Connect with us

China

တရုတ်နိုင်ငံ ဆန်းကျန့်မြို့အထိ “နေအိမ်” အား သယ်ဆောင်လာခြင်း – လုပ်ငန်းခွင်ဝင်သူအုပ်စုသစ်၏ ဆုံစည်းရာ တိုက်ခန်း

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ပေါင်အန်းခရိုင်တွင် အန်းကျွီးလော့ယွိကုမ္ပဏီမှ ပံ့ပိုးပေးသော “ဆန်းကျန့်အိပ်မက် ဆုံစည်းရာ - လုပ်ငန်းခွင်ဝင်သူအုပ်စုသစ်၏ နွေရာသီကာလ အခမဲ့ ၁ လတာ နေထိုင်ခြင်း ပရဟိတလှုပ်ရှားမှု” တိုက်ခန်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့် (ကွမ်တုန်း)၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ကျိုးမုန့်သည် တရုတ်နိုင်ငံ ဆန်းကျန့်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်ချိန်မှစ၍ အပျော်ရွှင်ဆုံး နွေရာသီကို ကျော်ဖြတ်ခဲ့ရသည်။
ကျိုးမုန့်သည် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် နန်ယန်မြို့သားဖြစ်ပြီး စွန့်ဖုန်း အမြန်ချောပို့ ဝန်ဆောင်မှု၏ ပို့ဆောင်သူတစ်ဦးဖြစ်သည်။ ယမန်နှစ် နွေရာသီပိတ်ရက်ကာလတွင် စပ်တူငှားနေသည့် အဆောင်၏ အဆင်မပြေမှုနှင့် များပြားလှသော အိမ်ငှားခကြောင့် မိသားစုဝင်များ ပြန်လည်ဆုံစည်းမှုသည် မဖြစ်နိုင်သော မျှော်လင့်ချက် ဖြစ်ခဲ့သည်။
ယခုနှစ် ဇွန်လတွင် အလုပ်လုပ်ကိုင်သည့် အုပ်စုအတွင်း၌ “ဆန်းကျန့်အိပ်မက် ဆုံစည်းရာ – လုပ်ငန်းခွင်ဝင်သူအုပ်စုသစ်၏ နွေရာသီကာလ အခမဲ့ ၁ လတာ နေထိုင်ခြင်း ပရဟိတလှုပ်ရှားမှု” သည် ကျိုးမုန့်နှင့် မိသားစုဝင်များ ပြန်လည်ဆုံစည်းရန် မျှော်လင့်ချက်ကို ထွန်းလင်းပေးလိုက်သည်။
လုပ်ငန်းခွင်ဝင်သူအုပ်စုသစ်က ရင်ဆိုင်နေရသော “မိသားစုဝင်များ ဆုံစည်းရန် ခက်ခဲမှု” ၊ “သားသမီးအား အဖော်ပြုရန် ခက်ခဲမှု” စသည့် လူနေမှုဘဝအခက်အခဲများကို ဖြေရှင်းရန်အတွက် ဆန်းကျန့်မြို့သည် ယခုနှစ် နွေရာသီကာလအတွင်း ဆန်းကျန့်မြို့၌ အချိန်ပြည့်အလုပ် လုပ်ကိုင်သူနှင့် အခြေစိုက်သည့် ကုန်တင်ယာဉ်မောင်း၊ အငှားယာဉ်မောင်း၊ အမြန်ချောပို့ ပို့ဆောင်သူ၊ အွန်လိုင်းမှ အမှာစာဖြင့် ပို့ဆောင်ပေးသူ စသည့် လုပ်ငန်းခွင့်ဝင်သူအုပ်စုသစ် အမျိုးအစား ၄ မျိုးအတွက် “မိသားစုဆုံစည်းမှု လက်ဆောင်ထုပ်ကြီး” တစ်ခု လက်ဆောင်ပေးလိုက်သည်။
ယင်းမှာ လျှောက်ထားခြင်းဖြင့် “ဆုံစည်းရန်တိုက်ခန်း” အား တစ်လတာ အခမဲ့အသုံးပြုခွင့်ရပြီး ကြာရှည်စွာ ကွဲကွာနေရသော မိသားစုဝင်များနှင့်အတူ ပြန်လည်ဆုံစည်းသည့် နွေရာသီကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
မိမိကလျှောက်ထားခွင့်ရကြောင်း သိရှိသည်နှင့် ကျိုးမုန့်သည် ၎င်း၏ဇနီးကို ပထမဆုံး ဖုန်းဆက်ပြောကြားခဲ့သည်။ ကျိုးမုန့်ပို၍ ဝမ်းသာသွားရသည်မှာ လျှောက်ထားရရှိသည့်တိုက်ခန်းသည် ၎င်းအလုပ်လုပ်ကိုင်ရာ ပို့ဆောင်မှုစခန်း အနီးတစ်ဝိုက်တွင်ပင်ဖြစ်သည်။
