Connect with us

China

“တပ်နီကုန်း” တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေး ညီညွတ်ရေးတပ်၏ ကျဆုံးသွားသော အာဇာနည်များအား စောင့်ရှောက်သူ စွန်းဖူကွေ့

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ အားရုံချီ လျို့ဟယ်မြို့နယ်၌ စိုက်ခင်းများကြားမှ “တပ်နီကုန်း” အား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူးလွန်ပေ့အယ် (အတွင်းမွန်ဂိုလီးယားဒေသ)၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ အားရုံချီ လျို့ဟယ်မြို့နယ်၌ မထင်မရှား တောင်ကုန်းလေးတစ်ခုရှိသည်။ ဒေသတွင်း ရွာသူ၊ ရွာသားများကမူ အဆိုပါတောင်ကုန်းလေးကို စိတ်အားတက်ကြွစေသော နာမည် “တပ်နီကုန်း” ဟု အမည်ပေးထားသည်။
၁၉၄၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေး ညီညွတ်ရေးတပ် အမှတ် ၃ စစ်ကြောင်း တပ်မတော်သည် ထိုနေရာတွင် ဂျပန်စစ်တပ်နှင့် ၎င်းတို့၏လက်ဝေခံစစ်တပ်များနှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သည်အများအပြားက ရွာသူ၊ ရွာသားများကို ကာကွယ်ရန်အတွက် ကျဆုံးခဲ့ရသည်။
ဒေသတွင်းပြည်သူများက အရဲစွန့်၍ အာဇာနည် ၅ ဦး၏ ရုပ်ကလာပ်ကို ထိုနေရာတွင် မြှုပ်နှံခဲ့ပြီး အထိမ်းအမှတ် ကမ္ပည်းတိုင်ထူခဲ့သည်။ ထိုမှစ၍ အဆိုပါတောင်ကုန်းလေးသည် အာဇာနည်တို့ ရာသက်ပန် အိပ်စက်ရာနေရာ ဖြစ်လာသလို ရွာသူ၊ ရွာသား မျိုးဆက်အဆက်ဆက်၏ရင်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေသော အနီရောင် အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။
တောင်ခြေတွင် အသက် ၅၉ နှစ်အရွယ် စွန်းဖူကွေ့သည် မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းလာသောနေအိမ်အား စောင့်ရှောက်နေသလို အဆိုပါ “တပ်နီကုန်း” ကိုလည်း စောင့်ရှောက်လျက်ရှိသည်။ ၎င်းသည် သိတတ်စအရွယ်ကပင် ထိုနေရာ၌ ဆော့ကစားရင်း ကြီးပြင်းလာခဲ့ပြီး လူကြီးများက ပြောကြားခဲ့သည့် ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေး ညီညွတ်ရေးတပ် အကြောင်းအရာများက နားတွင်စွဲထင်နေသည်။
စစ်သည်များက ရွာထဲတွင် မည်ကဲ့သို့ ညအိပ်ညနေ နေကြသည်၊ ရွာသူ၊ ရွာသားများအား ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရန် မည်သို့မိတ်ဆက်သည်၊ အများပြည်သူကလည်း မည်ကဲ့သို့ အရဲစွန့်၍ ဒဏ်ရာရရှိသော စစ်သည်များအား ကာကွယ်သည် … အဆိုပါနွေးထွေးမှုများ ပါဝင်နေသည့် အတိတ်အမှတ်တရများက ၎င်း၏ရင်ထဲတွင် စောင့်ရှောက်ရန် မျိုးစေ့ကြဲပေးခဲ့သည်။
ယနေ့တွင် အဆိုပါမျိုးစေ့သည် သစ်ပင်ကြီးအဖြစ် ကြီးထွားလာပြီဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် အခြားဒေသ၌ နေထိုင်သည့် စွန်းဖူကွေ့သည် လျို့ဟယ်မြို့နယ်သို့ပြန်ရောက်လာရာ ပထမဆုံး လုပ်ဆောင်သည်မှာ “တပ်နီကုန်း” သို့ တက်ခြင်းပင်ဖြစ်သည်။ အထိမ်းအမှတ် ကျောက်တိုင်ဟောင်းတွင် သုတ်ဆေးများ အရောင်ကွက်နေသည်ကို တွေ့မြင်ရချိန်တွင် ၎င်းရင်ထဲ၌ ခံစားရပြီး သုတ်ဆေးချက်ချင်းရှာကာ ကျောက်တိုင်ကို ပြန်လည်ဆေးသုတ်ခဲ့သည်။
