China
ကီလိုမီတာ ၄,၀၀၀ ကျော်ကို ကျော်ဖြတ်သည့် “အနီရောင်အိပ်မက်” ရှာပုံတော်

ဝူးလူမုချီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
နွေရာသီနံနက်ခင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်ရှိ ကျောက်အုတ်ခဲများက ညပိုင်း မြူနှင်း၏ အေးမြမှုများ ရှိနေသေးသည်။
မိန်းကလေး ဖာ့ထီမန့်ဟန်ဖိုင်ရစ်ဟိုင်ထီက ခြေဖျားထောက်ကာ လူအုပ်ကြီးအထပ်ထပ်ကို ကျော်ဖြတ်၍ တစ်လူလူလွင့်တက်နေသော ကြယ်ငါးပွင့် အနီရောင်အလံကို လိုက်ကြည့်နေသည်။ စိတ်လှုပ်ရှားမှုကြောင့် ပါးပြင်ထက်တွင် မျက်ရည်များအတိနှင့်ပင်။ ယင်းသည် ဖတ်စာအုပ်များတွင် ဖော်ပြထားသော တည်ကြည်လေးနက်သည့် မြင်ကွင်းကို ၎င်းဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်တွေ့မြင်ရခြင်းပင်ဖြစ်သည်။
အသက် ၁၀ နှစ်အရွယ်ရှိသည့် ဖာ့ထီမန့်ဟန်ဖိုင်ရစ်ဟိုင်ထီ က တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဟယ်ထျန်ဒေသခွဲ ချဲ့လဲ့ခရိုင် ချဲ့လဲ့မြို့နယ် ဗဟိုမူလတန်းကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်သည်။ ၎င်းသည် တစ်ကျောင်းလုံး ကျောင်းသား၊ ကျောင်းသူပေါင်း ၆၀၀ ကျော်အနက်မှ ထူးချွန်စွာဖြင့် State Grid ရှင်းကျန်းလျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီမှ ကျင်းပသော “သလဲသီးနီ” ယဉ်ကျေးမှု ရှင်းကျင်း နွေရာသီစခန်းတွင် ပါဝင်ရန် ရွေးချယ်ခြင်းခံခဲ့ရသည်။
ယခုအကြိမ် နွေရာသီစခန်းကာလမှာ ၁၁ ရက်ကြာမည်ဖြစ်ပြီး ပညာရေးနှင့် စာရိတ္တ ကောင်းမွန်ထူးချွန်သော ရှင်းကျန်းလူငယ်ပေါင်း ၃၂ ဦးသည် တောတောင်များကိုကျော်ဖြတ်၍ လေ့လာသင်ကြားရေးခရီးကို စတင်ခဲ့သည်။
တက်ကလာမာကန် သဲကန္တာရနံဘေးရှိ ခရိုင်မြို့လေးမှ ထျန်းအန်းမန်ရင်ပြင်အထိသည် ဖာ့ထီမန့်ဟန်ဖိုင်ရစ်ဟိုင်ထီ၏ဘဝတွင် ပထမဆုံးခရီးဝေး သွားရောက်ခြင်းဖြစ်သည်။ ဇူလိုင် ၂၆ ရက် နံနက်အစောပိုင်း ဝေလီဝေလင်းချိန်တွင် ၎င်းသည် ခရီးဆောင်အိတ်လေးပြင်ကာ အခြားသူငယ်ချင်းများနှင့် သွားရောက်လူစုခဲ့သည်။
၎င်းက မီးရထားပြတင်းပေါက်တွင် ကပ်လျက်ထိုင်ရင်း ဝူးလူမုချီမြို့ဆီသို့ ကွေ့ကောက်စွာ မောင်းနှင်သွားသော “သံမဏိနဂါးကြီး” ပမာ ရထားကြီးတွင် စီးနင်းလိုက်ပါခဲ့သည်။ လေယာဉ်က တိမ်ပင်လယ်များအကြား ထိုးဖောက်ဝင်ရောက်သွားချိန်တွင် ၎င်းက ဖတ်စာအုပ်အတွင်း သင်ကြားခဲ့ဖူးသော ထျန်းအန်းမန်ရင်ပြင်အကြောင်း စတင်စိတ်ကူးယဉ်လာခဲ့သည်။
