Connect with us

China

တရုတ်နိုင်ငံ ထျန်းကျင်းတွင် အရောင်အသွေးစုံလင်သော ညရှုခင်းဖြင့် ဟိုင်ဟယ်မြစ်ကို ထွန်းလင်းစေ

တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ဟိုင်ဟယ်မြစ် ညရှုခင်းကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
ညမှောင်ရီပျိုးစတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဟိုင်ဟယ်မြစ်ကမ်းနှစ်ဖက်ရှိ ညရှုခင်း မီးအလင်းရောင် ဆက်တိုက်ထွန်းလင်းလာခဲ့သည်။ ခေတ်မီမြင့်မားသောတိုက်တာအဆောက်အဦများက မီးအလင်းရောင်တစ်ဖိတ်ဖိတ်ဖြင့် တောက်ပနေပြီး ဟိုင်ဟယ်မြစ်အတွင်း၌ အပျော်စီးသင်္ဘောများ စဉ်ဆက်မပြတ် ဖြတ်သန်းသွားလာနေကြသည်။ တံတားမီးတန်းများ၏ အရောင်ထင်ဟပ်မှုကြောင့် ရေပြင်ပေါ်တွင် အရောင်အသွေးစုံလင်သော အရိပ်များ ပေါ်ထွက်လာပြီး ထျန်းကျင်းမြို့၏ တောက်ပသော ညရှုခင်းမြင်ကွင်းကို အတူတကွ ဖန်တီးလျက်ရှိသည်။

ယခုနှစ်အတွင်း ထျန်းကျင်းမြို့သည် ဟိုင်ဟယ်မြစ် “ဝင်ရိုးတစ်ခု” ဗဟိုရပ်ဝန်းကို အာရုံစိုက်၍ လမ်းကြောင်းတစ်လျှောက်ရှိ အဆောက်အအုံ၊ တံတား၊ ကမ်းရိုးတန်းနှင့် ဆိပ်ကမ်း စသည့် ရှုခင်းသာများကို အားထားကာ အဆောက်အအုံ ၂၁၆ ခု၊ တံတား ၁၃ ခု၊ ကမ်းရိုးတန်းလမ်းကြောင်း ၈.၂ ကီလိုမီတာနှင့် ဆိပ်ကမ်း ၇ ခု၏ မီးအလင်းရောင်ပတ်ဝန်းကျင်ကို ဘက်စုံမြှင့်တင်မှုများ လုပ်ဆောင်ခဲ့သည်။

အသေးစိတ်ဒီဇိုင်းရေးဆွဲ စီစဉ်ထားသော မီးအလင်းရောင်လှုပ်ရှားမှုများဖြင့် “ရွှေရောင်ဟိုင်ဟယ်မြစ် ကာလကြာရှည်စွာ စီးဆင်းနေ” ဟူသည့် ကြီးမားသောအကြောင်းအရာကို ချိတ်ဆက်ဖန်တီးလိုက်ပြီး မြို့ပြဆွဲဆောင်မှုကို ပေါ်လွင်စေသည့် ရေအသွင် ညရှုခင်းပန်းချီကားရှည်တစ်ချပ်ကို ရေးဆွဲကာ ညအချိန်စီးပွားရေးကဏ္ဍကို လှုံ့ဆော်ပေးသည့် တက်ကြွမှုရှိသောစင်္ကြံ ဖြစ်လာပေသည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းဘူတာအနောက်ဘက် ရင်ပြင်မှ ထျန်းကျင်းမြို့ ဟိုင်ဟယ်မြစ်ကမ်း တစ်လျှောက် အဆောက်အဦမီးအလင်းရောင်များကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ကျင်းဝမ်းပလာဇာ ကမ်းရိုးတန်းတစ်လျှောက် ဟိုင်ဟယ်မြစ် ညရှုခင်းနှင့် အဆောက်အဦမီးအလင်းရောင်များကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
新华全媒+·飞阅中国|津彩夜空 光耀海河
新华社照片,天津,2025年8月3日
华灯初上,海河两岸的夜景灯光渐次点亮。现代高楼流光溢彩,海河游船穿梭不息,桥梁灯带映射水面形成五彩斑斓的倒影,共同绘就津城靓丽的夜色风景线。
今年以来,天津聚焦海河“一轴”核心地带,依托沿线的建筑、桥梁、岸线及码头等景观,对216栋建筑、13座桥梁、8.2公里岸线以及7座码头的光环境实施全面提升。通过精心设计的动态灯光,串联成“金色海河、流光岁月”的宏大主题,勾勒出一幅彰显城市魅力的水系夜景长卷,成为激活夜间经济的活力走廊。
图说1:这是8月1日拍摄的天津海河夜景(无人机照片)。新华社记者 孙凡越 摄
图说2:这是8月1日在天津站后广场拍摄的天津海河沿岸楼体灯光(无人机照片)。新华社记者 孙凡越 摄
图说3:这是8月1日拍摄的天津津湾广场沿岸海河夜景和楼体灯光(无人机照片)。新华社记者 孙凡越 摄