Connect with us

China

“ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်” အား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံများ၏ ပင်မမီဒီယာများတွင် ထုတ်လွှင့်ပြသ

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ရှီးချင်းခရိုင်ရှိ လူကူးခုံးကျော်တံတား တစ်ခုတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်း ထိပ်သီးအစည်းအဝေးအား ကြိုဆိုသည့် ကြေညာစာတန်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
မကြာမီ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ကျင်းပတော့မည့် အခါသမယတွင် China Media Group (CMG) မှ ထုတ်လုပ်သည့် သီးသန့်အကြောင်းအရာ မှတ်တမ်းရုပ်ရှင် “ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်” (The Heritage Guardian) အား SCO နိုင်ငံများ၏ ပင်မမီဒီယာများ၌ ထုတ်လွှင့်ပြသခြင်း အခမ်းအနားကို ဩဂုတ် ၂၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov ၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့၍ အစီအစဉ် ထုတ်လွှင့်ပြသမှုအား လှိုက်လှဲစွာဂုဏ်ပြုခဲ့သည်။ ထိုနေ့မှစ၍ အစီအစဉ်အား ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ် စသည့် SCO နိုင်ငံများ၏ ပင်မမီဒီယာများတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
“ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုသံယောဇဉ်” တွင် သမ္မတ ရှီကျင့်ဖိန်က ယဉ်ကျေးမှုလက်ဆင့်ကမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဂရုပြုသည့် သက်ဝင်လှုပ်ရှားသော အကြောင်းအရာများကို အသေးစိတ် ရွေးချယ်ထားရာ နိုင်ငံတကာပရိသတ်ထံသို့ ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုအတွေးအခေါ် အနှစ်သာရ အကြောင်းအရာနှင့် သမ္မတ ရှီကျင့်ဖိန် နိုင်ငံရေးရာ စီမံခန့်ခွဲမှု အယူအဆ၏ နက်ရှိုင်းသော ယဥ်ကျေးမှုအခြေခံကို တင်ဆက်ဖော်ပြသွားမည်ဖြစ်ရာ “ယဉ်ကျေးမှု တိုးတက်လျှင် နိုင်ငံတော် တိုးတက်ပြီး ယဉ်ကျေးမှု အင်အားတောင့်တင်းလျှင် အမျိုးသားရေး အင်အားတောင့်တင်းသည်” ဟူသော တန်ဖိုးအမြင်အား သက်ဝင်လှုပ်ရှားစွာ ရှင်းလင်းဖော်ပြထားသည်။
အစီအစဉ်တွင် ရှီကျင့်ဖိန် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် သို့မဟုတ် သွားရောက် လေ့လာဖူးသည့် ဒေသများသို့ လက်တွေ့သွားရောက်၍ ၎င်းနှင့်အတူ လုပ်ကိုင်ခဲ့ဖူးသည့်ပုဂ္ဂိုလ်များအား ထဲထဲဝင်ဝင် တွေ့ဆုံမေးမြန်းပြီး သက်ဝင်လှုပ်ရှားမှုရှိသော ကိစ္စရပ်များကို ရွေးချယ်ကာ ခေတ်သစ်တရုတ်နိုင်ငံက ယဉ်ကျေးမှု အရင်းအမြစ် စူးစမ်းရှာဖွေခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်အား ကာကွယ်ခြင်း စသည့်ကဏ္ဍများတွင် လက်တွေ့ဖော်ဆောင် ကြိုးပမ်းမှုများကို ရုပ်လုံးကြွကြွ တင်ဆက်ထားသည်။ ယင်းသည် တရုတ်ယဉ်ကျေးမှု၏ အချိန်ကာလကြာရှည်သော သမိုင်းအနှစ်သာရ၊ နက်ရှိုင်းကျယ်ပြန့်သည့် အနှစ်သာရ ထူးခြားချက်နှင့် အားလုံးပါဝင်မှုနိုင်သည့် တံခါးဖွင့်လှစ်မှုရှိသော သဘောထားကို ထင်ဟပ်စေပေသည်။
အခမ်းအနားတွင် China Media Group (CMG) ၏ ကောင်းမွန်သော အစီအစဉ်များ ထုတ်လွှင့်မှုလည်း တစ်ပြိုင်နက်တည်း စတင်ခဲ့သည်။ “တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုလမ်း” ၊ “တရုတ်နိုင်ငံတွင် ကြိုးပမ်းမှု” ၊ “အစိမ်းရောင်ချိတ်ဆက်မှု – တရုတ်နိုင်ငံ အတွေ့အကြုံဖြင့် ဗဟိုအာရှ ရှင်သန်မှုစွမ်းအား မြှင့်တင်ခြင်း” ၊ “ဉာဏ်ရည်ဖြင့် အနာဂတ်ဖန်တီးမှု – တရုတ်နိုင်ငံ၏ စွမ်းအင်သစ် လုပ်ငန်းကွင်းဆက်တစ်ခုလုံး လျှို့ဝှက်ချက်အား စူးစမ်းလေ့လာမှု” ၊ “တရုတ်သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု” ၊ “မင်္ဂလာပါ စက်ရုပ်” ၊ “ဝေဟင်ထက်က တရုတ်ပြည် – ရှီးဇန့်” ၊ “ရှုခင်း – ရှင်းကျန်း” စသည့် CMG ၏ ကောင်းမွန်သော အစီအစဉ်ပေါင်း ၂၀ ကျော်ကို SCO နိုင်ငံများ၏ ပင်မမီဒီယာ ၃၀ ကျော်တွင် ဆက်တိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ရာ SCO နိုင်ငံမှ ကြည့်ရှုသူပရိသတ်များအနေဖြင့် တောတောင်ရေမြေချင်းဆက်စပ်သော၊ သဟဇာတဖြစ်၍ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်သော “SCO သံယောဇဉ်” အား ခံစားရမည်ဖြစ်သည်။ (Xinhua)