၎င်းက တောင်ကုန်းထက်တွင်လည်း ကယ်ဆန်းပန်းမျိုးစေ့များ ကြဲခဲ့သည်။ အဆိုပါမျိုးစေ့များက နွေဦးတွင် အညှောင့်ပေါက်၍ နွေရာသီတွင် ပွင့်လန်းကြသောကြောင့် ပန်းများဖြင့် အာဇာနည်တို့ ရာသက်ပန် အိပ်စက်ရာတွင် အဖော်ပြုစေခဲ့ပေသည်။
၂၀၁၃ ခုနှစ်တွင် ဒေသန္တရအစိုးရက “တပ်နီကုန်း” တွင် ခိုင်ခံ့သည့် စကျင်ကျောက် အထိမ်းအမှတ် ကျောက်တိုင်အား တည်ဆောက်ပေးခဲ့သည်။ ထိုမှစ၍ စွန်းဖူကွေ့၏ဘဝတွင် မယိမ်းမယိုင် မပြောင်းလဲသော “လုပ်ငန်း” တစ်ခုတိုးလာခဲ့သည်။ ယင်းမှာ နံနက်တိုင်းနီးပါး ၎င်းသည် တောင်လမ်းတစ်လျှောက် တောင်ကုန်းပေါ်တက်ပြီး ဂူဗိမာန်ဥယျာဉ်အား သေချာသန့်ရှင်းရေးလုပ်ကာ ကျောက်တိုင်ထက်ရှိ မြူမှုန်များကို ဖယ်ရှားခြင်းပင်ဖြစ်သည်။
ထို့ပြင် ၎င်းက မိမိဆန္ဒအလျောက် “တပ်နီကုန်း” ရှင်းလင်းပြောကြားသူ အဖြစ် ဆောင်ရွက်ကာ လူငယ်များနှင့် ခရီးသွားဧည့်သည်များအတွက် ယခင်က စစ်ပွဲကာလအကြောင်းအရာများကို ရှင်းလင်းပြောကြားပေးသည်။
“စစ်သည်တွေက နိုင်ငံတော်ကို ကာကွယ်ပေးဖို့ အသက်တောင်ပေးဆပ်ခဲ့ရတာ။ ကျွန်တော်တို့ မေ့လို့မရဘူး” ဟု စွန်းဖူကွေ့က ဆိုသည်။ ၎င်း၏စကားများသည် ရိုးရှင်းသော်လည်း သံယောဇဉ်နက်ရှိုင်းလှသောကြောင့် လူများစွာက ထိုအကြောင်းအရာများမှတစ်ဆင့် အနစ်နာခံပေးဆပ်မှုနှင့် အောက်မေ့မှု၏ အနှစ်သာရကို နားလည်လာသည်။
တစ်နေ့ပြီး တစ်နေ့၊ တစ်နှစ်ပြီး တစ်နှစ် စွန်းဖူကွေ့သည် အရိုးစင်းဆုံးနည်းလမ်းဖြင့် အဆိုပါတောင်ကုန်းကို စောင့်ရှောက်နေသလို အနီရောင် အတိတ်အမှတ်တရများကိုလည်း ဤမြေပြင်ထက်တွင် ဆက်လက်ရှင်သန်စေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ အားရုံချီ လျို့ဟယ်မြို့နယ်၌ စွန်းဖူကွေ့ (အလယ်) က “တပ်နီကုန်း” တွင် “ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေး ညီညွတ်ရေးတပ်လမ်းအား ပြန်လည်သွားရောက်ခြင်း” လှုပ်ရှားမှုတွင် ပါဝင်သော ကျောင်းသား၊ ကျောင်းသူများကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေး ညီညွတ်ရေးတပ်၏ အကြောင်းအရာများအား မိတ်ဆက်ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
新华全媒+|孙福贵:“红军岗”上东北抗联烈士英魂的守望者
新华社照片,呼伦贝尔(内蒙古),2025年8月24日
在内蒙古呼伦贝尔市阿荣旗六合镇,有一座不起眼的小山包,当地村民却赋予它一个滚烫的名字——“红军岗”。
1940年,东北抗联第三路军在此与日伪军激战,多名战士为保护村民壮烈牺牲。当地群众冒险将5位烈士遗体安葬于此,并立碑纪念。从此,这座山岗成为英雄长眠之地,也成为一代代村民心中深刻的红色印记。
山脚下,59岁的孙福贵守着祖辈传下的家,也守着这座“红军岗”。自记事起,他便在这里玩耍长大,耳畔常回响着长辈们讲述的抗联故事:战士们如何夜宿村庄,如何向村民宣传抗日,群众又如何冒死保护受伤的战士……那些带着温度的过往,在他心里埋下了守护的种子。
如今,这颗种子已长成参天大树。2012年,在外居住的孙福贵回到六合镇,第一件事便是登上“红军岗”。看到旧纪念碑漆面斑驳,他心里很不是滋味,当即找来油漆将碑身重新粉刷;他还在山岗上播下格桑花种子,春日发芽、夏日绽放,让鲜花伴烈士长眠。
2013年,当地政府在“红军岗”修建了坚固的大理石纪念碑。自那之后,孙福贵的生活里多了一项雷打不动的“功课”:几乎每个清晨,他都会沿山路登上山岗,仔细清扫墓园,拂去碑上的浮尘。
他还自愿担任“红军岗”的讲解员,为年轻人和游客讲述那段烽火岁月。“战士们为了保家卫国把命都豁出去了,咱不能忘”,他话语朴实,却字字情深,让更多人在故事中读懂牺牲与铭记的意义。
日复一日,年复一年,孙福贵以最真挚的方式守护着这座山岗,也让红色记忆在这片土地上生生不息。
1、这是8月23日在内蒙古呼伦贝尔市阿荣旗六合镇拍摄的田野中的“红军岗”(无人机照片)。 新华社记者 马金瑞 摄
2、8月14日,内蒙古呼伦贝尔市阿荣旗六合镇,孙福贵(中)在“红军岗”上向参加“重走抗联路”活动的学生讲述东北抗联的事迹。新华社发(刘振科摄)