Connect with us

China

သဲကန္တာရမြို့လေး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာ

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် လိန်ဟူမြို့နယ်လေးရှိ ဟေးတူတောင်၌ လာရောက်လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးနင်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ချင်းဟိုင်-ရှီးဇန့်ကုန်းပြင်မြင့် ချိုင်တာမုချိုင့်ဝှမ်း အနောက်မြောက်ဘက်အစွန်းရှိ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ရှီး မွန်ဂိုလူမျိုး ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်ရာမြို့ လိန်ဟူမြို့နယ်လေးသည် တစ်ချိန်က ရေနံကြောင့် တိုးတက်ခဲ့ပြီး ရေနံကုန်ခမ်းမှုကြောင့် စက်မှုလုပ်ငန်းများ ကျန်ရှိရာရာမြို့နယ်လေးဖြစ်လာခဲ့သည်။ ကီလိုမီတာ ၈၀၀ ကျော် ကျယ်ပြောသည့် သဲကန္တာရတွင် တည်ရှိသော လိန်ဟူမြို့နယ်လေးသည် ကမ္ဘာကြီးနှင့် အဆက်ပြတ်နေသည့်အလားပင်။

သို့သော်လည်း တစ်မူထူးခြားသည့် ပထဝီတည်နေရာ အနေအထားကြောင့် လိန်ဟူမြို့နယ်လေးသည် ကြယ်တာရာရှုစားရာ နေရာကောင်းဖြစ်လာခဲ့သည်။ လတ်တလောနှစ်ပိုင်းတွင် ဒေသတွင်း၌ သိပ္ပံစိတ်ကူးယဉ် ထူးခြားချက်ပါဝင်သည့် ယဉ်ကျေးမှုခရီးသွားလာမှုများ ဖော်ဆောင်ခဲ့ရာ သဲကန္တာရမြို့နယ်လေးက သက်ဝင်လှုပ်ရှားမှုများဖြင့် သစ်လွင်လျက်ရှိပေသည်။

လက်ရှိတွင် လိန်ဟူနက္ခတ္တဗေဒ စောင့်ကြည့်တိုင်းတာရေး အခြေစိုက်စခန်းသည် သိပ္ပံသုတေသနဌာနပေါင်း ၁၂ ခုမှ စုစုပေါင်း တယ်လီစကုတ်မှန်ပြောင်း ၄၅ လုံး တင်သွင်းထားပြီးဖြစ်သည်။ အကြီးစား နက္ခတ္တဗေဒ တယ်လီစကုတ်များကို ဆိုက်ရှန်ထန်တောင်ထက်၌ တည်ဆောက်ပြီးစီးလာချိန်တွင် စကြဝဠာကြီးအား မျက်လုံးကြီးဖြင့် မော့ကြည့်နေသည့်အလားပင်။
နက္ခတ္တဗေဒ အရင်းအမြစ်နှင့် သဲကန္တာရအံ့ဖွယ်ရှုခင်းများကြောင့် လိန်ဟူမြို့နယ်လေးသည် အင်္ဂါဂြိုဟ်စမ်းသပ်ခန်း၊ ဟေးတူတာင် စသည့် “လူသိများ” သည့် အထင်ကရနေရာများ ဖန်တီးတည်ဆောက်ခဲ့သည်။ အကြိမ်များစွာ ဆက်တိုက်ကျင်းပခဲ့သည့် “လိန်ဟူ သိပ္ပံစိတ်ကူးယဉ် စာပေဆု” ကလည်း အဆိုပါဒေသကို သိပ္ပံစိတ်ကူးယဉ်စာပေများ ဖန်တီးရာ ကုန်းမြင့်အသစ် ဖြစ်လာစေခဲ့သည်။

ရေနံအပျက်စီးများနေရာမှ ကြယ်တာရာအိပ်မက်နေရာအထိ၊ ကျယ်ပြောလှသည့် ကြယ်တာရာများအောက်တွင် လိန်ဟူမြို့နယ်လေးသည် သိပ္ပံစိတ်ကူးယဉ်မှုဖြင့် ယဉ်ကျေးမှု ခရီးသွားလာမှု နေရာသစ်များ ဖန်တီးခဲ့သလို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စက်မှုမြို့လေး အသွင်ပြောင်းမှုအတွက် စိတ်ကူးယဉ်မှုများဖြင့် ပြည့်နှက်နေသော လမ်းကြောင်းအသစ်တစ်လမ်းကို စူးစမ်းရှာဖွေ ဖော်ဆောင်ပေးလိုက်သည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် လိန်ဟူမြို့နယ်လေးရှိ လိန်ဟူစမ်းသပ်ခန်းကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
宝藏之城|戈壁小镇新生记
新华社照片,西宁,2025年8月6日
位于青藏高原柴达木盆地西北边缘的青海省海西蒙古族藏族自治州茫崖市冷湖镇,曾是因石油而兴、又因油尽而沉寂的工业遗址小镇。八百里瀚海戈壁,冷湖镇似乎与世隔绝。然而,得天独厚的地理条件,让冷湖镇成为理想的观星地,近年来,当地发展科幻特色文旅,让戈壁小镇焕发新的生机。
目前,冷湖天文观测基地已累计引进12家科研单位45台望远镜。一台台大型天文望远镜在赛什腾山上建成,宛如巨眼仰望苍穹。依托天文资源和戈壁奇景,冷湖打造出火星实验室、黑独山等一批“出圈”地标。连续举办多届的“冷湖科幻文学奖”,更让这片土地成为科幻创作的新高地。
从石油废墟到星际梦境,荒漠星河之间,冷湖镇以科幻点亮文旅新场景,也为中国西北工业小镇的转型探索出一条充满想象力的新路径。
图说1:7月30日,游客在冷湖镇黑独山游玩(无人机照片)。 新华社记者 张龙 摄
图说2:这是7月29日在冷湖镇拍摄的冷湖实验室一角。新华社记者 齐芷玥 摄