ကာ ဝှေ့ယမ်းနေကြသည်မှာ အခမ်းအနားတစ်ရပ်လုံး ပျော်ရွှင်ကြည်နူးဖွယ်များဖြင့် စုဝေးလျက်ရှိပေသည်။
နံနက် ၁၀ နာရီခန့်တွင် ကြည်နူးဖွယ် တေးသွားသံစဉ်များနှင့်အတူ ရှီကျင့်ဖိန် စသည့် အကြီးအကဲ ရဲဘော်များ သဘာပတိစင်မြင့်သို့ တက်လှမ်းလာကြရာ အခမ်းအနားတစ်ခုလုံး အချိန်ကြာမြင့်စွာ လက်ခုပ်ဩဘာသံများဖြင့် ပြည့်လျှံသွားခဲ့သည်။
ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ ဒုတိယ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ ဥက္ကဋ္ဌ ကာမာကျယ်တိန်းက အခမ်းအနား စတင်ကြောင်းကြေညာလိုက်ရာ အားလုံးမတ်တပ်ရပ်၍ နိုင်ငံတော်သီချင်းအား ကျယ်လောင်စွာ သီဆိုသံနှင့်အတူ ရဲရဲတောက်နေသည့် ကြယ်ငါးပွင့်အလံနီကို ပိုတာလာနန်းတော်ရင်ပြင်တွင် တလူလူ လွှင့်တင်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ်၊ ဗဟိုကိုယ်စားလှယ်အဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ကျန်းကော်ချင်းက တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ၊ ဗဟိုစစ်ကော်မရှင်တို့၏ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ်ပေါင်း ၆၀ ပြည့် ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ဝမ်ဟုနင်က ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထံသို့ ရှီကျင့်ဖိန် ရေးသားသည့် “တရုတ်အမျိုးသားအသိုက်အဝန်း အတူတည်ဆောက်၍ သာယာလှပသောရှီးဇန့်၏ အခန်းကဏ္ဍသစ်ကို အတူရေးခြယ်မည်” ဟူသော ကမ္ပည်းဆိုင်းဘုတ်ကို လက်ဆောင်ပေးခဲ့သည်။
ထို့နောက် ဝမ်ဟုနင်က မိန့်ခွန်းပြောကြားခဲ့သည်။
၁၉၆၅ ခုနှစ် စက်တင်ဘာလတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ရင်းနှီးနွေးထွေးသည့် ဂရုစိုက်စောင့်ရှောက်မှုနှင့် ပါတီ၏ တိုင်းရင်းသားမူဝါဒ အလင်းရောင်ထွန်းလင်းမှုအောက်တွင် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်းကို ကြေညာခဲ့ကြောင်း၊ ယင်းမှာ ရှီးဇန့်ဖွံ့ဖြိုးတိုးတက်ရေးသမိုင်း၏ သမိုင်းတွင်အနက်အဓိပ္ပာယ်ရှိသည့် အရေးကြီးကိစ္စရပ်ဖြစ်ရာ ရှီးဇန့် ငြိမ်းချမ်းစွာ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီနည်းလမ်းကျ ပြုပြင်ပြောင်းလဲရေး၏ ကြီးမြတ်သည့် အောင်မြင်မှုရလဒ်ကို ခိုင်မြဲစေခဲ့ပြီး ရှီးဇန့်လူမှုစနစ်၏ ရာဇဝင်ကျော်လွှားမှုကို ဖော်ဆောင်ခဲ့ကြောင်း၊ နှစ်ပေါင်း ၆၀ ကြာကာလတွင် ရှီးဇန့် လူမှုစီးပွားကဏ္ဍ ဘက်စုံ တိုးတက်လာခဲ့ရာ တိုင်းရင်းသားဒေသ ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ကို အောင်မြင်စွာ ဖော်ဆောင်ခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု နေ့စဉ်နှင့်အမျှ ခိုင်မာအားကောင်းလာခြင်း၊ တိုင်းရင်းသားပြည်သူအသီးသီး၏ နေထိုင်မှုဘဝ နေ့စဉ်တိုးတက်လာခြင်းတို့သည် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် ခိုင်မာတောင့်တင်းသည့် အင်အားကို အပြည့်အဝ ပြသလိုက်ခြင်း ဖြစ်သလို တရုတ်နိုင်ငံ ဆိုရှယ်လစ်ဝါဒစနစ်၏ ထင်ရှားသော နိုင်ငံရေးအားသာချက်ကို အပြည့်အဝ ထင်ဟပ်ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ဟုနင်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပါတီညီလာခံမှစ၍ ရဲဘော် ရှီကျင့်ဖိန်အား ဗဟိုပြုသည့် ပါတီဗဟိုကော်မတီသည် ရှီးဇန့်လုပ်ငန်းများကို အထူးအလေးထား၍ ဘက်စုံမြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ခေတ်သစ် ပါတီ၏ ရှီးဇန့်စီမံခန့်ခွဲရေးဗျူဟာကို အတည်ပြုပြီး ပါတီနှင့် နိုင်ငံလုပ်ငန်းစဉ်များ၏ အခင်းအကျင်းတစ်ရပ်လုံး ရှုထောင့်မှ ရှီးဇန့် ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အစီအစဉ်ရေးဆွဲ တွန်းအားပေး ဆောင်ရွက်ခဲ့ရာ ရှီးဇန့်သည် တစ်ပြည်လုံးနှင့်အတူ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အောင်နိုင်ပြီး အတော်အသင့် ပြည့်စုံကောင်းမွန်သည့် လူမှုအဖွဲ့အစည်းကို ဘက်စုံတည်ဆောက်နိုင်ခဲ့ကြောင်း၊ ရှီးဇန့်လူမှုစီးပွားတိုးတက်ရေးသည် သမိုင်းဝင်အောင်မြင်မှုများ ရရှိခဲ့သလို တိုင်းရင်းသား စည်းလုံးညီညွတ်စွာ တိုးတက်ရေးလုပ်ငန်းသည် ရာဇဝင်တွင်သည့် အပြောင်းအလဲများဖြစ်ခဲ့ပြီး ပြည်သူ့လူနေမှုဘဝအဆင့်အတန်းသည် သမိုင်းဝင် ခုန်ပျံကျော်လွှားတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ရှီးဇန့်သည် ဖွံ့ဖြိုးမှုအကောင်းဆုံး၊ ပြောင်းလဲမှုအကြီးဆုံး၊ တိုင်းရင်းသားပြည်သူအသီးသီး လက်တွေ့အကျိုးစီးပွားရရှိမှု အများဆုံးသော သမိုင်းကာလသို့ ဝင်ရောက်ခဲ့ရာ ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင် ရှီးဇန့်အသစ်တည်ဆောက်ရေးသည် ရှင်သန်စွမ်းအားများကို ပြသလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမိုင်း၏ စမှတ်သစ်၌ ရပ်တည်ရာတွင် မိမိတို့သည် ရှီကျင့်ဖိန် ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံနှင့် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ်၊ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး စိတ်ဓာတ်ကို ဘက်စုံ လက်တွေ့ဖော်ဆောင်ကာ “စံထားအတည်ပြုချက် နှစ်ရပ်” ၏ သန္နိဋ္ဌာန်အနက်အဓိပ္ပာယ်ကို နက်ရှိုင်းစွာ နားလည်သိရှိရမည်ဖြစ်ကြောင်း၊ “အသိလေးပါး” တိုးမြှင့်ခြင်း၊ “ယုံကြည်ချက်လေးရပ်” ကို မြဲမြံစွာ လက်ကိုင်ထားခြင်း၊ “ကာကွယ်ထိန်းသိမ်းမှု နှစ်ရပ်” ကို ဖော်ဆောင်နိုင်ခြင်း ပြုရမည် ဖြစ်ကြောင်း၊ ခေတ်သစ်ပါတီ၏ ရှီးဇန့်စီမံခန့်ခွဲရေးဗျူဟာကို အပြည့်အဝဖော်ဆောင်ကာ တရုတ်အမျိုးသားရေးအသိုက်အဝန်းအသိစိတ်ဓာတ် ပင်မလမ်းကြောင်းကို ခိုင်မြဲစွာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဂေဟစနစ်ကျမှု၊ နယ်စပ်ဒေသခိုင်မာအားကောင်းမှု ဟူသော ကဏ္ဍကြီး ၄ ရပ်ကို ကောင်းမွန်စွာ အားထားဆောင်ရွက်ရမည်ဖြစ်သလို စည်းလုံးညီညွတ်မှု၊ ချမ်းသာကြွယ်ဝမှု၊ ယဉ်ကျေးမှု၊ သဟဇာတဖြစ်မှု၊ သာယာလှပမှုရှိသော ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင် ရှီးဇန့်သစ်ကို ကြိုးပမ်းတည်ဆောက်ခြင်းဖြင့် တရုတ် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၏ တရုတ်အိပ်မက်ကို ဖော်ဆောင်ရန်အတွက် မဆုတ်မနစ်ကြိုးပမ်းရမည် ဖြစ်ကြောင်း ဝမ်ဟုနင်က ပြောကြားခဲ့သည်။
ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ အတွင်းရေးမှူး ဝမ်ကျွင်းကျိန့်၊ ရှီးဇန့်တိုင်းရင်းသားလူထုကိုယ်စားလှယ် ကျော်မာရန်ကျိန်း တို့က အခမ်းအနားတွင် ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပျော်ရွှင်ကြည်နူးဖွယ် မင်္ဂလာအပေါင်းနှင့်ခညောင်းသည့် အငွေ့အသက်များနှင့်အတူ လူထုချီတက်ပွဲ ကျင်းပခဲ့သည်။ ချီတက်ပွဲကို “အလံကိုင်ဦးဆောင်အဖွဲ့”၊ “ဖော်ဆောင်ရန်ကဏ္ဍကြီး ၄ ရပ်” ၊ “ခေတ်သစ်သို့ အားမာန်အပြည့်နှင့် တက်လှမ်းချီ”၊ “အနာဂတ်သို့ လျှောက်လှမ်းမည်” ဟူ၍ လေးပိုင်းခွဲကာ လူထုအစုအဖွဲ့၊ ပန်းအလှယာဉ် ၂၆ ခုသည် ပျော်ရွှင်ဖွယ်တေးသွားများနှင့်အတူ အစဉ်လိုက်ချီတက်လှည့်လည်ခဲ့ကြသည်။ တိုင်းရင်းသားလူထုအသီးသီးကလည်း တောက်ပခမ်းနားစွာ ဝတ်စားဆင်ယင်ထားပြီး လှိုက်လှဲပျူငှာစွာ ကခုန်ကာ ချမ်းမြေ့သာယာသောဘဝ၏ ပျော်ရွှင်မှု၊ ပါတီနှင့် နိုင်ငံအပေါ် ကျေးဇူးတင်ရှိမှုကို ဖော်ပြခဲ့ကြသည်။ ရှီကျင့်ဖိန်သည် နယ်ပယ်အသီးသီးမှ လူထုအား လက်ပြနှုတ်ဆက်ခဲ့သည်။
“အမိမြေအတွက် တေးသီချင်း” ၏ စိတ်အားထက်သန်ဖွယ် တေးသွားများနှင့်အတူ ငြိမ်းချမ်းရေး ခိုငှက်ငယ်များ အတောင်ဖြန့်ကာ ပျံသန်းကြသလို ရောင်စုံပူဖောင်းများက ကောင်းကင်ထက်သို့ လွင့်ပျံလျက်ရှိရာ သောင်းသောင်းဖျဖျ လက်ခုပ်ဩဘာသံများ၊ ပျော်ရွှင်ဟစ်ကြွေးသည့်အသံများဖြင့် အခမ်းအနားသည် စည်ကားသိုက်မြိုက်စွာ ပြီးဆုံးခဲ့သည်။
လီကန့်ကျယ်၊ ဟယ်လိဖုန်း၊ ဝမ်ရှောင်ဟုန်၊ လော့ဆန်းကျန်းချွမ်း၊ ဟူချွမ်းဟွာ၊ ဖာ့ပါးလား ကယ်လျဲ့လန်ကျယ်နှင့် ကျန်းစိန်းမင်၊ ရှီးဇန့်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲဘော်ဟောင်းများ၊ ဗဟိုနှင့် နိုင်ငံ၏ အဖွဲ့အစည်းဌာနများမှ ဌာနဆိုင်ရာ တာဝန်ခံ ရဲဘော်များ၊ ဗဟိုကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်တစ်ရပ်လုံး၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီ၊ အုပ်ချုပ်ရေး၊ တပ်မတော် တာဝန်ရှိ ရဲဘော်များက အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် နှင့်တကွ ဝမ်ဟုနင်၊ ချိုက်ချီတို့ တက်ရောက်သည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၁ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
西藏自治区成立60周年庆祝大会隆重举行 中共中央全国人大常委会国务院全国政协中央军委致电祝贺 习近平出席大会 王沪宁出席并讲话 蔡奇出席
新华社拉萨8月21日电 六十载奋斗栉风沐雨,六十年雪域沧桑巨变。21日上午,西藏各族各界干部群众约2万人欢聚拉萨市布达拉宫广场,热烈庆祝西藏自治区成立60周年。中共中央总书记、国家主席、中央军委主席习近平出席庆祝大会。
中共中央政治局常委、全国政协主席、中央代表团团长王沪宁出席并讲话,中共中央政治局常委、中央办公厅主任蔡奇出席。
古城拉萨彩旗飘扬,处处洋溢着节日的氛围。雄伟的布达拉宫下,搭建起藏式风格的大会主席台。主席台上方中华人民共和国国徽和“西藏自治区成立60周年庆祝大会”横幅十分醒目,背景墙上悬挂着大庆会徽和“1965”“2025”字样,10面红旗分列两侧。主席台对面的布达拉宫广场上,身着节日盛装的各族群众从四面八方汇聚到这里,手中挥动着红旗,汇聚成一片欢乐的海洋。
上午10时许,在欢快的乐曲声中,习近平等领导同志走上主席台,全场响起长时间的热烈掌声。
西藏自治区党委副书记、自治区人民政府主席嘎玛泽登宣布大会开始。全场起立,高唱国歌,鲜艳的五星红旗在布达拉宫广场冉冉升起。
中共中央政治局委员、国务院副总理、中央代表团副团长张国清宣读中共中央、全国人大常委会、国务院、全国政协、中央军委关于庆祝西藏自治区成立60周年的贺电。(全文另发)
王沪宁向西藏自治区赠送习近平题词的“共建中华民族共同体 书写美丽西藏新篇章”贺匾。
王沪宁发表讲话。他说,1965年9月,在党中央亲切关怀和党的民族政策光辉照耀下,西藏自治区宣告成立。这是西藏发展史上具有划时代意义的大事,巩固了西藏和平解放和民主改革的伟大成果,实现了西藏社会制度的历史性跨越。60年来,西藏经济社会全面发展,民族区域自治制度成功实践,民族团结日益巩固,各族人民生活蒸蒸日上,充分展现了中国共产党领导的坚强力量,充分展现了我国社会主义制度的显著政治优势。
王沪宁表示,党的十八大以来,以习近平同志为核心的党中央高度重视、全面加强西藏工作,确立新时代党的治藏方略,从党和国家事业全局出发系统谋划推进西藏长治久安和高质量发展,西藏同全国一道打赢脱贫攻坚战、全面建成小康社会,西藏经济社会发展取得历史性成就,民族团结进步事业发生历史性变化,人民生活水平实现历史性跃升,西藏步入发展最好、变化最大、各族群众得实惠最多的历史时期,社会主义现代化新西藏建设展现勃勃生机。
王沪宁表示,站在新的历史起点上,我们要坚持以习近平新时代中国特色社会主义思想为指导,全面贯彻落实党的二十大和二十届二中、三中全会精神,深刻领悟“两个确立”的决定性意义,增强“四个意识”、坚定“四个自信”、做到“两个维护”,贯彻落实新时代党的治藏方略,牢牢把握铸牢中华民族共同体意识主线,抓好稳定、发展、生态、强边四件大事,努力建设团结富裕文明和谐美丽的社会主义现代化新西藏,为实现中华民族伟大复兴的中国梦不懈奋斗。
西藏自治区党委书记王君正、藏族群众代表卓玛仁增在会上发言。
随后,举行了充满吉祥喜庆气氛的盛大群众游行。游行分为“旗帜引领”“四件大事”“奋进新时代”“走向未来”4个单元,26个群众游行方队、彩车,在欢快的音乐中依次行进。各族群众身着绚丽多彩的服饰,跳起热情欢快的舞蹈,表达过上幸福生活的喜悦之情、对党和国家的感恩之情。习近平等不时向各界群众挥手致意。
在《歌唱祖国》的激昂旋律中,和平鸽展翅高飞,彩色气球腾空而起,现场响起热烈的掌声和欢呼声,大会圆满结束。
李干杰、何立峰、王小洪、洛桑江村、胡春华、帕巴拉·格列朗杰和张升民,在西藏工作过的老同志,以及中央和国家机关有关部门负责同志、中央代表团全体成员,西藏自治区党政军负责同志等出席大会。(完)
1. 8月21日上午,西藏各族各界干部群众约2万人欢聚拉萨市布达拉宫广场,热烈庆祝西藏自治区成立60周年。中共中央总书记、国家主席、中央军委主席习近平出席庆祝大会。 新华社记者 燕雁 摄
2. 8月21日上午,西藏各族各界干部群众约2万人欢聚拉萨市布达拉宫广场,热烈庆祝西藏自治区成立60周年。中共中央总书记、国家主席、中央军委主席习近平出席庆祝大会。王沪宁、蔡奇出席大会。 新华社记者 殷博古 摄