“ဒီတိုက်ခန်းက နေရာအဆင်ပြေပြီး အလုပ်နဲ့ မိသားစုကို ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်တဲ့အပြင် ပတ်ဝန်းကျင်အခြေအနေလည်း‌ သိပ်ကိုကောင်းတယ်။ အထုပ်ဆွဲပြီးလာနေရုံပဲ။ မိန်းမနဲ့ သမီးကလည်း အလွန်သဘောကျတယ်” ဟု ကျိုးမုန့်က ရယ်လျက် ဆိုခဲ့သည်။
အဆိုပါလှုပ်ရှားမှုအား တာဝန်ယူလုပ်ဆောင်သည့် အန်းကျွီးလော့ယွီကုမ္ပဏီမှ စာရင်းကောက်ယူမှုများအရ ဩဂုတ် ၁၉ ရက်အထိ “ဆန်းကျန့်အိပ်မက် ဆုံစည်းရာ – လုပ်ငန်းခွင်ဝင်သူအုပ်စုသစ်၏ နွေရာသီကာလ အခမဲ့ ၁ လတာ နေထိုင်ခြင်း ပရဟိတလှုပ်ရှားမှု” တွင် ဝင်ရောက်နေထိုင်နေသည်မှာ မိသားစုပေါင်း ၁၀၀ နီးပါး ရှိနေပြီဖြစ်သည်။
ကျိုးမုန့်ကဲ့သို့ “အိပ်မက်ဖော်ဆောင်နိုင်ခဲ့သူများ” တွင် အငှားယာဉ်မောင်း ဟန်ကွမ်ပင်းတို့ ဇနီးမောင်နှံလည်း ပါဝင်သည်။ ဆန်းတုန်းပြည်နယ် ကျိနင်မြို့မှလာသည့် ၎င်းတို့သည် ပုံမှန်အားဖြင့် ဆန်းကျန့်မြို့၌ အလုပ်လုပ်ကိုင်ကြပြီး တရုတ်နှစ်သစ်ကူးချိန်မှသာ ဇာတိပြန်၍ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်သည်။
မိသားစုဝင်များ ဆန်းကျန့်မြို့သို့ ရောက်ရှိလာချိန်တွင် ဟန်ကွမ်ပင်းက “အိမ်” လည်းရောက်လာပြီဟု ယူဆသည်။ “အားလုံးပြောကြတာက ‘လာပြီဆိုရင် ဆန်းကျန့်သားပဲ’ တဲ့။ ဒီနွေရာသီပိတ်ရက်မှာ ကျွန်တော်တို့ တစ်မိသားစုလုံးက ဆန်းကျန့်သားအနေနဲ့ နွေးထွေးမှုကို ခံစားလိုက်ရတယ်။ သိပ်ကောင်းတယ်” ဟု ဟန်ကွမ်ပင်းက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ပေါင်အန်းခရိုင်တွင် အန်းကျွီးလော့ယွိကုမ္ပဏီမှ ပံ့ပိုးပေးသော “ဆန်းကျန့်အိပ်မက် ဆုံစည်းရာ – လုပ်ငန်းခွင်ဝင်သူအုပ်စုသစ်၏ နွေရာသီကာလ အခမဲ့ ၁ လတာ နေထိုင်ခြင်း ပရဟိတလှုပ်ရှားမှု” တိုက်ခန်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ပေါင်အန်းခရိုင်ရှိ တိုက်ခန်းတွင် စွန့်ဖုန်း အမြန်ချောပို့ ပို့ဆောင်သူ ကျိုးမုန့် (ဝဲဘက်) နှင့် ဇနီး ဝမ်ထိန်တို့က သမီးဖြစ်သူ ကျိုးလျင်ရည်နှင့်အတူ ကာတွန်းကား ကြည့်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
新华全媒+丨把“家”带来深圳:新就业群体的团圆公寓
新华社照片,深圳(广东),2025年8月21日
邹梦度过了到深圳工作以来,最幸福的一个夏天。
邹梦来自河南南阳,是顺丰速运的一位快递员。往年暑假,合租宿舍的不便和高昂的房租让家人团聚成为奢望。今年6月,工作群里的“深梦团聚·新就业群体暑期免费住1个月公益活动”点燃了邹梦与家人团圆的希望。
为解决新就业群体面临的“家属团圆难”“亲子陪伴难”等生活难题,深圳今年暑期为在深全职工作及常驻的货车司机、网约车司机、快递员、网约配送员等四类新就业群体送上一份“家庭团圆大礼包”——通过申请可以免费使用一个月“团聚公寓”,与久违的家人度过一个团聚的夏天。
得知自己可以申请后,邹梦第一时间打电话告诉妻子。更让邹梦开心的是,申请到的公寓就在站点附近。“这套公寓不仅位置方便,可以平衡工作和生活,条件也很好,可以‘拎包入住’,老婆和女儿都很满意。”邹梦笑着说。
据承办方安居乐寓公司统计,截至8月19日,“深梦团聚·新就业群体暑期免费住1个月公益活动”已有近百户家庭入住。和邹梦一样“圆梦”的还有滴滴司机韩广滨夫妇,来自山东济宁的他们,常年在深圳工作,只有过年才能回老家和家人团聚。
家人来了深圳,韩广滨觉得,“家”也来了。“都说‘来了就是深圳人’,这个暑假我们全家都感受到了作为深圳人的温暖,真好。”韩广滨说。
1、2:这是8月19日在深圳市宝安区拍摄的安居乐寓公司提供“深梦团聚·新就业群体暑期免费住1个月公益活动”的公寓。 新华社记者 毛思倩 摄
3:8月19日,在深圳市宝安区的公寓,顺丰快递员邹梦(左)和妻子王婷陪女儿邹琳伊看动画片。新华社记者 毛思倩 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.