——————–
(Chinese Version)
《习近平的文化情缘》在上合组织国家主流媒体播出
新华社北京8月25日电 在2025年上海合作组织峰会即将召开之际,由中央广播电视总台制作的专题片《习近平的文化情缘》在上海合作组织国家主流媒体启播活动8月25日在北京举行。吉尔吉斯斯坦总统扎帕罗夫、巴基斯坦总理夏巴兹致贺信,对节目播出表示热烈祝贺。即日起,节目在俄罗斯、哈萨克斯坦、吉尔吉斯斯坦、巴基斯坦、伊朗、白俄罗斯等上合组织国家主流媒体落地播出。
《习近平的文化情缘》精心选取习近平主席心系文化传承与发展的生动故事,向国际受众阐释习近平文化思想的精髓要义和习主席治国理政理念的深厚文化根基,生动诠释“文化兴国运兴,文化强民族强”的价值理念。节目通过实地走访习近平工作或调研过的地方,深入采访与他共事过的人,撷取生动鲜活的事例,立体呈现新时代中国在文明探源、文化遗产保护等方面的实践努力,彰显中华文化源远流长的历史底蕴、博大精深的内涵特质与兼收并蓄的开放胸怀。
活动现场,中央广播电视总台精品节目展播同步启动。《中国式现代化之路》《奋斗在中国》《绿色纽带:中国经验提升中亚新活力》《智造未来:探秘中国新能源全产业链》《中国科技创新盛典》《你好,机器人!》《航拍中国·西藏篇》《风物·新疆篇》等20多部总台精品节目将在上合组织国家30多家主流媒体陆续播出,让上合组织国家观众共同感受山水相邻、和合共生的“上合情缘”。(完)
图说:天津市西青区一处过街天桥上的迎接上合组织天津峰会宣传标语(8月5日拍摄)。新华社记者 李然 摄