Connect with us

China

ပါကစ္စတန်လူငယ်က တရုတ်-ပါကစ္စတန် ဆေးပညာကူးလူးဖလှယ်မှု တွန်းအားပေးရန်အတွက် လူငယ်အင်အားဖြင့် အကျိုးထမ်းဆောင်ပေး

တရုတ်နိုင်ငံ ချုံချင့်မြို့၌ Muhammad Shahbaz (ဝဲဘက်) နှင့် လုပ်ဖော်ကိုင်ဖက်က ဓာတ်ရောင်ခြည်ဖြင့် တိကျစွာ ကုသမှု နည်းပညာအကြောင်း ဆွေးနွေးနေသည်ကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့ အဆင့်မြင့်နည်းပညာသစ်ဖော်ဆောင်ရေးဇုန် ဒစ်ဂျစ်တယ်ဆေးကုသရေး စက်မှုဥယျာဉ်အတွင်းရှိ ကျယ်ဝန်းသောရုံးခန်းအတွင်း၌ Muhammad Shahbaz သည် စားပွဲရှေ့တွင် ထိုင်ကာ တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာစကားအား ကျွမ်းကျင်စွာ ပြောင်းလဲအသုံးပြုပြီး အွန်လိုင်းတစ်ဖက်ရှိ ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးလျက်ရှိသည်။

ယခုနှစ်တွင် အသက် ၃၇ နှစ် ရှိပြီဖြစ်သည့် Muhammad Shahbaz သည် ပါကစ္စတန်နိုင်ငံ Sargodha မြို့မှဖြစ်သည်။ လက်ရှိတွင် FDS စုပေါင်းအုပ်စု နျူထရွန်သိပ္ပံ သုတေသနဌာန (ချုံချင့်) တွင် တိကျစွာ ဓာတ်ရောင်ခြည်ဖြင့်ကုသမှု နည်းပညာအား ဆေးပညာရပ်ဆိုင်ရာ သုတေသနပြုမှုနှင့် မိတ်ဆက်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အကြိတ်များအပေါ် ဓာတ်ရောင်ခြည်ဖြင့်ကုသမှုနည်းပညာ၏ လက်တွေ့ကုသမှု၌ အသုံးပြုမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် အဓိကထား လုပ်ဆောင်လျက်ရှိသည်။
၂၀၀၆ ခုနှစ်တွင် Muhammad Shahbaz သည် ပါကစ္စတန်မှ တရုတ်နိုင်ငံသို့လာရောက်၍ ဆေးပညာသင်ယူခဲ့ကာ ယနေ့တိုင် တရုတ်နိုင်ငံ၌ နှစ်ပေါင်း ၂၀ နီးပါးနေထိုင်ခဲ့ပြီးဖြစ်သည်။ “ချုံချင့်မှာ ဓာတ်ရောင်ခြည်နဲ့ တိကျစွာ ကုသမှု ရှေ့ပြေးနည်းပညာရှိတဲ့အပြင် ဘက်စုံထောင့်စုံတဲ့ လူရည်ချွန် ဂေဟစနစ်ကြောင့်လည်း ခိုနားရာရတဲ့ခံစားချက်မျိုး ကျွန်တော် ရှာတွေ့ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ ချုံချင့်နှင့် ပတ်သက်သည့် ခံစားချက်ကို ဆိုရာတွင် Muhammad Shahbaz က မသိစိတ်ကပင် ပြုံးနေမိသည်။

တရုတ်နိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်သည့်ကာလအတွင်း Muhammad Shahbaz သည် ပလက်ဖောင်း တည်ဆောက်၍ ပါကစ္စတန်ကျောင်းသား၊ ကျောင်းသူများ တရုတ်နိုင်ငံသို့ လာရောက် ပညာတော်သင်ရန် ကူညီပေးခဲ့သည်။ တစ်ချိန်တည်းတွင် တရုတ်ကျွမ်းကျင်ပညာရှင်များ ပါကစ္စတန်သို့ သွားရောက်လမ်းညွှန်ပေးရန် ဖိတ်ခေါ်၍ တရုတ်-ပါကစ္စတန်က ဆေးပညာသင်ကြားရေး၊ သိပ္ပံသုတေသနနှင့် ဒစ်ဂျစ်တယ် ဆေးကုသရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဖြင့် လူငယ်အင်အားများ အကျိုးထမ်းဆောင်းပေးရန် တွန်းအားပေးလျက်ရှိသဖြင့် တရုတ်နိုင်ငံ ဆန်းသစ်တီထွင်သောရလဒ်များဖြင့် “သံမဏိပမာ ခိုင်မြဲစွာ ချစ်ကြည်ရင်းနှီးသည့် ပါကစ္စတန်” ပြည်သူများကို ပိုမိုများပြားစွာ အကျိုးပြုလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ နန်အန့်ခရိုင် ရှဟောက်လမ်းသွယ်၌ Muhammad Shahbaz (လက်ယာ ဒုတိယ) နှင့် ပါကစ္စတန် ပညာတော်သင်ကျောင်းသားများ ဆွေးနွေးဖလှယ်နေသည်ကို ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့၌ ဓာတ်ခွဲခန်းအတွင်း Muhammad Shahbaz (ဝဲဘက်) နှင့် လုပ်ဖော်ကိုင်ဖက်က အတူလက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေသည်ကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
沙巴兹:为推动中巴医学交流贡献青年力量
新华社照片,重庆,2025年8月2日
在重庆高新区数字医疗产业园宽敞明亮的办公室内,沙巴兹端坐在办公桌前,流畅切换着中英文与网络另一端的客户和同事交流。
今年37岁的穆罕默德·沙巴兹来自巴基斯坦萨戈达,目前在凤麟核集团中子科学(重庆)研究院从事精准放射治疗技术的医学研究与推广工作,主要聚焦肿瘤放射治疗技术的临床应用与国际合作。
2006年,沙巴兹从巴基斯坦来到中国学医,至今已在中国生活了近20年。“重庆不仅拥有前沿的精准放射治疗技术,而且全方位的人才生态也让我找到了归属感。”谈及对重庆的感受,沙巴兹嘴角不自觉上扬。在中国工作期间,沙巴兹搭建平台帮助巴基斯坦学生来华求学,同时也邀请中国专家到巴基斯坦进行指导,为推动中巴在医学教育、科研及数字医疗等领域合作贡献着青年力量,让中国创新成果更多地惠及“巴铁”人民。
图说1:7月29日,沙巴兹(左)与同事讨论精准放射治疗技术。 新华社记者 黄伟 摄
图说2:7月30日,在重庆市南岸区下浩里,沙巴兹(右二)与巴基斯坦留学生交流。新华社记者 黄伟 摄
图说3:7月29日,沙巴兹(右)与同事在实验室做实验。新华社记者 黄伟 摄