ကီလိုမီတာပေါင်း ၄,၀၀၀ ကျော်ခရီးနှင်ပြီးချိန်တွင် ဖာ့ထီမန့်ဟန်ဖိုင်ရစ်ဟိုင်ထီနှင့် သူငယ်ချင်းများက ထျန်းအန်းမန်ရင်ပြင်ရှိ နိုင်ငံတော်အလံရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ နိုင်ငံတော်သီချင်း တီးမှုတ်သံပေါ်ထွက်လာသည့် တဒင်္ဂတွင် ပဖာ့ထီမန့်ဟန်ဖိုင်ရစ်ဟိုင်ထီက ယာဘက်လက်မြောက်၍ တည်ကြည်လေးနက်စွာ အလေးပြုခဲ့သည်။
ကြယ်ငါးပွင့် အလံနီက အလံတိုင်ထိပ်ဖျားသို့ တလူလူလွင့်တက်သွားချိန်တွင် မိန်းကလေးငယ်၏မျက်ဝန်းတစ်စုံမှ မျက်ရည်များက တစ်ချိန်က သဲကန္တာရ သဲမုန်တိုင်းများ တိုက်ခတ်ခဲ့ဖူးသော ၎င်း၏ပါးပြင်ပေါ် စီးကျကာ အမိနိုင်ငံတော်အပေါ် လှိုက်လှဲသည့် ဖွင့်ဟထုတ်ဖော်ပြောဆိုချက်များအဖြစ် စုစည်းပြောင်းလဲသွားခဲ့ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမှ ပေကျင်းသို့ သွားရောက်သည့် လေယာဉ်ပေါ်တွင် ဖာ့ထီမန့်ဟန် ဖိုင်ရစ်ဟိုင်ထီ (ဝဲဘက်) အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ ပါးတာလျင် မဟာတံတိုင်းကြီးတွင် ခရီးသွားဧည့်သည်များနှင့် အပြန်အလှန် ပြောဆို၍ ရှင်းကျန်းဒေသသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားနေသော ဖာ့ထီမန့်ဟန် ဖိုင်ရစ်ဟိုင်ထီ (ယာဘက်) အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
图片故事丨四千公里寻梦“一抹红”
新华社照片,乌鲁木齐,2025年8月4日
盛夏的清晨,天安门广场的石砖还带着夜露的微凉。小姑娘帕提曼罕·排日海提踮起脚尖,目光穿过层层人群,追随着冉冉升起的五星红旗,激动的泪水淌过脸颊。这是她人生中第一次亲见课本里描述的庄严场景。
10岁的帕提曼罕是新疆和田地区策勒县策勒镇中心小学学生,她从全校600多名学生中脱颖而出,被选中参加国网新疆电力“红石榴”文化润疆夏令营。此次夏令营为期11天,32名品学兼优的新疆少年跨越山河,开启研学之旅。
从塔克拉玛干沙漠旁的小县城到天安门广场,这是帕提曼罕人生第一次远行。7月26日一早,天刚蒙蒙亮,她就收拾行李与其他小朋友会合。她紧贴火车窗玻璃,乘坐着“钢铁巨龙”蜿蜒驶向乌鲁木齐;当飞机穿越云海,她开始想象课本里讲过的天安门广场。经过4000多公里的跋涉,帕提曼罕和小伙伴们终于站在了天安门广场的国旗前。
国歌奏响的刹那,帕提曼罕举起右手庄严敬礼。当五星红旗升至旗杆顶端时,少女眼中的泪水滑过她曾被戈壁风沙亲吻的脸,凝成对祖国的炽热告白。
图说1:7月23日,在新疆和田策勒县渠勒村,帕提曼罕·排日海提的妈妈教她编辫子。妈妈一边教,一边念叨:“要去北京啦,得把自己收拾得漂漂亮亮的。” 新华社记者 郭燕 摄
图说2:7月26日,帕提曼罕·排日海提(左)在乌鲁木齐至北京的航班上。新华社发(张利民 摄)
图说3:7月28日,在北京八达岭长城,帕提曼罕·排日海提(右)和游客互动,邀请大家去新疆旅游。新华社发(张利民 摄)