China
ရှီကျင့်ဖိန် ဇနီးမောင်နှံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni ၊ မယ်တော် Norodom Monineath Sihanouk တွေ့ဆုံ

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni ၊ မယ်တော် Norodom Monineath Sihanouk တို့နှင့် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ကျုံးနန်ဟိုင်၌ ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ဘုရင် Norodom Sihamoni နှင့် မယ်တော် Norodom Monineath Sihanouk တို့ တရုတ်နိုင်ငံသို့ ခရီးစဉ် ထပ်မံလာရောက်မှုကို လှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုအား ဘုရင် Norodom Sihamoni တက်ရောက်ခြင်းကို ကြိုဆိုခဲ့သည်။
ရှီကျင့်ဖိန်က ယခုနှစ်သည် ဧပြီတွင် မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအား နိုင်ငံတော်ခရီးစဉ်သွားရောက်ခဲ့ရာ အဆွေတော် ဘုရင်မင်းမြတ်နှင့် ကမ္ဘောဒီးယားပြည်သူများ၏ လှိုက်လှဲချစ်ကြည်ရင်းနှီးစွာ ကြိုဆိုဧည့်ခံခြင်း ခံခဲ့ရရာ ယနေ့တိုင် ပြန်လည်အမှတ်ရမိလျှင် လွန်စွာနွေးထွေးသည်ဟု ခံစားရကြောင်း၊ တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့ပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွားသည့် သံမဏိပမာ ခိုင်မြဲသောချစ်ကြည်ရေးသံယောဇဉ်ဖွဲ့ခဲ့ရာ နှစ်နိုင်ငံပြည်သူများ၏ အဖိုးတန်ရတနာများ ဖြစ်လာခဲ့ခြင်းကြောင့် နှစ်ဖက်အနေဖြင့် ဆတိုး တန်ဖိုးထားထိုက်ကြောင်း ပြောကြားခဲ့သည်။
ပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေတွင် တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံက ပိုမိုခိုင်မာစွာ အတူတကွရပ်တည်၍ အစဉ်အလာ ချစ်ကြည်ရေးကို ရှေ့ဆက်ကာ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား အရှိန်မြှင့်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ သယ်ဆောင်လာပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားပြည်သူများက မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်း၍ နိုင်ငံရေရှည်တည်ငြိမ်အေးချမ်းမှုအား ဖော်ဆောင်ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ခိုင်မာစွာ ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘုရင် Norodom Sihamoni နှင့် မယ်တော် Norodom Monineath Sihanouk တို့က တရုတ်နိုင်ငံသို့ ထပ်မံလာရောက်၍ ဖိတ်ကြားချက်အရ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား တက်ရောက်ရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ တရုတ်ပြည်သူများက ကမ္ဘာ့ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းမှုအတွက် ကြီးမားသည့် အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်ခဲ့ရာ ရာသက်ပန် အမှတ်ရထိုက်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်သည် ဧပြီလတွင် ကမ္ဘောဒီးယားနိုင်ငံသို့ သမိုင်းဝင် နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ရာ နှစ်ဖက်က ချစ်ကြည်ရေးအကြောင်း အပြည့်အဝ ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်မှုအကြောင်း အတူတကွ ညှိနှိုင်းခဲ့ရာ အရေးကြီးရလဒ်များလည်း ရရှိခဲ့ကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် ကမ္ဘောဒီးယား-တရုတ်ဆက်ဆံရေးအား မဟာဗျူဟာရှုထောင့်မှ အမြဲတစေ ရှုမြင်ကြောင်း၊ ကမ္ဘောဒီးယား-တရုတ် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးကို တိုးတက်ပြန့်ပွားလာအောင် လုပ်ဆောင်၍ ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းအား အတူတကွ တည်ဆောက်သွားလိုကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အထက်ပါတွေ့ဆုံမှုတွင် ဝမ်ရိ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
习近平夫妇会见柬埔寨国王西哈莫尼和太后莫尼列
新华社北京8月26日电 8月26日上午,国家主席习近平和夫人彭丽媛在中南海亲切会见柬埔寨国王西哈莫尼和太后莫尼列。
习近平热烈欢迎西哈莫尼国王和莫尼列太后再次来华,也欢迎西哈莫尼国王出席中国人民抗日战争暨世界反法西斯战争胜利80周年纪念活动。习近平表示,今年4月我对柬埔寨进行国事访问,受到国王陛下和柬埔寨人民热情友好接待,至今想起都感到十分亲切。中柬关系历经国际风云考验,结成风雨同舟的铁杆友谊,成为两国人民的宝贵财富,值得双方倍加珍惜。面对变乱交织的国际形势,中柬两国要更加坚定地站在一起,赓续传统友谊,加强团结协作,加快建设新时代全天候中柬命运共同体,为两国人民带来更多福祉。中方坚定支持柬埔寨人民走符合本国国情的发展道路,实现国家长治久安。
西哈莫尼和莫尼列表示,很高兴再次来华并应邀出席中国人民抗日战争暨世界反法西斯战争胜利80周年纪念活动,中国人民为维护世界和平作出重大贡献,值得永远铭记。习近平主席4月对柬埔寨进行历史性国事访问,双方畅叙友谊、共商合作,取得重要成果。柬方始终从战略高度看待柬中关系,愿将柬中传统友好关系发扬光大,共同构建新时代全天候柬中命运共同体。
王毅参加会见。(完)
图说:8月26日上午,国家主席习近平和夫人彭丽媛在北京中南海亲切会见柬埔寨国王西哈莫尼和太后莫尼列。 新华社记者 黄敬文 摄